အချိန်တွေ အားလုံးပျောက်မှန်းမသိ ပျောက်သွားတယ်။ ရေးဖို့ အသာထား ဖတ်တောင် မဖတ်ဖြစ်တာမို့ ကိုယ့်ကိုယ်ကိုယ်တောင် အတော် စိတ်ပျက်မိတယ်။ သူငယ်ချင်းတွေ အားလုံးကို အမြဲ သတိရတယ်။ စိတ်ထဲကပဲ မှန်းပြီး နှုတ်ဆက် နေတာ ခဏ ခဏပေါ့။ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြမယ် လို့ ဆုတောင်း ပါတယ်။ ရေးချင်တာတွေ အများကြီးပဲ။ နောက်ဘယ်တော့မှ ပြန်ဝင်ဖြစ်မယ် မသိပါဘူး။
စိတ်ပူကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူး တင်ပါတယ်။ သတင်းကောင်း တစ်ခုကတော့ သားလေး တစ်ယောက် ရလိုက်တယ်။ သူနဲ့ပဲ အချိန်တွေ ကုန်နေလို့။
သတိရတယ် မီယာရေ...
ReplyDeleteသားလေးတယောက်နဲ့ဆိုလို့ ဝမ်းသာသွားတယ်...
အချိန်ရရင် သားလေးအကြောင်းတွေ ရေးပါအုံး...
ကျန်းကျန်းမာမာရှိကြတယ် အဆင်ပြေကြတယ်ဆိုတာလေး သိရအောင် တချက်တချက်တော့ မျက်နှာလာပြပါအုံးနော်...
ချစ်တဲ့
သက်ဝေ
အဖတ်တင်တာပေါ့ အဟိ. ကျန်းမာပါစေ.
ReplyDeleteမမကလဲနော်...
ReplyDeleteပြောရော့မယ်..။
မမီယာရေ...သတိရနေတာတကယ်။
ပေါက်
Very glad to see you again.
ReplyDeleteI miss you so much.
:)
mm