အသက်လေး ရလာလို့ ကိုယ့်အတွက် ခရစ်စမတ် လက်ဆောင်ကို ငယ်ငယ် ကလောက် စိတ်မလှုပ်ရှားတော့ဘူး။ သူများတွေကို ပေးဖို့ လက်ဆောင် ၀ယ်ရ ပါကင်ထုတ် ရတာနဲ့ ခရစ်စမတ် ပြီးမှ ဟူးခနဲ သက်ပြင်းချ နိုင်တယ်။ သင့်တော်မယ်ထင်တဲ့ လက်ဆောင် ရွေးရတာရယ်၊ ကိုယ့်ဘတ်ဂျက်နဲ့ ညီမျှဖို့ရယ်၊ အချိန်မီ ပေးနိုင်ဖို့ရယ် စသဖြင့် ချိန်ကိုက် ရတာလည်း အတတ်ပညာ တစ်ခုပါပဲ။ ခံစားရတဲ့ ကောင်းကြီး မင်္ဂလာတွေကို ဝေမျှ ခံစား စေလိုတဲ့ စိတ်တစ်ခုနဲ့ ခရစ်စမတ် လက်ဆောင် ပေးတဲ့အမှုကို ပြုလုပ်တာလို့ ခံယူပါတယ်။
Thursday, 4 December 2008
ပထမဆုံးခရစ်စမတ်လက်ဆောင်
အသက်လေး ရလာလို့ ကိုယ့်အတွက် ခရစ်စမတ် လက်ဆောင်ကို ငယ်ငယ် ကလောက် စိတ်မလှုပ်ရှားတော့ဘူး။ သူများတွေကို ပေးဖို့ လက်ဆောင် ၀ယ်ရ ပါကင်ထုတ် ရတာနဲ့ ခရစ်စမတ် ပြီးမှ ဟူးခနဲ သက်ပြင်းချ နိုင်တယ်။ သင့်တော်မယ်ထင်တဲ့ လက်ဆောင် ရွေးရတာရယ်၊ ကိုယ့်ဘတ်ဂျက်နဲ့ ညီမျှဖို့ရယ်၊ အချိန်မီ ပေးနိုင်ဖို့ရယ် စသဖြင့် ချိန်ကိုက် ရတာလည်း အတတ်ပညာ တစ်ခုပါပဲ။ ခံစားရတဲ့ ကောင်းကြီး မင်္ဂလာတွေကို ဝေမျှ ခံစား စေလိုတဲ့ စိတ်တစ်ခုနဲ့ ခရစ်စမတ် လက်ဆောင် ပေးတဲ့အမှုကို ပြုလုပ်တာလို့ ခံယူပါတယ်။
အနွေးထည်ရယ် ကုတ်ရယ် ထပ်ဝတ်ပြီး မှ ဆိုရင် တော့ ဘာမှ မြင်ရတော့မယ် မထင်ဘူး။ :P
ReplyDeleteအမမီယာ လက်ဆောင်လေးက လှတယ်ဗျ
ReplyDeleteလှတယ်ဗျိုး BTW အသစ်တင်တိုင်းရောက်ဖြစ်ပါတယ် စီဘုံးမရှိလို့ ဘာမှမပြောဖြစ်ဘူး :D
ReplyDeletehttp://mmbloggershelpdesk.blogspot.com/2007/08/contributor-read-more-collapse.html
ReplyDeleteအဲဒီမှာ ပို့စ် ခေါက်တာလေး လုပ်တာ ရေးထားတာရှိတယ်..
မမ KOM> ဟုတ်ပါ့။ အေးတဲ့အချိန်ဆိုရင်ရှိုးထုတ်လို့ မရပါဘူး။
ReplyDeleteနိနိ> တို့လည်းကြိုက်တယ် အနက်ရောင်ဖြစ်နေလို့သာ..
မေမိုး> လာလည်တာကျေးဇူး။ စီဘုံးကကိုယ့်အတွက် သိပ်မြင့်နေသေးတယ်။သူများဘုံးမှာပဲ သွားဆော့တတ်သေးတယ်။ အခုတောင် ကိုဇနိက ပို့စ်ခေါက်တာလေး လင့်ခ်ပေးထားလို့။
ကိုဇနိ> ကျေးဇူးတကယ်တင်ပါတယ်။ လုပ်လို့ရပြီးသွားရင်လည်း အကြောင်းကြားပါ့မယ်။