Wednesday, 9 December 2009

Grumpy woman

တီဗီက လာတဲ့ Grumpy old women အစီအစဉ်ကို သဘောကျ မိတာနဲ့ ကိုယ့်ဖာသာ grumpy လုပ်ကြည့်တာ။ old ကို မသိမသာလေး ဖြုတ် ထားခဲ့တာ သတိ ထားမိလား။ အဲ့ဒီ အစီအစဉ် မှာ ပါတဲ့ အမျိုးသမီးတွေက ၅၀ ကျော်တွေ များတယ်၊ တခါ တလေ လည်း ၃၀ ကျော်တွေ ပါပါတယ်။ ဒါပေမယ့်လည်း...

credit crunch ကြောင့် လူတွေ ကျပ်တည်း ကြတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ဈေး ၀ယ်သူတွေ ဆီက ခိုးတာတော့ လုံးဝ သည်းမခံ နိုင်ဘူး။ ကိုယ်တို့ ရုံးနားမှာ စာရေး ကိရိယာ ရောင်းတဲ့ ဆိုင် တဆိုင် ရှိတယ်။ ပစ္စည်း ၂မျိုး ၀ယ်တာ (၂+၂.၅၀) ကိုယ့်ဖာသာ ပေါင်းထား ပြီးသား။ ၁၀ တန် ပေးလိုက်တာ ၄.၅၀ ပြန်အမ်းတယ်။ လိုသေးတယ် ဆိုတော့ လူကို ကြည့်ပြီး ကျပ်စေ့ တစေ့ ထုတ်ပေးတယ်။ ပြေစာ ပေးဦး ဆိုတော့ စက်ကနေ နှိပ်ပြီး ထွက်လာတဲ့ စာရွက်မှာ ၃.၅၀ ဖိုးပဲ နှိပ်ထားတယ်။ ဈေး ၀ယ်သူဆီက ၁ကျပ် ဆိုင်ရှင်ဆီက ၁ကျပ် ခိုးတာ။ တခါလည်း မဟုတ်ဘူး။ ပိုက်ဆံ ပြန်အမ်းရင် မကြည့်ဘဲ အိတ်ထဲ တန်းထည့် တတ်သူများ သတိချပ်ပါ။

စူပါ မားကက်မှာ တချို့ ပစ္စည်းတွေ ၁ခုထက် ပိုဝယ်ရင် သက်သာတယ် လို့ ပြောကြတယ်။ အမြဲတမ်း မမှန်ဘူး။ ခေါက်ဆွဲ တထုပ်ကို ပြား ၈၀၊ ၂ထုတ် ၀ယ်ရင် ၁.၇၀ တဲ့။ ဘယ်မှာ ပို သက်သာလို့လဲ။ အိမ်သာသုံး စက္ကူ ၉လုံး ပါတဲ့ အထုပ်က ၅.၄၀၊ ၁၂ လုံးပါတဲ့ အထုပ်က ၇.၄၀။ ပိုဝယ်လို့ ပိုဈေး မသက်သာပါ။ သင်္ချာ မတွက် တတ်ရင်တော့ သူတို့ ရေးထားတဲ့ အတိုင်း ၀ယ်လိုက်ရင် ဈေးကြီး ပေးဖို့သာ ပြင်ပေတော့။

အလုပ်ထဲက ဖြစ်သမျှတွေ အိမ်မှာ ပြန် ရင်ဖွင့်တာ အခုဆို သတိထား နေရတယ်။ ခရစ်စမတ် ပါတီမှာ ရုံးသူ ရုံးသားတွေရဲ့ အမျိုးသား အမျိုး သမီးတွေပါ ဖိတ်တော့ မသိသေးတဲ့ ကိုယ့်အိမ်သူ အိမ်သားတွေနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို အချင်းချင်း မိတ်ဆက်ပေးကြတယ်။ ရှန်သီ က သူ့ အမျိုးသားကို မာရီယာနဲ့ မိတ်ဆက် ပေးတဲ့ အခါ ရှန်သီ့ အမျိုးသားက အားရပါးရ ပြောလိုက်တာက လူတွေနဲ့ လိုက် ရန်ဖြစ်တဲ့ တယောက်လားတဲ့။ ကြားတဲ့ လူတွေလည်း ဘာပြောရမှန်း မသိအောင် ခက်နေတဲ့ အချိန်မှာ ထပ်ပြီး ပြောလိုက်တာက မင်းပဲ ပြောတာလေ မာရီယာ ရန်ဖြစ်ပြီး ချလိုက်တဲ့ အကြောင်း တဲ့။ အိမ်ကလူတွေ အိမ်ရှင်မကို မျက်နှာရအောင် ပံ့ပိုး ပေးပုံများ တယောက် တမျိုးစီ မရိုး နိုင်အောင်ပါပဲ။

အိမ်လိပ်စာ ပြောင်းလို့ ဘဏ်ကို အကြောင်းကြားတာ ၃မိနစ်နဲ့ ပြီးမယ် ထင်လား။ လိပ်စာ အသစ်ကို မပြောင်း ပေးသေးခင် လိပ်စာ အဟောင်းကို ပြောရတယ်။ ပြီးတော့ နေ့ဘက် နဲ့ ညဘက် ဆက်သွယ်ဖို့ ပေးထားတဲ့ ဖုန်းနံပါတ်တွေ သေချာအောင် ပြန်မေးတယ်။ အမေ နံမည်၊ ဘယ်မြို့မှာ မွေးတာလဲ၊ လောလောဆယ် ခရီး သွားဖို့ ရှိသလား၊ အကြွေးကဒ် ဘယ်နှစ်ခု ရှိလဲ၊ ဘဏ် ပြောင်းဖို့ စိတ် မ၀င်စားဘူးလား၊ အိမ် ပိုင်သလား၊ အိမ် ၀ယ်ဖို့ အစီအစဉ် ရှိလား........ မဆုံးနိုင်တော့ဘူး။ ငါ့ လိပ်စာ အသစ် ပြောင်းဖို့ ဖြစ်နိုင် ဦးမှာလား လို့ မေးလိုက်တော့မှ လိပ်စာ အသစ်ကို ပြောပါတဲ့။ သူတို့လည်း အလုပ်ရှင် ခိုင်းတာ လုပ်ကြရတာ နားလည် ပါတယ်။ ဒါပေမယ့် မဆိုင်တဲ့ ကိစ္စတွေလည်း ဆွဲထည့်တာ အစဦး ရည်ရွယ်ချက်တောင် ပျောက်မလို ဖြစ်သွားတယ်။

'customer comes first' 'customer is always important' ရေးထားလိုက်တာ နေရာ အနှံ့။ တနေ့က ပြတိုက် တခုကို ရောက်သွားတယ်။ အိမ်သာထဲ အ၀င် အနောက် ကနေ ဆွဲထားလို့ လှည့်ကြည့်လိုက်တော့ သန့်ရှင်းရေး သမ တယောက်။ ငါ အဲ့ဒီ အိမ်သာကို ဆေးမလို့တဲ့။ ဒါနဲ့ သူ့ကို အလျှော့ပေးပြီး ပြန် လှည့်ထွက် လာရတယ်။ အပြန်ကျတော့ ခရစ်စမတ် အတွက် အလှပြင် ထားတာတွေ ငေးရင်း စတိုးဆိုင် တခုထဲ ရောက်သွားတယ်။ အင်္ကျီ တထည် မျက်စိ ကျလို့ လှမ်းအယူမှာ ဖြတ်ခနဲ ကိုယ့် အရှေ့ကနေ ကျော်ပြီး သူ့ပစ္စည်းတွေ ပြန်စီဖို့ အရေးကြီးနေတဲ့ ဆိုင်က အရောင်း စာရေးမ ကို အသာပေး လိုက်ရတယ်။ စိတ်တိုတာနဲ့ အဲ့ဒီဆိုင်က ဘာမှ မ၀ယ်ခဲ့ဘူး။ တကယ်ဆို ဈေးဝယ်သူက ကြည့်နေတာ ယဉ်ကျေးမှု ရှိရမှာပေါ့။ အပြောနဲ့ အလုပ် မညီပုံများ။

ဆွေမျိုးတွေဆီ ပိုက်ဆံ ပို့ပြီးတိုင်း ရောက်ကြောင်း သတင်း လာလေ့ မရှိဘူး။ ကိုယ်က ဖုန်းဆက် မေးရတယ်။ အရင်လနဲ့ ဒီလ ဈေးကွာလို့ ငွေ ပမာဏ နည်းနေရင်တော့ အကြောင်းကြားတယ်။ ဈေးက တလနဲ့ တလ မတူဘူး လို့ ပြောပြထားလည်း တခါပဲ။ နင် တတ်နိုင်သလောက် ပေးတာပဲ လို့ ပြောတာ ရှိသေးတယ်။ တကယ်ဆို ကိုယ်က ပို့တာ လစဉ် ဒီ ပမာဏပဲ ဆိုတာ ပို့တိုင်း ပြောလည်း ပါးစပ် အမြှုပ်ထွက်တာပဲ အဖတ်တင်တယ်။ အိမ်တိုင် ရာရောက် ပိုက်ဆံ သွားပို့ပေးတဲ့ သူကိုလည်း တခါတလေ မဆိုင်တာတွေ သွား ပြောသေးတယ်။ ဟိုလူတွေကဖြင့် ကိုယ့်ကို မြင်ဖူး တာလည်း မဟုတ်၊ နံမည်ပဲ ကြားဖူးနေတာ။

ပြောစရာတွေ အများကြီး ရှိသေးတယ်။ စီးရီး အလိုက် သွားရင် ကောင်းမလားလို့။

28 comments:

  1. တရုတ်ကားအတိုင်းလား
    ကိုရီးယားကားအတိုင်းလား
    ဒါမှမဟုတ်
    ဟယ်ရီပေါ်တာကားတွဲမျိုးများလား
    လား
    လား
    လား
    နဲ့ပြန်သွားတယ်
    စောင့်ဖတ်မယ်ဗျ

    ReplyDelete
  2. စီးရီးအလိုက်သွားရင် ကောင်းတယ် မမီယာ.. အဟီး.. ဖတ်လို့ကောင်းလို့.. အဲဒီက လူနေမှုစရိုက်ကိုလည်း သိပြီးသားဖြစ်သွားတာပေါ့.. အင်း.. မမီယာရေးထားတာ ဖတ်ပြီး ဈေးဝယ်ရင် သတိထားပြီး တွက်ချက်ကြည့်ဦးမှလို့ တွေးမိတယ်... :)

    ReplyDelete
  3. ဈေးဝယ်သူကို ဆက်ဆံပုံလေး ဖတ်ပြီး စင်္ကာပူမှာ အဲဒီကထက် အဆ ၁၀၀ မက ဆိုးတယ်ဆိုတာ သိစေချင်တယ်။ ဒီမှာဆို အဲလိုစိတ်ပျက်လို့ သာ မ၀ယ်ရင် ပစ္စည်းဝယ်စရာဆိုင် ရှိတော့မှာကို မဟုတ်ဘူး။ အဲဒီကနေ ဒီဘက် ရောက်လာတော့ ပထမဆုံး စိတ်ပျက်မိတာက ဒီက ဆိုင်တွေရဲ့ customer အပေါ်ဆက်ဆံပုံကိုပဲ။ ခုထိလည်း စိတ်ပျက် စိတ်ကုန်နေလျှက်ပါပဲ။

    အတွေ့ အကြုံလေးတွေ ရေးတာ ဖတ်လို့ ကောင်းတယ်... နောက်လည်း အချိန်ရရင် ရသလို ဆက်ရေးပါဦး။

    ReplyDelete
  4. စီးရီးလိုက်စောင့်ဖတ်မယ်မီယာ
    ကြုံရဆုံရတတ်တာလေးတွေပေါ့
    စိတ်ဝင်စားစရာကောင်းပါတယ်
    ကိုယ်နဲ့တိုက်ဆိုင်တဲ့အခါ အော် သူလည်း ဒီလိုပါလား
    အဲဒီမှာလည်း ဒီလိုရှိပါလား သိရတာပေါ့း))

    ReplyDelete
  5. ဒီမှာလည်း သိပ်မထူးပါဘူး။ ပိုက်ဆံပြန်အမ်းတာကိုတော့ သေချာကြည့်ရတယ်။ ခိုးဖို့ ရည်ရွယ်ချက်မရှိရင်တောင် မှားတတ်ကြလို့...

    Customer is always right ဆိုတာ တခါတလေ ဈေးဝယ်တဲ့လူကို ညာဖက်မှာထားပြီး လုပ်ချင်တာလုပ်တာလားလို့တောင် ထင်မိတယ် :D

    ReplyDelete
  6. ဆက်ရေးပါ မမီယာ။ အားပေးနေမယ်။
    လူပျိုကြီးကပီတိက တော်တော်ကတ်သီးကတ်သတ်တွေးတတ်တယ်နော်။
    ဟီးဟီး

    ReplyDelete
  7. အခန်းဆက်ရေးပါ မီယာ..
    ဖတ်ကောင်းလွန်းလို့..။
    ထိပ်ဆုံးက အားပေးပါမယ်။

    ReplyDelete
  8. Go on please. we will wait for that series.

    ReplyDelete
  9. ဒီမှာလည်း ဒီလိုရှိရင်တော့ ဒုက္ခပဲ ဘယ်နှစ်ကြိမ်တောင် ခံရပြီးပြီလဲမသိဘူး။ ကိုယ်လည်း ဘယ်သူ့ကိုမှ လိမ်ဖို့ ရည်ရွယ်ချက်မရှိတော့ ကိုယ့်ကိုလည်း ဘယ်သူမှ လိမ်မှာမဟုတ်ဘူးလို့ နှလုံးမူပြီး ကျွန်မကို ပိုက်ဆံ ပြန်အမ်းရင် တခါမှ မှန်မမှန် ပြန်မကြည့်တတ်ဘူး ဒီလိုပဲ အိတ်ထဲ ထည့်လိုက်တာပဲ။ ဘယ်လောက်မှ ပင်ပမ်းတာ မဟုတ်ဘူးဆိုတော့ နောက်ဆို ပြန်ကြည့်မှ ဖြစ်တော့မယ်ထင်တယ်။

    ReplyDelete
  10. သတိထားစရာတွေ ဖတ်ရလို့ တကယ်သဘောကျနေမိတာ...
    ပြန်အမ်းတဲ့ ပိုက်ဆံကို မရေပဲ အိပ်ထဲ တန်းထည့်တတ်တဲ့ ကိုယ့်အကျင့်ဆိုးကို မီယာပြောမှ ပြင်ဖို့ သတိရသွားတယ်...
    ကျေးဇူးပါ...း))

    ဆက်ရေးပါ မီယာ... စောင့်ဖတ်ပါ့မယ်...

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. ဟုတ်တယ်..ရောက်ကာစက နိုင်ငံခြားဆိုတော့အထင်ကြီးပြီး ပိုက်ဆံပြန်အမ်းရင် ဘယ်တော့မှ ပြန်မစစ်ဘူး။ တနေ့ ပိုက်ဆံအမ်းနေုရင်း နောက်ထပ်ဝယ်ဖို့တခု သတိယပြီး လက်ထဲရောက်လာတဲ့ ပိုက်ဆံကို တွက်ကြည့်လိုက်တာ ၂ဒေါ်လာနီးပါးကွာတယ်။ ချက်ချင်းပြန်ပြောတော့ ပြန်ပေးတယ်။ ဒါပေမဲ့ ကောင်လေးက ဘုကြည့်ကြည့်ပြီး ဆောင့်အောင့်ပေးတယ်။ ကိုယ်ဖြင့် အံ့သြလို့မဆုံးဘူး။
    နောက်ပိုင်း အမြဲပိုက်ဆံစစ်ယူတော့ မကြာခန ကွာနေတာ တွေ့ရတယ်။ ကိုယ့်ပုံက ခပ်တုံးတုံးဆိုတော့ ဘယ်တုန်းကတည်းက သူတို့ လုပ်နေလဲ မသိဘူး။

    ReplyDelete
  13. ဒီလို ကိစ္စမျိုး ရှိသလား။

    ကျွန်မလဲ ဘယ်တော့မှ ပိုက်ဆံ ပြန်မရေဘူး မမီယာ။
    စိတ်တွက်နဲ့ မတွက်တတ်တော့လို့။
    ၁ဝ နဲ့ ၅ နဲ့ ပေါင်းတောင် တဒေါက်ဒေါက်နဲ့ ကောက်နှိပ်လိုက်ရမှ...

    ReplyDelete
  14. စီးရီးအလိုက်ရေး...ကောင်းတယ်

    ReplyDelete
  15. ဖတ်လို့ကောင်းတယ် မီယာရေ..စီးရီးလိုက်ရေးတော့ ပိုသိရတာပေါ့..ဒီမှာတော့ ပြန်အမ်းရင် ဘာပြန်ပေးလိုက်မလဲပဲ ကြည့်ရတာ ..သကြားလုံးလား..ချောကလက်နဲ့ ကော်ဖီမစ်ဆို ၁၀၀..တစ်ရှူးဆို ၅၀..အဲဒီထဲက အသုံးမလိုတာတွေ အဲဒီဆိုင်မှာပဲ မမေ့မလျော့ ပြန်သုံးခဲ့ဖို့လေ..

    ReplyDelete
  16. ပြောစရာတွေ အများကြီး ရှိသေးတယ်ဆိုပါလား...
    စီးရီး အသစ်တွေ စောင့်မျှော်နေတယ် မီယာ...

    ReplyDelete
  17. စီးရီး၂ ကိုစောင့်နေမယ်။

    ReplyDelete
  18. ခုတလော ဈေးဝယ်ချင်စိတ် ကုန်နေတယ်..
    အလုပ်များတဲ့အချိန်ဆိုတော့ တချို့ဆိုင်တွေက တွေ့ရာလူ ဆွဲခန့်ထားတာ.. သိပ်အချိုးမပြေကြဘူး..

    ReplyDelete
  19. Customer is always right တဲ့လား. :D

    ReplyDelete
  20. အလှကုန်ဆိုင် နားသွားရင် တို့ကို ဝယ်နိုင်ပုံပေါ်မဲ့သူမ“ဟုတ်သလိုဘဲ လှည့်ကိုမကြည့်ဘူး ဝယ်ချင်တဲ့စိတ်ကလေးတောာင်ပျောက်သွားတယ်။

    ReplyDelete
  21. တို့လဲ သိတ်ပြန်မကြည့်တတ်ဘူး. ဆင်ခြင်မှ..

    ReplyDelete
  22. ယုံကြည်မိတယ်လေ.

    ReplyDelete
  23. Merry Christmas to you and your family.

    ReplyDelete
  24. ဒီက woman ကြီး ပို့စ်ရော ကော်မန့်တွေပါ တပြုံးပြုံးနဲ့ ဖတ်နေတာဆိုတော့ ရှေ့က Grumpy ထည့်တော့ဘူးနော်

    ချစ်တဲ့
    မသီတာ

    ReplyDelete
  25. (အပေါ်ကလူ အမှိုက်ဖွ၏။)

    ဟက်ပီးနယူးရီးယား တူယူအောလ်။

    ReplyDelete
  26. (အပေါ်ကလူ အမှိုက်ရှုပ်၏။)

    Happy New Year!

    ReplyDelete
  27. ညီမရေ… ဖတ်လို့ ကောင်းတယ်… ဆက်ရေးနော်… အမတို့ ဆီမှာလဲ တခုကို အဲလိုဈေးချပြီး အများဝယ်ရင်ဈေးပိုတတ်တဲ့ shopping centerတွေရှိတယ်… အမက မရိုးသားလို့  အားမပေးဘူး…

    ပျော်ရွှင်ချမ်းမြေ့ဖွယ် နှစ်သစ်ဖြစ်ပါစေညီမရေ…

    ReplyDelete
  28. တစ်ထုပ် ပြား ၈၀၊ ၂ ထုပ် ၁.၇၀ (ပိုများ များသွားလားလို့)

    ReplyDelete

Thank you for your time.