Wednesday, 3 December 2008

ပထမဆုံးခရစ်စမတ်ကဒ်

ဒီနှစ်အတွက် ပထမဆုံး ရောက်လာတဲ့ ခရစ်စမတ်ကဒ် ကတော့ ဂျာမနီက သူငယ်ချင်း ကေသီ့ ဆီကပါ။ အီးမေးနဲ့ အီးကဒ်တွေ အလွယ်တကူ ရတဲ့အချိန်မှာ အခုလို စာတိုက်ကနေ ကဒ်လေး ရောက်လာတာ တမျိုး ပျော်စရာ ကောင်းပါတယ်။

ကိုယ်တို့ နှစ်ယောက်လည်း နှစ်ဖက် ဆွေမျိုးနဲ့ သူငယ်ချင်းတွေ ပေါင်းလိုက်ရင် ကဒ် စာရင်းက အရှည်ကြီး ဖြစ်သွားလို့ မနှစ် ကစပြီး အမြဲ အွန်လိုင်းမှာ တွေ့နေကျ သူတွေကို အီးကဒ်ပို့ပြီး သိပ်မတွေ့ ဖြစ်တဲ့ သူတွေနဲ့ လူကြီး တွေကိုတော့ စက္ကူကဒ် ပို့ပါတယ်။

နှစ်ယောက်သား ခရစ်စမတ် ကဒ်တွေ ရေးရတာလည်း အလုပ်တစ်ခုပေါ့။ ပို့ရမယ့် သူစာရင်း ကလည်း တစ်နှစ်နဲ့ တစ်နှစ် မတူဘဲ အနည်းငယ် ပြောင်းတတ် ပါသေးတယ်။ အိမ်ပြောင်း တဲ့သူတွေ၊ အိမ်ထောင်ကျ တဲ့သူ အစ ရှိသဖြင့်ပေါ့။ ဆုံးသွားတဲ့သူတို့၊ အိမ်ထောင်ဖက် မရှိတော့တဲ့ သူတွေလည်း ဒီနှစ် ထဲမှာရှိလို့ ဒီနှစ် ခရစ်စမတ်ကဒ် တွေမပို့ခင် ကဒ်စာရင်းကို အသေအချာ ပြင်ရဦးမယ်။ ကဒ်တွေ ကတော့ ၀ယ်ပြီးပါပြီ။

3 comments:

  1. ပလုပ်တုတ်.......တစ်ကဒ်မှ မပို့ရသေးဘူး။ စာရင်း သွားလုပ်လိုက်ဦးမယ်။ ကျေးဇူး ဟိ။

    ReplyDelete
  2. အီးကဒ်လေးတစ်ခုလောက်
    Khinoomay77@gmail.com

    ReplyDelete
  3. မမ KOM > မပြောလည်း ပို့မလို့ပါပဲ။ အခုနှစ်ကစပြီး အီးကဒ်စာရင်းထဲ ထည့်ထားလိုက်ပါပြီ။ မျှော်...

    ReplyDelete

Thank you for your time.