Wednesday, 18 February 2009
Inspection
တကယ်တော့ ရေးချင်စိတ် မရှိတဲ့ အကြောင်းပါ။ ဒါပေမယ့် မှတ်တမ်း တစ်ခု ရှိနေချင်တာနဲ့ အဖြစ်အပျက် အတွေ့အကြုံ တွေကို ရေးထားဖို့ ဆုံးဖြတ် လိုက်တာပါ။ အင်စပက်ရှင် လာမယ်လို့ ရုံးမှာ ဒီနေ့ အကြောင်းကြားစာ ရပါတယ်။ အကောင်း ပြောတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ တယောက်က အင်စပက်ရှင်ကြောင့် သူ စိတ်ကျ ရောဂါ ဆေးတွေ သောက်ရ တာပါပဲတဲ့။ နောက် တယောက်ကလည်း အင်စပက်ရှင် လာလျှင် အစားပျက် အအိပ်ပျက် စိတ်ဖိစီးမှုတွေ ရဖို့သာ ပြင်ပေတော့ တဲ့။ ဆရာမ တယောက်ကတော့ အလှည့်တွေ များတဲ့ မေးခွန်းတွေ ဖြေရတာ အိပ်မက်ထဲ အထိတောင် ပါတယ်တဲ့။
ကိုယ်က ဒီရုံး ရောက်ကတည်းက နှစ်စဉ် လုပ်တဲ့ စာရင်းစစ် တွေကိုပဲ ကြုံဖူးတာ။ ၄နှစ် တခါမှ လာတဲ့ အင်စပက်ရှင် ကို အခု နဖူးတွေ့ ဒူးတွေ့ ကြုံဖူးတော့မယ် ဆိုတော့ ကြောက်လည်းကြောက်၊ ထွက်ပြေးလို့လည်း မရမယ့် ကိစ္စမျိုးဆိုတော့ ဆုပ်လည်းစူး စားလည်းရူး ဘ၀ပေါ့။ ဘာမှန်းမသိဘဲ ပြီးခဲ့ရတဲ့ အင်စပက်ရှင်တွေနဲ့ အလျင် အလုပ်တွေမှာ ကြုံခဲ့ဖူးတယ်။ အခုဟာက ကြိုတင် အကြောင်းကြားပြီး ညွှန်ကြားချက်တွေလည်း စုံစုံလင်လင် ပေးထားတော့ လိုက်နာလို့ ရသေးတယ် လို့ ဖြေတွေးနေမိတယ်။
အင်စပက်ရှင် လုပ်မယ့် နည်းစနစ် တွေပါ ရေးပြထားတဲ့ သူတို့ရဲ့ ၀က်ဘ်ဆိုဒ် ကိုပါ ညွှန်းထားတယ်။ တွေ့သမျှ အသုံးဝင်မယ် ထင်တာတွေ ဒေါင်းလုပ် လုပ်ထား လိုက်တယ်။ တပတ်အတွင်း ပြန်ရမယ့် အကြောင်း ပြန်စာရယ်၊ ဒေတာ တွေရယ်ကို စစုနေရပြီ။ အင်စပက်ရှင်ကို ဘယ်လို ချောမွေ့အောင် ဖြတ်သန်းရမယ့် အကြောင်း သင်ပေးမယ့် သင်တန်းကို ကိုယ်နဲ့ အတူလိုက်တက်ဖို့ လူ ၄ယောက် ရွေးပြီး ဘွတ်ကင် တင်လိုက်တယ်။ အပိုလူ တစ်ယောက်ကို ၁၂၀ စီပေးရတယ်။ ကိုယ်တို့ရဲ့ အကြီးဆုံး ဆရာမကြီးကိုပါ ထည့်လိုက်တယ်၊ နောက် စီနီယာပိုင်းက လူ ၃ယောက်။ ရထားနဲ့ သွားလျှင် အသွားအပြန် တစ်ယောက် ၄၀ လောက်ကျမယ်ဆိုတော့ ကားတစ်စီးနဲ့ လူ ၅ယောက်သွားဖို့ စီစဉ်ရတယ်။
ကိုယ်တို့နဲ့ တွဲဖက် အလုပ်လုပ်ရတဲ့ အဖွဲ့အစည်းတွေကိုလည်း အကြောင်းကြားလိုက်ပြီး သက်ဆိုင်တဲ့ ဒေတာ တွေ ပို့ပေးဖို့ပါ တပါတည်း ပြောလိုက်တယ်။ တချို့က ချက်ချင်းပဲ ပြန်မေးတယ်။ ဘယ်နှစ်နှစ်စာ လိုချင်တာလဲ၊ ဘယ် အချက်အလက်တွေ လိုချင်တာလဲ ဆိုတော့ ကိုယ် ဖြည့်ရမယ့် ဇယားတွေ အတိုင်း ပြန်ပြောလိုက်တယ်။ အားလုံးကတော့ စိတ်မပူပါနဲ့ ငါတို့ ၀ိုင်းကူပါ့မယ် လို့ ပြောကြတယ်။ အရေးကြီးဆုံးကတော့ အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ပါပဲ။ တစ်ဦး တစ်ယောက် ထဲ လုပ်လို့ရတဲ့ ကိစ္စမဟုတ်တာ အသေအချာပါပဲ။ အပေါ်ဆုံး က လူမှအစ အောက်ဆုံးက လူအထိ အယောက်တိုင်း ကိုယ်တတ်နိုင်တာကို တာဝန်ယူ လုပ်ချင်စိတ် ရှိအောင် အားပေးဖို့က ကိုယ့်အလုပ်လို့ သတ်မှတ်လိုက်တယ်။
13 comments:
  1. You sound organised and well prepared. You'll sail through it :) Share the actual experience with us if you can (when you recover from it) :P
    ReplyDelete
  2. ဖတ်ြ့ပီး လေ့လာနေတုံးဘဲ။
    အဆင်ပြေပါစေ။
    ReplyDelete
  3. ကိုယ်က မှန်ကန်တဲ့သူပဲ။ ကြောက်စရာတော့ မလိုပါဘူး။ အသေအချာ ပြင်ဆင်နေတာ သဘောကျမိတယ်။ အဆင်ပြေပါစေ။ အိုကေရင် အသိပေးပါအုံး။ Good Luck!
    ReplyDelete
  4. အမမီယာ အားမငယ်နဲ့နော် တောင်တက်ဖို့ ပြင်ဆင်နေပြီပဲ အားလုံးအဆင်ပြေမှာပါ အဆင်ပြေပါစေလို့လည်း ဆုတောင်းပေးပါတယ်နော် ပြီးရင်တော့ စာတွေရေးပြီးပြောပြပါအုံးနော်။
    ReplyDelete
  5. လုပ်ငန်းခွင်ထဲ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့်
    အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းနိုင်ပြီး
    အလုပ်ကိုလည်းအောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် စိတ်တူ ကိုယ်တူ
    ReplyDelete
  6. ရင်တုန်စရာကြီး
    အတွေ့အကြုံလေးတွေ ရှယ်ပေးဦးနော်
    ReplyDelete
  7. အားလုံးအဆင်ပြေမှာပါ။
    ReplyDelete
  8. မီယာရေ...
    ((((အဆင်ပြေသွားရမယ်.. မကြာပါဘူးအချစ်ရယ်..))))
    အဟဲ... ကိုညီထွဠ်သီချင်းလာဆိုပေးခဲ့တယ်နော်..
    ချစ်တဲ့...
    ReplyDelete
  9. အဆင်ပြေပါစေ မီယာရေ...
    ReplyDelete
  10. မီယာရေ.. အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတာပဲ.. အဆင်ပြေသွားမှာပါနော်... Best of Luck!!
    အားသာပေးရတယ်.. ရင်တော့ ခုန်သား... :D
    ReplyDelete
  11. အဆင်ပြေပါစေဗျာ
    ReplyDelete
  12. အားလုံး ချောမွေ့စွာ ပြီးသွားမယ်...လို့ ယုံကြည်ပါတယ်...။
    ReplyDelete
Thank you for your time.