Tuesday, 27 October 2009

အင်တာနက် မရှိတဲ့ ၃ပတ်

မှတ်မှတ်ရရ အင်တာနက် မရှိတာ ၃ပတ် နီးပါး ဖြစ်သွားတယ်။ ဘာတွေ ဖြစ်သလဲဆိုတော့ ဘလော့ မလည်ရ တော့ဘူးပေါ့။ ဂူဂယ်မှာ ဘာဘာ ညာညာ ရှာမရဘူးပေါ့။ အွန်လိုင်း တက်တဲ့ သူငယ်ချင်းတွေ နဲ့လည်း မတွေ့ရဘူးပေါ့။ အိမ်က မိသားစုတွေ နဲ့လည်း စကား မပြော ဖြစ်ဘူး။ အိမ်ကနေလည်း အလုပ် မလုပ် ဖြစ်ဘူး။ လယ်ထဲက အပင်တွေလည်း ပျက်စီးကုန်မှာ သေချာတယ်။ စိတ် မထိန်းနိုင်မှာစိုးလို့ သွားတောင် ပြန်မကြည့်ဘူး။ ပြတ်လက်စနဲ့ပဲ ပြတ်ပါစေလေ။ အကြောင်းရင်းမှန်ကို မသိရှာတဲ့ သူငယ်ချင်းတချို့က လေပြင်းတွေ တိုက်လို့လားတဲ့။

အလုပ်ထဲမှာတော့ အီးမေးပဲ ပုံမှန် စစ်ဖြစ်တယ်။ အိမ်ရောက်မှ စိတ်ရှိတိုင်း အင်တာနက်ကို သုံးရတာ ခုမှ တန်ဖိုး သိတော့တယ်။ ကော်ဖီဆိုင်မှာ သူများတွေ အင်တာနက် သုံးနေတာ တွေ့လို့ လွယ်မယ် ထင်တာ မလွယ်ပါဘူး။ ကဒ်ကလေး ၀ယ်ပြီး ခုထိတောင် စာရင်း မသွင်း ရသေးလို့ မသုံး ဖြစ်ဘူး။ အဲ့ဒီ ပိုက်ဆံ ထည့်ထားတဲ့ ကဒ်တွေကလည်း ပိုက်ဆံအိတ် ပျောက်ရင် ပါသွားတော့ ၀ယ်ရတာ ခပ်လန့်လန့်။ ခုတလော ပျောက်တာရော မေ့တာရော အတော်များတယ်။ ဇရာက အရိပ်ပြနေတယ် ထင်ပါ့။

ဘလော့ရွာက သူငယ်ချင်း တွေကိုတော့ နေ့တိုင်း လွမ်းတယ်။ ဘယ်သူတွေ ဘာအသစ်တွေ ရေးထား ပြီလဲ လို့ပေါ့။ အတိုးချပြီး အခုမှ တ၀ ဖတ်ရမယ်။ အင်တာနက် မရှိတော့ အချိန်တွေ ပိုသလား မမေးပါနဲ့။ တီဗီ စီးရီး တခု နှစ်ခု လောက်တောင် ပုံမှန် ကြည့်ဖြစ်တယ်။ စာအုပ်လည်း ဖတ်ဖြစ်တယ်။ အိမ်က တယောက်နဲ့လည်း ပို စကားများဖြစ်တယ်။ အင်တာနက် ရှိရင် ကိုယ့်အာရုံနဲ့ ကိုယ် ငြိမ်နေကြတာလေ။ အိမ်မှာ အလုပ်တွေ ယူမလုပ် ဖြစ်တော့ ခေါင်းကိုက် သက်သာ သွားသလိုပဲ။

အမှတ်တရပေါ့...

16 comments:

  1. သတိရတယ်ဆိုလို့ ၀မ်းသာသွားတာ
    ကဲ အတိုးချပြီးဖတ်တော့.. ဒီကလည်းအတိုးချပြီးကို ရေးဦးမှာ...

    ReplyDelete
  2. သြော် ဒါကြောင့် ပျောက်နေတာကိုး။ ခုအင်တာနက် ရပြီဆိုတော့ အတိုးချပြီး ရေးတော့ပေါ့နော်။

    ReplyDelete
  3. အော်ဟော.. မီယာ ဒါ့ကြောင့် ပျောက်နေတာကိုး.. အင်း အင်တာနက်ကို ခုကစ ဖြတ်နိုင်အောင် ကြိုးစားပေတော့.. သိပ်မကြာတော့ဘူး ပြောနေကြတာပဲဗျ.. (ကမ္ဘာပျက်ဖို့)း))

    သတိတရ..

    ကိုရင်နော်

    ReplyDelete
  4. တခါတလေတော့လည်း သူ ပြတ်ပါမှပဲ။ ဘာလို့ဆို ကိုယ်က စပြီး သူ့ကို မပြတ်နိုင်တာနဲ့။

    ReplyDelete
  5. မီယာ ပျောက်နေတာ ဒါကြောင့်ကိုး။ လယ်စိုက်တာ ဖြတ်နိုင်ရင် ကောင်းတယ်။ အမကတော့ လယ်ကိုဖြတ်ပြီး ကော်ဖီဆိုင်ဖွင့်မိလို့ ဒုက္ခ ရောက်နေတယ်။ စာတွေ အတိုးချပြီး ရေးပါဦး။

    ReplyDelete
  6. ဟိုနေ့ကတောင် မမီယာ ငြိမ်နေတယ်လို့ တွေးမိသေးတယ်..

    ဟုတ်တယ်နော်... အင်တာနက်သိပ်မသုံးဖြစ်ရင် အချိန်ပိုတွေ အများကြီးထွက်လာသလိုပဲ.. TV ကြည့်တာတို့ စာအုပ်ဖတ်တာတို့ ပိုလုပ်ဖြစ်တယ်.. :)

    ReplyDelete
  7. 30 weeks လို့ ထင်ရတယ်.. အစ်မပျောက်နေတာ..

    ReplyDelete
  8. သုံးပတ်တောင် ..ခွဲနေရတာ ..
း(( ကိုယ်ချင်းစာတယ် တကယ်

    ReplyDelete
  9. ဟေး...ဟေး... အင်တာနက် မရှိတော့ အစာငတ်ခံရသလိုပဲ မဟုတ်လား...အကိုကတော့ ၁ပတ်လောက်ပဲ ပြတ်ဖူးတာ... နေလို့ မထိဘူး...
    မီယာက ၃ ပတ်ဆိုတော့... အင်း... ကိုချင်းစာသကွယ့်....း)

    ReplyDelete
  10. မီယာတယောက် ပျောက်နေတယ် အောက်မေ့နေတာ.. ဟုတ်ပ.. အင်တာနက်များမသုံးရရင် ဘိန်းစွဲတဲ့သူလိုပဲ.. ပြတ်တာမဟုတ်ပဲ လုံးဝ သုံးမရတဲ့နေရာရောက်သွားတော့မှ စိတ်ချလက်ချ အိပ်နိုင်တော့တယ်...
    ပြန်ရေးတော့လေ.. မျှော်နေတယ်နော်..

    ReplyDelete
  11. :)
    ဒီကလည်းသတိရနေပါတယ်။
    mm

    ReplyDelete
  12. ပုံတွေ ဆက်ပြောပြဦး။
    လွမ်းနေတာ တစ်ကယ်။
    တို့လဲ့ ရန်ကုန်သွားတာ အင်တာနက်မပြတ်ပါဘူး
    သူက ဖြတ်တော့ကိုယ်က ဆိုင်ကို လိုက်သွားတာပေါ့
    ခက်တယ် ခက်တယ်

    ReplyDelete
  13. မနေ့က မမီယာ အင်တာနက်မရှိတာ ၃ ပတ်လောက် ဖြစ်သွားတယ်ဆိုပြီး အိမ်မှာ အမျိုးသားကို ပြောပြနေသေးတယ်.. အဟီး.. ဒီမနက်လည်းကျရော ကျနော်တို့ အိမ်မှာလည်း အင်တာနက် မရတော့ဘူး.... ဘယ်လောက်ကြာမလဲ မသိသေးဘူးရယ်.. :D

    ReplyDelete
  14. သြော်...ပျောက်နေတာဒါ့ကြောင့်ကိုး

    ReplyDelete
  15. တို့ကတော့ အင်တာနက် ပြတ်နေပြီ လို့ စိတ်ထဲသွင်းပြီး စာမရေးဘဲ နေကြည့်နေတယ်။ ဒါပေမဲ့ အခုတော့ ကွန်မန့်လာပေးနေမိနေပါလား။ ဒုက္ခ ဒုက္ခ..

    ReplyDelete
  16. ဒီကလဲ လွမ်းနေတာ ညီမရေ… ဟုတ်ပါ့နော်… သူမရှိတော့ရင် လစ်ဟာချက်ကတော့… အမကတော့ ခုတလော အလုပ်များနေလို့  အပင်တွေ မစိုက်ထားဘူး…

    ReplyDelete

Thank you for your time.