Sunday, 8 February 2009

Pressure Cooker ဖွင့်ပွဲ


pressure cooker တစ်လုံး ခရစ်စမတ် လက်ဆောင် ရထားတယ်။ ငယ်ငယ်က အဘွားနဲ့ မီးဖိုချောင်ထဲ ဟင်းချက် နေရင်း အိုးကြီး လွင့်တက် သွားတာ မြင်ပြီး ကတည်းက မြေး အဘွား နှစ်ယောက်လုံး pressure cooker ဆို ဝေးဝေး ရှောင်ပဲ။ လက်ဆောင် ပေးတဲ့ ဆရာမ ကလည်း ညနေ ဟင်းချက် တတ်တဲ့ ကိုယ့် အကြောင်း သိလို့ အချိန်ကုန် သက်သာအောင် ဆိုပြီး ပေးတာ။ သုံးပြီလား မေးမေး နေတာ အတော် pressure ဖြစ်နေတယ်။ မနေ့ ကတော့ အဲ့ဒါ ရှင့် အတွက် ပရောဂျက်ပဲ... စာအုပ် ဖတ်ပြီး လုပ်... ဆိုတာနဲ့။ အားပေး တဲ့သူ ရှိတာနဲ့ သတ္တိတွေ ကောင်းပြီး pressure cooker ဖွင့်ပွဲ လုပ်လိုက်တယ်။

အိုး အသစ်နဲ့ ပါလာတဲ့ ပစ္စည်း အားလုံးကို သေချာ ဆေးပြီး စာအုပ်ထဲမှာ ပြထားတဲ့ အတိုင်း ပစ္စည်းတွေ ရဲ့ နံမည်ကို လိုက်မှတ် ပါတယ်။ အရေးကြီး တာကတော့ ရေနွေးငွေ့ ထွက်တဲ့ အပေါက်တွေ ပိတ် မနေဖို့ရယ် အိုး အဖုံးကို သေချာ ပိတ် တတ်ဖို့ ရယ်ပါပဲ။ လက်ဆောင်ရတဲ့ အိုးမှာ pressure indicator/safety lock ဆိုတာ လေးပါတော့ အတော်လေး စိတ်ထဲ လုံခြုံမှု ရှိတယ်။ အိုးကြီး လွင့်တက် မှာတော့ ကြောက် နေသေး တာပေါ့လေ။ စမ်းသပ်ဖို့ ချက်စရာကတော့ ကြက်သားနဲ့ အာလူး။

ဆီသပ်ပြီး နှပ်ထားတဲ့ အသားနဲ့ အာလူးကို တခါတည်း အိုး ထဲထည့်ပြီး အရောင် ရအောင် နည်းနည်း ကြော် ပေးလိုက်တယ်။ အိုးရဲ့ သုံးပုံနှစ်ပုံ ထက်ပိုပြီး မထည့်ရလို့ စာအုပ်မှာ ပြောထားလို့ သတိထားပြီး အာလူး လျှော့ထည့် လိုက်တယ်။ ရေကတော့ အချိန်နဲ့ လိုက်ပြီး ထည့်ရပါတယ်။ ကြက်သား ကီလိုဝက်ကို ချက်ဖို့ ၁၀မိနစ်လို့ ရေးထားတော့ ရေက ၃ခွက်တဲ့။ ထုံးစံအတိုင်း မှန်းရပြန်တာပေါ့။ ကြက်သားက ၇၅၀ g ဆိုတော့ ၁၅ မိနစ်ချက်ဖို့ မှန်းပြီး ရေကို ၃ခွက်ခွဲ ထည့်လိုက်တယ်။

အိုး အဖုံးပိတ် အလေးတုံးတင်ပြီး မီး အမြင့်ဆုံး နဲ့ထားလိုက်တယ်။ ရေနွေးငွေ့တွေ စထွက်လာတာနဲ့ ကိုယ်လည်း နည်းနည်း ပူလာတယ်။ စာအုပ် ထဲကအတိုင်း pressure indicator/safety lock ကလည်း အပေါ်ကို တက်လာတယ်။ အလေးတုံး ကလည်း ဖြည်းဖြည်းချင်း လည်လာတယ်။ ဒါဆို မီးလျှော့ လို့ရပြီ၊ အချိန်လည်း စမှတ်ရပြီ။ ၁၅ မိနစ်လည်း ပြည့်ရော မီးပိတ်ပြီး pressure release လုပ်ဖို့ ရေပိုက် အောက်မှာ ထားပြီး ရေ လောင်းချ လိုက်တယ်။ pressure indicator/safety lock လေး အောက်ကို ကျ သွားပြီ ဆိုတော့ ဖွင့်ဖို့ စိတ်ချ ရပါပြီ။ ဟင်း ကျက်တော့ ပလာတာကြော်၊ အချဉ်လုပ်၊ ကြက်သားနဲ့ ပလာတာ စားဖို့ အသင့် ဖြစ်ပါပြီ။



25 comments:

  1. အမိုက်စားပဲ..
    အိုင်အီးမှာ..ဘာလို့မမြင်ရလဲ မသိဘူးအစ်မ.
    စာမေးပွဲ..ညှင်းပန်းထားတာ..လူက
    ဂေါက်တောက်တောက်ဖြစ်နေတယ်။ ဟိဟိ။

    ReplyDelete
  2. အဲဒီအိုးကို အတော်သဘောကျတယ်... မြန်တယ် အသားတွေနူးလွယ်တယ်လေ.. ရူးရူးရှဲရှဲတော့ မြည်တာပေါ့... အခုကျနော့်ဆီမှာလည်း တအိုးရှိတယ်.. မသုံးဖြစ်တာတောင်ကြာပေါ့.. ဟင်းတွေကလည်း ချက်တတ်ပါ့ပဲ စားချင်စရာတွေချည်းပဲ...
    ကျနော်ကတော့ မြင်သာမြင်ရ မကြင်ရ (မစားရတဲ့ဘဝ) မှာ နေသားကျနေပါပြီ..
    နိနိတစ်ယောက်လည်း အလုပ်တွေရှုပ်နေတာနဲ့ ဟင်းကောင်းကောင်းချက်မစားနိုင်သေးဘူး..
း)

    ReplyDelete
  3. ပလာတာတွေ လာငမ်းသွားတယ်...
    ကျနော်တော့ ပရက်ရှာကွတ်ကာနဲ့ ၀က်နံရိုးစွတ်ပြုတ်လုပ်သောက်တယ် အရိုးတွေအားလုံး နူးသွားတာ ငါးသလောက်ပေါင်းလိုပဲ ဂွတ်မှဂွတ်...း)

    ReplyDelete
  4. ဟုတ်တယ်။ပရက်ရှာကွတ်ကာဖွင့်ပွဲဆိုတော့ မြင်မိတာ
    ငါးသလောက်ပေါင်း..ငယ်ငယ်ကကိုယ်လည်းငါးသလောက်ကော
    အိုးကောမြောက်တက်သွားတာတွေ့ဖူးးတာကိုး..း)
    မျက်နှာကျက်တောင်အတော်ဆေးယူလိုက်ရတာမှတ်မိနေတယ်။

    ReplyDelete
  5. အဲလို ချက်စားတာ အချိန်ကုန်သက်သာတယ်။ ကျက်လွယ်နူးလွယ်တယ်။ ကြက်သား ပလာတာ လာငမ်းသွားပါတယ်။

    ReplyDelete
  6. အိမ် pressure cooker က၀ယ်ပြီးပထမ တစ်ခါကသုံးတာ အဆင်ပြေတယ်။

    နောက်တစ်ခါကျတော့ ရှီးရှီး အသံမမည်တော့ဘူး။

    ဘယ်လိုမှလုပ်လို့မရ။

    ReplyDelete
  7. ကိုယ်နဲ့ အလုပ်ဖြစ်မယ် မထင်လို့တစ်ခါမှ မဝယ်ဘူး သူုံးလဲ မသုံးဘူးဘူး.. ဝယ်ဘို့ အစီအစဉ်လဲ မရှိပါဘူး. မီယာချက်တာလေးဘဲ သဘောတကျဖတ်သွားပါတယ။် ကြက်သားနဲ့ အာလူးးကို နဲနဲ သေးသေး လုပ်ပါ.(လိုအပ်တာ ညွန်ကြားသွားသည်. )

    ReplyDelete
  8. မမီယာရော၊ မနော်ရော...
    အိုးမြောက်တက် အတွေ့အကြုံရှိသူတွေရေးထားတာ ဖတ်ပြိး..
    သုံးရမှာကြောက်တွားတယ်..။
    ကိုအောင်သာငယ်ပြောသလို ၀က်နံရိုးစွတ်ပြုတ်တော့ စားချင်သား...။

    ReplyDelete
  9. ကုလားပဲနှပ်ဖို့ သိပ်ကောင်းတယ်အစ်မ၊ ခဏလေးနဲ့ရတယ်။ နောက်ပိုင်းလာတဲ့ အိုးတွေက လုံခြုံမှုရှိပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်းပါပဲ အသံတွေ ဆူညံနေရင် ဝေးဝေးကပဲနေပါတယ်။

    ReplyDelete
  10. ကျွန်တော်လဲ ငယ်ငယ်ကတည်းက သူများအိမ်မှာ ဟင်းချက်ချိန်ရောက်လို့ အဲဒီအိုးကြီး အော်အော်နေရင် ကြောက်တာ။ အိမ်မှာလဲ မသုံးကြတော့ မနီးစပ်ဘူး။ ခုဒီရောက်နေတော့ ဟင်းချက်မြန်အောင် စဉ်းစားနေတာ ..

    ReplyDelete
  11. အမဲသားအတုံးကြီးကြီးကိုနှက်ချင်တယ်..
    ငါးသလောက်ပေါင်း..ပေါင်းစားချင်တယ်..
    မမီယာရေ...

    ReplyDelete
  12. ကြက်သားပလာတာ စားချင်တယ်.. အဲဒီမှာ ပလာတာ ၀ယ်လို့ရတာ သိပ် အဆင်ပြေတာပဲ.. pressure cooker အိုးကို ၀ယ်ချင်နေတာကြာပြီ.. ကြောက်လို့.. :D

    ReplyDelete
  13. အမေ ဘဲပေါင်းတုန်းကလဲ အိုးမြောက်တက်ဖူးတယ်။
    အပေါ်က အဖုံးလို..ကို သေချာမပိတ်လို့လေ..
    အဲဒီကတည်းက မသုံးဖြစ်တာ..
ိဒီရောက်မှ ပြန်သုံးတာ။
    ဘဲပေါင်း၊ ၀က်ခြေထောက်စွပ်ပြုတ်တာဆို သုံးတယ်။
    မီးသိပ်မပြင်းဘဲ..အုပ်ရစွပ်ရမှာတွေကို..သေချာစစ်ပြီးတည်ရင်
    ဘာမှမဖြစ်ပါဘူး။ အိုးအေးသွားမှ အဖုံးဖွင့်တယ်။
    mm

    ReplyDelete
  14. တို့ကတော့ ပရက်ရှာကွတ်ကာနဲ့ပဲ ဘာဖြစ်ဖြစ် ချက်တာ။ အရမ်းမြန်လို့ သဘောကျလို့။ နူးလဲ နူးတယ်။ KATN ပြောသလို ၀က်နံရိုးပေါင်းလဲ သိပ်ကောင်းပေါ့။ အမဲသားလဲ အဲဒါနဲ့ပဲ နှပ်တယ်။ ၀က်ကတော့ ပြောဖို့ မလို။

    အိုးကြီး မြောက်တက်သွားတာ ဒါ ပထမဆုံး ကြားဖူးတာပဲ။ အစကသာ သိရင် ကြောက်လို့ သုံးရဲ မှာတောင် မဟုတ်ဘူး။ ခုတော့ မျက်ကန်း တစ္ဆေမကြောက်ဖြစ်နေပေါ့။

    ReplyDelete
  15. ကွိကွိ.. ကြောက်ကြောက်နဲ့ချက်တာတောင် ဒီလောက်ဂွတ်နေရင်တော့.. ဟဲဟဲ
    ကြက်သားပလာတာဆို ကြိုက်ပြီးသား.. ခေါင်းမဖော်တမ်း ရှလူးရှလဲကိုစားတာ
    အန်တီနော်ပြောမှ ငါးသလောက်ပေါင်းလေး သတိရသွားပီ..း(
    အဲ့အန်တီနော်က အဲ့လိုပဲ.. ဟွင့်..

    ReplyDelete
  16. ဗိုက်ဆာနေတဲ့အချိန်မှာမှ လာဖတ်မိတဲ့ကိုယ့်အပြစ်..

    ReplyDelete
  17. အပြင်မှာ သွားစားလည်း အခု မီယာချက်သလောက် ကောင်းမယ်မထင်။
    အဲဒီ ပရက်ရှာကွတ်ကာ ကတော့ မေမေ့ အကြိုက်ပဲ...တို့လည်း မမကွန်လိုပဲ..အသုံးမလိုဘူးထင်လို့..ဟီးဟီး။ ၀ယ်ချက်ကြည့်ဦးမယ်.. အိမ်ရှင်မ ဖြစ်ပြီး မသုံးဖူးဘူး ပြောရတာတော့ မကောင်းသေးပါဘူးလေ.. ။ ဒါပေမယ့် မီယာပြောသလို အိုးကြီးမြောက်တက်တယ် ဆိုတာ ခုမှ ကြားဖူးလို့...ကြောက်စ်...

    ReplyDelete
  18. ပရက်ရှာကွတ်ကာလား...။ မသုံးတတ်လို့ မသုံးဘူး..။ ဒီအတိုင်းချက်လဲ နူးနေ ကျက်နေတာပဲ...။
    ဝေးဝေးက ရှောင်တယ်...။

    ReplyDelete
  19. တို့လဲ ချိုသင်းလိုပဲ..
    ဘာအသားချက်ချက် ပရက်ရှာကွက်ကာနဲ့ပဲ ချက်တယ်။ ကုလားပဲ ဟင်းချိုချက်လဲ သုံးတယ်။ ဘာမှမဖြစ်ဘူး။ အချိန်ကုန်သက်သာလို့။ ခုနောက်ပိုင်းအိုးတွေက စိတ်ချရပါတယ်။ နောက်အခု အိုးပုံက ယိုးဒယားက အိုးပုံပဲ။ သူက ရော်ဘာဝါရှာပါတယ်။ ချက်ပြီးလို့ အိုးဆေးပြီးရင် အဲဒီဝါရှာကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပေါ့။ ဒါမှ ခဏလေးနဲ့ ကျယ်သွားတာမျိုး မဖြစ်တော့ဘူး။ အိန္ဒိယက အိုးကျတော့ အဖုံးက အထဲကို ထည့်ရတာမျိုး။ သူလဲ ကောင်းတာပဲ။

    ReplyDelete
  20. အားပါးပါး မိုက်မှမိုက်ပဲ။ ပလာတာလုပ်နည်းလေးပြောဦးလေ။ စားချင်လိုက်တာ.။

    ReplyDelete
  21. ခုမှပဲ မီယာ့ဘလော့ဂ်မှာမှတ်ချက်ရေးလို့ ရတော့တယ်။ သန်းခေါင်ကျော်မှထရေးတာလေ။

    ReplyDelete
  22. ပလာတာ ကြက်သားလာစားပါတယ်။ အိုးကြီး မြောက်တက်သွားတာ မမြင်ဖူးပေမယ့် ကြားဖူးလို့ ကြောက်တယ်။ ရန်ကုန်က အိမ်မှာ အမြဲသုံးပေမယ့် ဒီရောက်တော့ ကိုယ့်ဘာသာကိုယ် ချက်ရမှာမို့ ကြောက်လို့ မသုံးဘူး။ ဟင်းနူးနူးအိအိလေးတွေ စားချင်ရင်တော့ စွန့်စားပြီး ၀ယ်သုံးမှ ထင်ပါရဲ့။

    ReplyDelete
  23. ပရက်ရှာ ကွတ်ကာကြီး မြောက်တက်သွား ဘူးတယ်။ ပဲဟင်းတည်တုန်းကပေါ့။ အဖုံးကို သေသေချာချာ မပိတ်မိလို့။ အဲဒီကတည်းက ရှုးရှုး ရှဲရှဲ မြည်နေတဲ့ အိုးနား မကပ်ရဲတော့တာ။ ရန်ကုန် ကြက်သား ပလာတာလေး လွမ်းသွားတယ်။

    ReplyDelete
  24. ဗိုက်က တော်တော်ကို ဆာနေတာ..
    ရောက်တာ နောက်တောင် နောက်ကျနေပြီ..
    သူများတွေတောင် စားပြီးကုန်ရောပေါ့.. ကျန်ရော ကျန်သေးရဲ့လား..
    ရောက်မှတော့ မထူးတော့ဘူး. နောက်ဆုံးပိတ် အိပ်နဲ့လွယ်လိုက်တော့မယ်.. :))

    စားပြီဟေ့.. ရှလွတ်..!!! ရှလွပ်..!! ရှလွတ်လွပ်..!! (သုံးယောက် သုံးသံ) :P

    ကိုရင်.. ခင်လေး.. ကလေးလေး

    ReplyDelete
  25. ပရက်ရှာကွတ်ကာ ဖွင့်ပွဲကို အားပေးကြလို့ ကျေးဇူး အထူးတင်ပါတယ်။ အမဲသားနှပ်ပြီး အုန်းထမင်းနဲ့ စားရင်ကောင်း မလားလို့ စဉ်းစားနေပါတယ်။ ပလာတာက frozen အထုပ်ကို ဆီမပါဘဲ အပူနဲ့ ကြော်ထားတာပါ။ ကိုယ့်ဘာသာ မရိုက်တတ်ပါ။

    ReplyDelete

Thank you for your time.