Wednesday, 29 October 2008

Target

အလုပ် ထဲမှာ ဘာပဲ လုပ်လုပ် target ကို အာရုံ ထားဖို့ ပြောလာတယ်။ အမြတ် အစွန်း မကြည့်သော အဖွဲ့အစည်း ဆိုပေမဲ့လည်း အစိုးရ အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ် ရတာမို့ ဘာမှ အလကား မရပါဘူး။ ရတဲ့ ပိုက်ဆံက ကျောင်းသား ဘယ်နှစ်ယောက်အတွက်၊ အောင်လက်မှတ် ဘယ်နှစ်ခု အတွက်ဆိုပြီး target တွေ သတ်မှတ် ပေးပြီးသားပါ။

ကိုယ်က ကိုယ့် client ကျောင်းတက် ရဖို့နဲ့ အလုပ်ရဖို့ပဲ အာရုံ က ရှိတယ်။ ဆရာတွေ လည်း ဒီအတိုင်းပဲ။ စာသင်ဖို့ရယ်၊ ကျောင်းသားတွေ စာမေးပွဲ အောင်ဖို့ရယ်က အဓိကပေါ့။

target တွေ မပြည့်ရင် နားပူအောင် အပြောခံရတယ်။ စာတတန် ပေတတန်နဲ့ လည်း စာချခံရတယ်။ target မပြည့်ရင် ပိုက်ဆံတွေ မရဘဲ မင်းအလုပ်လည်း နောင်နှစ် ရှိတော့မှာ မဟုတ်ဘူး ဆိုပြီးလည်း ခြိမ်းခြောက် သေးတယ်။

အလုပ်ထဲက သူငယ်ချင်းတွေနဲ့ အမြဲ ပြောဖြစ်တာကတော့ ... target မရှိရင် သိပ်လွတ်လပ် မှာပဲလို့။

No comments:

Post a Comment

Thank you for your time.