အခုတလော credit crunch ကြောင့် online fraud တွေ ပိုများ လာတယ် ဆိုပဲ။ ကိုယ်လည်း မရှိမဲ့ ရှိမဲ့လေး ပါသွားမှာ စိုးလို့ သုံးနေကျ password ကို မြန်မြန်လေး ပြောင်းပစ် လိုက်တယ်။ ပြောင်းပြီး သုံးလေးရက် အကြာ ပြန်ဝင်တော့ ၀င်မရ တော့ဘူး။password တွေက အများ အားဖြင့် မှတ်မိ လွယ်တာတွေပဲ ထားတာ။ မဟုတ်ရင် မေ့တတ် လွန်းလို့။ တခါလည်း ကိုယ့် pin number မမှတ်မိလို့ ဈေးဆိုင်မှာ အရှက်ကွဲ ပြီးပြီ။ လုံခြုံ စိတ်ချရတဲ့ password ကို ပြောင်းလိုက်တာ ကိုယ်ဘာသာ ကိုယ်တောင် မမှတ်မိ တော့ဘူး ဆိုတော့ ဒီထက် လုံခြုံ စရာတော့ မရှိနိုင် တော့ဘူးပေါ့။ လေးငါးခါ ကြိုးစား လည်း ၀င်မရဘူး။ account ကို lock မလုပ် လိုက်တာတောင် တော်သေးတယ်။ တကယ်ကောင်းတဲ့ system တွေ ဆိုရင်တော့ သေချာပေါက် lock လုပ်မှာပေါ့။ တွေးရင်း ပိုပြီး တောင် ရင်ပူ လာတယ်။ ဒီလိုဆို သူခိုး တွေ လည်း အကြိမ်ပေါင်း များစွာ ကြိုးစား ရင် ၀င်လို့ ရနိုင်တာပေါ့။ နေ့စဉ် နေ့တိုင်း သုံးနေရတဲ့ password တွေဘယ်နှစ်ခု လောက် ရှိမလဲလို့ ရေကြည့် လိုက်တော့ ရှစ်ခု ရှိတယ်။ အဲ့ဒီ password တွေကလွဲရင် ကျန်တာတွေ အားလုံးကို ချရေး ထားရတယ်။ ဘဏ်စာရင်းက နေ့တိုင်း မသုံးတော့ အလွယ်တကူ မှတ်မိတဲ့ အထဲ မပါတော့ဘူး။ အားလုံး မမှတ်မိနိုင် လို့ ချရေးထား ပြန် တော့လည်း ဘယ်လိုလုပ် password ပီသ တော့မှာလဲနော်။
No comments:
Post a Comment
Thank you for your time.