Saturday, 20 December 2008

Mulled Wine & Mince Pies party

ပါတီက ညနေ၆နာရီ၊ ခရစ်စမတ်သီချင်းတွေ နားထောင်ရင်း မားလ်ဝိုင်၊ မင့်စ်ပိုင်များနဲ့ ဧည့်ခံပါမည်တဲ့။ ကိုယ်ကဧည့်မျှောင်။ ၆နာရီ၁၀မိနစ်မှာရောက်သွားတော့ တချို့ကအပြင်မှာ တချို့က စန္ဒယားနားမှာ သီချင်းဆိုနေကြတယ်။ ပြင်ထားတဲ့ စားပွဲတွေပေါ်မှာတော့ ၀ိုင်အဖြူ အနီနဲ့ အချိုရည်ပုလင်းတွေ အစီအရီအပြင် ဓါတ်ဘူးတွေနဲ့ မားလ်ဝိုင်ကို ထည့်ထားတယ်။ ပန်းကန်တွေထဲမှာတော့ အချိုမုန့် မင့်စ်ပိုင်တွေ အပြည့်ထည့်ထားတယ်။

ကလေးတွေကတော့ အချိုရည်စားပွဲမှာ ၀ိုင်းနေကြတယ်။ ကိုယ့်ကို ဘာသောက်မလဲမေးတော့ ခပ်တည်တည်နဲ့ ဓါတ်ဘူးထဲကဟာလို့ ပြောလိုက်တယ်။ အငွေ့လေးတွေ ထွက်နေအောင်ပူပြီး အနံ့လေးမွှေးကြိုင်တဲ့ မားလ်ဝိုင်တစ်ခွက် လက်ထဲရောက်လာတယ်။ အချိုမုန့်လေးနဲ့ အေးတဲ့ရာသီမှာ သောက်လို့ကောင်းသား။
www.britainonview.com ကဓါတ်ပုံပါ။
သီချင်းစာရွက်တွေလည်း လိုက်ဆိုချင်လျှင် ဆိုလို့ရအောင် ချထားပေးလို့ တစ်ခုယူပြီး အဆိုတော်တွေနား သွားမော့နေလိုက်တယ်။ တစ်ပုဒ်ပြီး တစ်ပုဒ်ဆိုကြတော့ ကိုယ်ရတာတွေလည်းလိုက်ဆို မရတာလည်း လိုက်ရွှီး သံယောင်လိုက်ပြီး ၈နာရီထိုးတော့ Jingle bells လေးညည်းပြီး အိမ်ပြန်လာတယ်။

ခရစ်စမတ်အခါသမယမှာ မင့်စ်ပိုင်နဲ့ ဧည့်ခံတာ ဗြိတိန်မှာ ၁၆ရာစုလောက်ထဲက လို့ပြောပါတယ်။ မင့်စ်ပိုင်ဆိုလို့ အသားတွေကြိတ်ပြီး မုန့်ထဲအစာသွတ် ထားတယ်ထင်တာ၊ နောက်မှ သစ်သီးခြောက်တွေမှန်းသိတယ်။ ခရစ်စမတ် ရာသီအချိန် အိမ်လည်သွားလျှင် မင့်စ်ပိုင်တွေ အီနေအောင် စားရတတ်ပါတယ်။ ဆိုင်တွေမှာလည်း ရာသီစာအနေနဲ့ တင်ရောင်းကြပါတယ်။ အိမ်မှာလုပ်စားကြည့်ချင်လျှင်တော့ ဒီမှာဖတ်ပါ။

ိ့မားလ်ဝိုင်ရော မင့်စ်ပိုင်ပါ စူပါမားကက်တွေမှာ အဆင်သင့်ဝယ်လို့ရပါတယ်။ ကိုယ်တိုင် လုပ်ကြည့်ချင်တယ် ဆိုလျှင်တော့ မားလ်ဝိုင်လုပ်နည်းကို ဒီမှာဖတ်ပါ။

6 comments:

  1. Mince pie တစ်ခုနှစ်ခုကို Mulled wine လေး တစ်ဖန်ခွက်နဲ့ မြည်းရင်း လာအားပေးသွားတယ်။ သိပ်မသောက်ရဲဘူး။ မူးရင် ရမ်းတတ်တယ်နော် သတိး)

    ReplyDelete
  2. ၀ိုင်လေးတော့ သောက်ကြည့်ချင်တယ် ပိုင်တော့ မကြိုက်လို့ မစားတော့ဘူးနော်။
    အိမ်မှာရှိတဲ့ ပဲကြီးလှော်နဲ့ပဲ မြည်းလိုက်တယ်။ :P

    ReplyDelete
  3. kom: kom: ဤ အိမ်ပေါ်သို့ကောင်းချီး မင်္ဂလာရောက်စေသောဝ်... မင်္ဂလာရောက်စေသောဝ်...

    ReplyDelete
  4. မင့်စ်ပိုင် လာမြည်းတာ =)

    ReplyDelete
  5. လာလည်သွားပါတယ်။ လုပ်စားနည်းတွေကို ဆက်ကြည့်သွားတယ်။ လုပ်ဖြစ်မလားတော့ မသိ။

    ReplyDelete

Thank you for your time.