Tuesday, 11 November 2008

အလုပ်များတယ်


ရုံးမှာ လူတွေက အလုပ် များများ မများများ အလုပ်များတယ် လို့ပဲ အမြဲ ပြောကြတယ်။ အကျင့်ပါနေ သလိုပဲ မေးလိုက်တိုင်း မအားဘူး၊ အလုပ် ပိနေတယ် ပဲ ပြောကြတယ်။ လုပ်စရာ အလုပ်ကတော့ လူတိုင်းမှာ ရှိတာပေါ့။ လခ ယူထားတဲ့ သူတိုင်း အလုပ်လုပ် ရမှာပဲလေ။ အလုပ် ရှိနေတာက ဘာမှ လုပ်စရာ မရှိတာထက် စာရင် တော်သေးတယ်။ ပေးထားတဲ့ အလုပ်တွေ မပြီး နိုင်တိုင်း ပြောကြတာက အလုပ်များလို့တဲ့။ တချို့ကလည်း စားပွဲပေါ်မှာ စာရွက် အပုံလိုက်ကြီး တင်ထားတယ်။ အလုပ် ကျွေး တွေ ပေါ့လေ။ စာရေးမတွေ ကလည်း ကြည့်လိုက်ရင် အမြဲတမ်း လက်မလည်အောင် အလုပ် များနေကြတယ်။

ကိုယ်ကတော့ အလုပ်များလား မများလား ကိုယ့်ဘာသာ မသိပါဘူး။ အလုပ်ဆိုတာ ခိုင်းထားတာကို ပြီးအောင် လုပ်ရမယ် လို့ပဲ သတ်မှတ် ထားပါတယ်။ တခါမှလည်း ကိုယ့်ဆရာကို အလုပ်များတယ်လို့ ဆင်ခြေ မတက်ဖူးပါဘူး။ အလုပ် များချင်ယောင် ဆောင်ဖို့ အချိန်လည်း မရပါဘူး။ ဆရာက တစ်ခုပြီးရင် တစ်ခု လာပေးတာပါပဲ။ ဒီနိုင်ငံသားတွေ အတွက် တောင် အလုပ် ရှားနေတဲ့ အချိန်မှာ ကိုယ့်မှာ အလုပ် များနေတာ ကိုပဲ ကျေးဇူး တင်နေမိပါတယ်။

1 comment:

  1. အဲလို အိုက်တင် လုပ်မှ လူအထင်ကြီးမည် ဆိုရွေ့လည်းကောင်း ။ အဲလို အိုက်တင် မလုပ်က ဘောစ် မှ အလုပ် အသစ် များချ ပေးမည် ကို စိုးရွေ့လည်းကောင်း အဲဒီအိုက်တင် လုပ်ရခြင်းဖြစ်ပါသည်။ :P

    ReplyDelete

Thank you for your time.