Thursday, 13 November 2008

Open Heart Talk

ဒီနေ့တော့ ကိုယ်နဲ့ အဆင်မပြေဘူးလို့ အများက ထင်နေကြတဲ့ သူတစ်ယောက်နဲ့ ၁နာရီခွဲ လောက် စကား ပြောကြတယ်။ မနက်ဖန် ကိုယ်တို့ coach Carlos နဲ့တွေ့မှာ ကြောင့်လည်း ပါတယ်။ စစချင်း ဘာပြောရမှန်း မသိဘဲ ရှိန်နေကြတာနဲ့ အလုပ် အကြောင်းပဲ စလိုက်ကြတယ်။ ၁၅မိနစ် လောက်လည်း ကြာတော့ သူ့အမြင် ကိုယ့် အထင်တွေကို တယောက် တလှည့် ပြောကြတယ်။ ဒီလူက စကားမပြောခင် LISTEN လို့စပြီး DO YOU UNDERSTAND ME နဲ့ဆုံးတယ်။ ကိုယ်က သူ့သမီး အရွယ်လောက် ရှိပါတယ်။ ဒါပေမယ့် အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဒီလို မသုံးနှုံးဘူး ထင်တာပဲလေ။ (နောက်မှ အင်္ဂလိပ် ဆရာမကို မေးရမယ်)

ကိုယ်က ကိုယ့်သဘောထား ကို ပြောပါတယ်။ မကြိုက်ရင် မကြိုက်ကြောင်း ရဲရဲ ပြောနိုင် ချင်တယ်လို့။ အနောက်မှာ စိတ်ညစ် ရတာမျိုးနဲ့ နောက်ကျော ဓါးထိုးမှု မျိုးတွေ မကြားချင်၊ မလုပ်ချင်ဘူးလို့။ သူကလည်း သူလုပ်တာ၊ ပြောတာတွေကို မနှစ်သက်ရင် ခေါ်ပြောပါတဲ့။ အမြဲတမ်းတော့ တယောက်နဲ့ တယောက် သဘောမတူ နိုင်ပေမယ့် အဖွဲ့အစည်းအတွက် ဆိုရင်တော့ ကိုယ်ရေး ကိုယ်တာတွေ ဘေးဖယ်ပြီး စည်းလုံး ပါ့မယ်လို့ ကတိပေးတယ်။

coach ကကိုယ်တို့ နှစ်ယောက်ကို တယောက်နဲ့ တယောက် ကူညီ ဖေးမဖို့၊ မနက်တိုင်း အလုပ်နဲ့ မပတ်သက်တဲ့ အလာပ္ပ သလာပ္ပ ပြောပြီး ရင်းနှီးမှု ရယူဖို့ ပြောထားပါတယ်။ ခက်တာက သူ့ ဆက်ဆံရေးကို မယုံကြည်နိုင်သေးလို့ စင်စင်ကြယ်ကြယ် လွတ်လွတ်လပ်လပ် မပြောဆို နိုင်တာပဲ။ ဟန်ဆောင် နေတယ်လို့ အများအားဖြင့် ထင်တတ်တော့ သူ့ကို ကောင်းကောင်း မတုံ့ပြန်နိုင်ဘူး။ (ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုပေါ့)

လူလူချင်း ပြောဆို ဆက်ဆံရေးဟာ အလုပ်မှာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်တယ် ဆိုတာ လက်ခံပြီး ကျင့်သုံး နိုင်ဖို့လည်း ကြိုးစားရဦးမယ်။

3 comments:

  1. သုံးသင့်ပါတယ်။ သူ က သူပြောတာကို သေချာ အာရုံစိုက် နားထောင် စေချင်လို့ listen လို့ သုံးတာပါ။ သူပြောတဲ့ တန်ဘိုးရှိတဲ့  အချက်တွေ ကို မလွတ်စေချင်လို့ပါ။ do you understand me ဆိုတာကတော့ သူပြောတာတွေ ကို နားလည်ရဲ့လားလို့စိတ် ပူလို့ပါ။:P သူနဲ့ တွဲပြီး အလုပ်လုပ်တာ ကြာသွားရင် တစ်ယောက် ကို တစ်ယောက် နားလည် မှူ တနေ့ တခြားရှိလာပြီး ဒီလို မျိုးပြော တာ တွေ မရှိတော့ပါဘူး။ ကိုယ့်ဘက် က သူပြော တာ တွေ ကို အာရုံစိုက် မှာ သမျ ပြီးနေရင် အဆင်ပြေ သွားပါလိမ့်မယ်။ :D

    ReplyDelete
  2. မမျှော်လင့်ထားတဲ့အကြံပေးချက်ကို အလေးထားပြီးစဉ်းစားပါမည်၊
    မမကိုအရမ်းလေးစား၍ဖြစ်ပါသည်။

    ReplyDelete
  3. သြော်.. သူတို့မှာ ဒါမျိုး ဓလေ့တွေ ရှိကြောင်း မှတ်ထားမှ။
    မြန်မြန် အဆင်ပြေလိုက်ပြီး နောက်ခဏခဏ စကားမပြောရ အေးတာပဲ လို့ တွေးမိတယ်။
    အဖွဲ့စည်းအတွက် ကိုယ်ရေးကိုယ်တာ ဘေးဖယ်မယ် ဆိုတော့ ကိုယ်ရေးကိုယ်တာဆို အဆင်မပြေတာတော့ ရှိမှာပဲ.. လို့ စကားထဲ သွားနေတယ်လို့ လျှောက်တွေးမိတယ်။
    ဒါ သူ့ဘက်က သည်းခံပါ လို့ ကြိုပြောတာ ထင်တယ်။

    ReplyDelete

Thank you for your time.