Saturday, 7 March 2009

စနေနေ့ အချိန်ဇယား

အင်္ဂလိပ်စာ ဆရာမနဲ့ မနက် ၉နာရီ ကနေ ၁၀နာရီ အထိ ကော်ဖီဆိုင်မှာ ချိန်းပြီး စကား ပြောကြတယ်။ ဆရာမနဲ့ လမ်းခွဲပြီးတော့ ၀ါသနာအရ အဟောင်းဆိုင်တွေ လျှောက်ငေးတယ်။ ပိုက်ဆံအိတ် အနီရောင်လေး တလုံးတွေ့လို့ £3.99 နဲ့ ၀ယ်လိုက်တယ်။ အာရှဆိုင်မှာ ပဲပြား ၀ယ်ဖို့သွားတာ ကုန်နေတာနဲ့ စာရင်းထဲ မပါတဲ့ မျှစ်၊ မှို၊ ဆီတို့ဖူးနဲ့ မုန်ညှင်းချဉ် ၀ယ်လာတယ်။ ဆိုင်ရှင်က ၀ယ်တာ တွေကြည့်ပြီး အသား မစားဘူးလားတဲ့။ သိပ်မစားဖြစ်ဘူးလို့ ဖြေတော့ ငါး ပုဇွန်ရောတဲ့။ အလျင်ကတော့ အာရှက ပုဇွန်ဆို ၀ယ်စားတယ်၊ သတင်းစာထဲ ပါတဲ့ ဗီယက်နမ်က မွေးမြူရေး ပုဇွန်တွေ အကြောင်း ဖတ်မိပြီး မစားတော့ဘူးလို့ ဖြေလိုက်မိတယ်။ သူကလည်း ငါလည်း အတူတူပဲတဲ့။
အိမ်ပြန်ရောက်တော့ ယောကျာ်းက ဈေးသွားဝယ်ဖို့ စောင့်နေတယ်။ ဈေးဆိုင်အားလုံး နီးပါး ဈေးလျှော့ နေတာ ချည်းပဲ။ ပထမဆုံး ဆေးဆိုင်ဝင်ပြီး လက်သုံးတော် ပါရာစီတမော ၀ယ်တယ်။ ၁၆ လုံးကို ၈၅ပြား။ ဟိုဟိုဒီဒီ လျှောက်ကြည့်တော့ အားဆေး တဗူးဝယ် တဗူး အလကားတဲ့။ ဒိတ်က ၂၀၁၀ မတ်လ။ တ၀က်ဈေး လည်း ချထားတယ်။ သောက်ကြည့်ဦးမှ ဆိုပြီး ၀ယ်လိုက်တယ်။ တနေ့ တလုံး သောက်လျှင် နှစ်လစာ။ ပြီးတာနဲ့ တဆိုင်လုံး ၂၅% ဈေးလျှော့တယ် ဆိုတဲ့ ဆိုင်ကို သွားကြည့်တယ်။ လျှောက်ကြည့်ရင်း အိမ်သာ ၀င်ဖို့ တန်းစီနေတဲ့ လူ တန်းရှည်ကြီး ကိုတွေ့ပြီး စိတ်ညစ် သွားတယ်။ များလှတဲ့ လူတွေ။ ဒါနဲ့ ဈေးအိမ်သာကို သွားတော့ ပထမ တခန်းက တံခါး မရှိဘူး၊ နောက် တခန်းက စက္ကူ မရှိဘူး။ ဈေးအိမ်သာပြီးတော့ ယောကျာ်းကို လျှပ်စစ် ပစ္စည်း ရောင်းတဲ့ဆိုင် လွှတ်လိုက်ပြီး ကိုယ်ကတော့ ဈေးလျှော့နေတဲ့ နောက် တဆိုင်ကို မျက်စိ လည်ပြီး ရောက်သွားတယ်။ ဘောင်းဘီ တထည် £5.99 ဆိုလို့ ကိုယ်ဝတ်ဖို့ ၀ယ်လိုက်တယ်။ အဲ့ဒီ ဆိုင်ကို အလျင်က ဘာတွေ ပေါ်နေပြီလဲလို့ ၀င် ငေးရုံပဲ။ အခုတော့ အိပ်မက် မက်နေသလိုပဲ။

၂နာရီကျော်တော့ ညောင်းတာနဲ့ ကော်ဖီသောက်ဖို့ ထိုင်ကြတယ်။ ကော်ဖီ သောက်လျှင် ကိတ်မုန့်ပါ ပေးတယ် £2 တဲ့။ ဈေးတွေ တအား လျှော့ထား တာလေ။ ဒါနဲ့ ကော်ဖီရယ် ကိတ်ရယ် အီဆိမ့်နေအောင် စားတယ်။ ယောကျာ်းက တပတ်စာ အစားအသောက် သွားဝယ် နေတုန်း ဈေးချတဲ့ အင်္ကျီဆိုင် ရှေ့မှာ ကိုယ်ကို ထားခဲ့တယ်။ ရန်ကုန်ပြန် လက်ဆောင် ပေးဖို့ ကောင်းတာ တွေ့လျှင် ၀ယ်ထားတဲ့။ လူကတော့ မူးနေပြီ။ ကြည့်ရတာ များလို့။ ကော်လာနဲ့ ရှန်သားလိုလို တွင်းဆက် အင်္ကျီလေး £4 တဲ့။ ပုံစံလေးလည်း လှတယ်။ ဆိုဒ် ၃မျိုး ၀ယ်လိုက်တယ်။ ပိုက်ဆံ ရှင်းတော့ £4တန် အင်္ကျီတွေက £20 စီပါတဲ့။ ဒါဆို မယူတော့ဘူးလို့ ပြောတော့ နောက် တယောက်က ၀င်ပြောပေးတယ်။ အဲ့ဒါတွေ £4 နဲ့ ချထား တာပါတဲ့။ ရန်ကုန် ထက်တောင် ဈေး သက်သာမယ် ထင်တာပဲ။
ပြန်ရောက်တော့ မောနေပြီ...

21 comments:

  1. ပျော်စရာကြီးနော် ဈေးတွေလျှော့တာ။စီးပွားရေးမကောင်းတော့ ရောင်းအားကျလို့ ဈေးတွေလျှော့တာလားမသိ။

    ReplyDelete
  2. မမီယာ ယောက်ျားက ဈေးဝယ်ပေးတယ် ဆိုတော့ ဟန်တာပဲ။

    ReplyDelete
  3. ဈေးတွေ လျှော့တာ ကောင်းလိုက်တာ။ တို့တော့ အလုပ်ကိစ္စ၊ မာမားဆေးရုံတက်ရမဲ့ ကိစ္စတွေနဲ့ ဈေးတွေဘက်တောင် မရောက်ဖြစ်တော့ဘူး။ ဘလော့ဂ်လေးတောင် ကြိုးစား အသက်ဆက်နေရတယ် မီယာရေ..

    ReplyDelete
  4. တစ်ထည်လောက်ပိုဝယ်ခဲ့ပါဗျို့ ...

    ReplyDelete
  5. ကြည့်ချင်တယ်မီယာ ပြပါ။ တကယ်ပြောနေတာ။ အကြားနဲ့တင် မဝဘူး။

    ReplyDelete
  6. မုန့်ဝယ်ခဲ့လားဟင်။
    mm

    ReplyDelete
  7. ဈေးတွေချတယ်ဆိုတော့ ပျော်စရာကြီး
    တစ်ထည်လောက်ပိုဝယ်ခဲ့တာမဟုတ်ဘူး..း)

    ReplyDelete
  8. အိတ်လေး ကြိုက်တယ် ကွ..

    ReplyDelete
  9. နေအုံး ၃.၉၉ ဆို အတော် ဟုတ်နေတာပဲ
    shopping လာလုပ် ချင်တယ် ...း)

    ReplyDelete
  10. လေယဉ်ခ က ဈေးကြီးတယ်အမိ

    ReplyDelete
  11. 8 Mar 09, 09:59
    kom: ဝတ်ကြတယ်။ ကိတ်မနို့ကို နောက်တစ်ခါ ရိုက်ခဲ့ပါ။ ချစ်စစစစ်

    8 Mar 09, 09:58
    kom: size 8 ကလည်းကြီသလိုဘဲနော်. သူတို့လူတွေ ကဘဲကြီးလို့လား။ ရှည်လို့လားမသိ. ပေါင် ၄၀ ကို ၄ကျပ် ကတော့မေးမနေနဲ့ဝယ်လိုက်တော့။အဆင်လေး လှတယ်။ စလုံးက လူတွေ ကတော့ဘာဖြစ်လို့လည်းမသိဘူးးြှေဗာင် အဖျော့တေါ ချည်းဘဲဝ

    8 Mar 09, 09:56
    kom: အိတ်က အနီလေးလား သန့်တယ်။

    8 Mar 09, 09:55
    kom: လာပြီ။ ကြည့်နေတယ်

    ReplyDelete
  12. အချိန်ပေးပြီး ဓါတ်ပုံရိုက်တင်ပေးတဲ့ အတွက် ကျေးဇူး။ အိတ်ကလေးကတော့ မဇနိ က တောင်းတော့မှာဘဲ။သူ အဲဒါမျိုးလေးတွေ ကြိုက်တယ်။ သက်ဝေကိုလည်း သွားပြောဦးမှ။ မေမိုးကတော့သူ့ဘာသာ လာတတ်တယ်။

    ReplyDelete
  13. မီယာက အရပ်ရှည်သလား။

    ReplyDelete
  14. အမရေ - မဇနိ လာမတောင်းခင် ကျနော်ဦးအောင်လာတောင်းပါတယ်..
    အိတ်ကလေးး)

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. ဟင်..
    မမလာပြောလို့ အိတ်သူရဲဆိုတော့ အပြေးတပိုင်းလာခဲ့တာ..
    ခုတော့ ကိုနိက ဦးနေပြီ... နောက်တခါကျရင် အညိုရောင်လေး တစ်လုံးလောက်ပိုဝယ်ခဲ့ပါနော်.. ပြီးရင်တော့ တိုးတိုးတိတ်တိတ်လေး လာယူမှာပေါ့...။
    မီယာရေ... ယောကျာ်းက တစ်ပတ်စာ အစားအသောက် သွားဝယ် နေတုန်း ဈေးချတဲ့ အင်္ကျီဆိုင် ရှေ့မှာ ကိုယ်ကို ထားခဲ့တယ် ဆိုတဲ့ စာကြောင်းလေး အိမ်က အချစ်ကို နှစ်ခါလောက် ဖတ်ပြမိတယ်...
    သူကလား.. ထုံးစံအတိုင်းပေါ့... So What...??? တဲ့လေ...။

    ReplyDelete
  17. ဈေးတွေ လျှော့ချတော့ မီယာတို့ ဈေးဝယ်လို့ ကောင်းနေတာပေါ့နော်...။ များများဝယ်ပြီး များများ ပြပေးပါနော်..သွားရည်ကျရအောင်လို့..:) အိတ်ကလေးက ချစ်စရာလေး။

    ReplyDelete
  18. ဈေးမရောက်တာ ကြာလှပြီ။ ဈေးနှုန်းတွေ အဲလောက် ပြုတ်ကျသွားမှန်း မသိလိုက်ဘူး။ မသွားရဲပါဘူးလေ။ ကိုယ့်အကျင့် ကိုယ် သိလို့ ချိုးနှိမ်ထားရတယ်း(

    ReplyDelete
  19. အင်း.. အိတ်ကလေး လှလိုက်တာလို့ တွေးနေတာ.. အောက်က comment တွေလည်း ဖတ်လိုက်ရရော.. ကိုဇနိက ဦးသွားပြီကိုး...:D အင်္ကျီလေးလည်း လှတယ်... ယောင်္ကျားက တပတ်စာ ဈေးဝယ်ပေးတယ်ဆိုတော့ မီယာ ဟန်ကျတာပဲ.. :)

    ReplyDelete
  20. ကျနော်ကတော့ မလာနိုင်ပါဘူး..
    မ၀ယ်နိုင်ပါဘူး..
    မမီယာတို့ဝယ်တာတွေပဲ ထိုင်ငေးကြည့်ရုံပါ..
    ငွေဈေးတွေကျတာတော့အမှန်ပဲ..
    မနှစ်က ချန်းသွားတော့လဲ..
    ဘာပိုက်ပိုက်မှမထည့်ပေးလိုက်ပါဘူး..ဟီးဟိ
    သူ့အဒေါ်ကုန်ပါ့စေ..

    ReplyDelete
  21. ပထမတခေါက် လာတုန်းက ပုံလေးတွေ မတွေ့ပါဘူး။ အခု ထပ်လာတော့ ပုံတွေပါ တင်ထားပါလား။ အိတ်လေးက လှတယ်။ ကိုနိတော့ နိနိက Coach ပူဆာမှာစိုးလို့ အမြန်လာဦးပုံပဲ။ အကျီ င်္လဲ ၄၀တန် ၄ကျပ်ဆိုတော့ တန်တာပေါ့။ တို့လဲ Bargain shopper ပဲ။ တခါကတော့ ၁၁၀ တန် Jean dress လေး ၄ကျပ် ၉၇ပြား နဲ့ ရဖူးတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျေနပ်လိုက်တာ မပြောပါနဲ့တော့.. :)

    ReplyDelete

Thank you for your time.