Friday, 20 February 2009

လမ်းပေါ်ကပန်း

အလုပ်သွားတဲ့ လမ်းမှာ ပန်းကလေးတွေ ပွင့်နေတာ တွေ့လို့ ၀မ်းသာအားရနဲ့ ဓါတ်ပုံ ရိုက်ထားလိုက်တာ။ ရာသီဥတု ဆိုးပြီး နှင်းတွေကျ ရေခဲတွေ ဖုံးနေခဲ့တာတောင် အားမလျော့ဘဲ ရှိသလောက်အားနဲ့ ပွင့်ကြတဲ့ ပန်းလေးတွေကို မြင်ရတာ အားရှိလိုက်တာ...
snowdrops တဲ့။ ဖြူဖြူ ဥလေးတွေ။ ကြည့်လိုက်လျှင် ဖျော့တော့တော့လေး။ နုနုလေး။ အပင်ကလည်း ပုပု နွဲ့နွဲ့လေး။ ရာသီဥတုဒဏ် ခံနိုင်မယ်လို့ မထင်စရာ ကောင်းလောက်အောင် သေးသေးလေးတွေ။ ဟိုနေရာ ဒီနေရာ အစုလိုက် ပွင့်နေကြပြီ။
အဖြူနဲ့ အ၀ါရောင် ပန်းလေးတွေရယ် အဖူးလေးတွေ ထွက်စပြုပြီဖြစ်တဲ့ သစ်ပင်တွေရယ် ကို ကြည့်ပြီး နောက် တရာသီ ပြောင်းကာနီးပါပြီလားလို့...

9 comments:

  1. ပွင့်သောပန်းတိုင်း လှပါစေ.. မွှေးပါစေ.. လန်းပါစေ..
    မီယာ တစ်ယောက်လည်း... ပန်းကလေးတွေနဲ့အတူ.. ရွှင်လန်းချမ်းမြေ့ ပျော်ရွှင်အဆင်ပြေပါစေပေါ့..း)း)

    ReplyDelete
  2. ပန်းကလေးတွေမြင်ရတာ စိတ်ချမ်းသာလိုက်တာ

    ReplyDelete
  3. လှပလန်းဆန်းတဲ့ ပန်းကလေးတွေ မြင်ရတာ ပျော်တယ်။ ကျေးဇူး။
    “ရာသီပြောင်းချိန်မှာ အဖော်ကွာတော့ ......” စိုင်းထီးဆိုင် သီချင်းလေးကိုလည်း မတောက်တခေါက် ညည်းသွားပါတယ်း)

    ReplyDelete
  4. ပန်းဖြူဖြူလေးတွေကချစ်စရာ။

    ReplyDelete
  5. အလေ့ကျ ပန်းကလေးတွေပေါ့.... ချစ်စရာလေးတွေနော်..။ တခါတလေတော့လည်း စဉ်းစားမိပါရဲ့။ အလေ့ကျဆိုတော့ ပြုစုယုယထားတဲ့ပန်းတွေထက်စာရင် ပိုအကြမ်းပတမ်း ခံနိုင်လေသလားပဲ..။ မီယာလည်း အလုပ်သွားရင်း သည်ပန်းလေးတွေကြောင့် ပျော်ရွှင်အားတက်ရတယ် ဆိုရင်.. သူတို့တွေကိုယ်စား အားရလိုက်တာ..။ :)

    ReplyDelete
  6. snowdrops တဲ့.. နာမည်လေးလှသလောက် ပုံစံလေးလည်း လှတယ်.. ကြိုက်တယ်..

    ReplyDelete
  7. Snowdrops ပန်းလေးတွေကြိုက်တယ်.. အမြင်တမျိုးလေးပဲ.. တကယ် နှင်းစက်တွေ ကျနေပုံနော်.. လှတယ်.. :)

    ReplyDelete
  8. buttercups လေးတွေထင်တယ်.. အ၀ါလေးတွေက..
    အစ်မရိုက်ထားတဲ့ပုံက အရွက်နဲ့ တိုက်ကြည့်နေတာ။
    http://en.wikipedia.org/wiki/Buttercup
    ဒီပန်းကို အပြင်မှာ သိပ်မမြင်ဖူးလို့ လိုက်ရှာနေတာ။
    ခုလို သဘာဝကျတဲ့ပုံမျိုး မမြင်ဖူးသေးဘူး။ ကျေးဇူး။

    ReplyDelete
  9. SnowDrops တဲ့။ ပထမဆုံး မြင်ဖူးခြင်းပဲ။ လှလဲလှ၊ ပျော့ပျော့ နုနုလေးလို့ ထင်ရပေမဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည် ရှိလို့ အဲဒီပန်းကလေး ဖြစ်ချင်မိတယ်။

    ReplyDelete

Thank you for your time.