Friday, 1 May 2009

အိပ်ဆေးမရှိ

အလုပ်ထဲမှာ အအိပ် ပျက်တဲ့သူတွေ များနေတာနဲ့ ဒီအကြောင်း ရေးဖြစ်တာပါ။ တချို့က ကလေးငယ်လို့၊ တချို့က စိတ်ပူလို့၊ တချို့ကျတော့လည်း အစာမကြေလို့ အကြောင်းမျိုးစုံပဲ။ အားလုံးထဲကမှ အန်ဂျီ ဆိုတဲ့ အမျိုးသမီးကတော့ အိပ်မရတာ အနှစ် ၂၀ ရှိပြီတဲ့။ သူ့ယောကျာ်းက ဆရာဝန်ပါ။ လက်ထပ်ပြီး အတော်ကြာတဲ့ အထိ ကလေး မရခဲ့ဘူး။ ရပြန်တော့လည်း ၂ယောက် ဆက်တိုက်။ ကလေး ၂ယောက် မွေးပြီး ကတည်းက ညဘက် အိပ် မရတော့တာပါ။ အစကတော့ သာမန် အိပ်မရတာပဲ ဆိုပြီး ဘယ်သူမှ သူ့ကို အရေးထားပြီး နားမထောင်ကြဘူး။ ၂နှစ် အတွင်းမှာ ပိန်သွားလိုက်တာ ဆိုဒ် ၁၆ ကနေ အခုဆို ၁၀ ဖြစ်နေပြီ။

ခရစ်စမတ်နဲ့ သူ့မွေးနေ့တွေမှာ ရတဲ့ လက်ဆောင်တွေက အိပ်ပျော်စေမယ့် အရာမျိုးတွေ။ အားလုံးကလည်း သူအိပ်မပျော်တာ သိနေတော့ စာအုပ်၊ လာဗင်းဒါ ခေါင်းအုံး၊ သီချင်းခွေ၊ တရားခွေ၊ ချယ်ရီ ဘရန်ဒီ စတာတွေ ပေးကြတယ်။ ဒါ ကိုယ် မြင်ရသလောက် ပြောတာ။ တခြား သူ့ သူငယ်ချင်းတွေ ကလည်း အိပ်ပျော်စေမယ့် လက်ဆောင်တွေ ပေးကြတယ် ပြောတယ်။ သွေးစစ်၊ ဆီးစစ် အပြင် တခြား မတဲ့နိုင်တဲ့ အစားအသောက် စစ်ဆေးရေးတွေလည်း အားလုံး လုပ်ပြီးပြီ။ သူ့မှာ ငွေကြေး အတွက်ရော မိသားစု အတွက်ပါ ပူပန်စရာ မရှိသလောက် အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ အန်ဂျီ အိပ်မပျော်ရခြင်း အကြောင်းက ဘာလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး။

နောက်တယောက်ကတော့ ဆရာမ ပါ။ သူကလည်း ညညဆို အိပ်မပျော်လို့ အိပ်ဆေး သောက် အိပ်ရတယ်တဲ့။ မနက်ရောက်တော့ အိပ်ရာထချင်စိတ် မရှိလို့ စိတ်ကြွဆေး လိုမျိုး သောက်ပြီး ရုံးကို ထွက်လာရတယ်တဲ့။ ညအိပ်ချိန်က နာရီ အနည်းငယ်ပဲရှိလို့ စိတ်မကြည်မလင်လည်း ဖြစ်တတ်ပါသေးတယ်။ ပျော်စရာ သတင်းကြားရင် စိတ်လှုပ်ရှားပြီး အိပ်မရသလို စိတ်ညစ်စရာ ရှိရင်လည်း အိပ်မရတော့ဘူး ဆိုပဲ။ သူတို့ချင်း စကားပြောဖြစ်ကြရင် ဘယ်သူက အိပ်ပျော်လဲ ဘယ်လို အိပ်ပျော်အောင် လုပ်မလဲ စတာတွေပဲ ကြားရတယ်။

အသိဆရာဝန် တယောက်ကတော့ အလုပ် ပင်ပန်းလွန်းလို့ အိပ်ဆေး အမြဲ သောက်ရတယ်။ နောက်တနေ့ အလုပ်လုပ်ရမှာမို့ မအိပ်ရင် မဖြစ်တာကြောင့် အိပ်ဆေး သောက်ရတာတဲ့။ သူတို့ကို ကြည့်ပြီး စိတ်မသက်သာဘူး။ တတ်သလောက် မှတ်သလောက်လည်း အကြံပေးကြည့်ပါတယ်။ သူတို့က သမ္ဘာရင့်နေပြီ ဆိုတော့ ကိုယ်ပြောတာတွေက လုပ်ပြီးနေသားတွေ။ အိပ်ချင်တိုင်း အိပ်လို့ရတဲ့ သူတွေ အတွက်တော့ အိပ်မပျော်ဘူး ဆိုတာ မယုံနိုင်စရာပါပဲ။ ဒါပေမယ့်လည်း သူတို့ ကိုယ်ခန္ဓာတွေကိုပါ ထိခိုက်နေတာ တွေ့နေရတာ ဆိုတော့ တကယ် ဖြစ်ပျက် ခံစားနေရတာ။ အိပ်မပျော်တဲ့သူများ အိပ်ချင်တဲ့ အချိန်မှာ အိပ်ပျော်နိုင်ကြပါစေနော်။

21 comments:

  1. ဟုတ်တယ်.မီယာ အစ်မလဲ. အဲသလိုဘဲ။ မအိပ်နိုင်တာကတော့လုပ်ချင်တာတွေများနေလို့။ အချိန်ကနည်းနေသလို။

    ReplyDelete
  2. အမကတော့ အိပ်မယ်လို့ ခေါင်းချလိုက်တာနဲ့ ပျော်သွားလေသတည်းပဲ။ တခါတလေခေါင်းဦးနဲ့ ခေါင်းမထိခင်ကတည်းက အိပ်ပျော်သလားမသိ ဟိဟိ။ တနေ့ကို အနည်းဆုံး ၆ နာရီ ၇ နာရီ အိပ်တယ်။ ဒါ့ထက်လဲ ပိုမအိပ်ဖြစ်ပါဘူးဟာ။ ဒါပေမယ့် ခုထိတော့ အိပ်မပျော်မဖြစ်သေးဘူး တော်ပါသေးရဲ့နော်...
    အမ ခင်မင်းဇော်

    ReplyDelete
  3. တို့လဲ အိပ်ယာဝင်တာ ည၁၀နာရီဆိုရင် မနက်၁နာရီ၊၂နာရီလောက်မှအိပ်ပျော်တယ်။မနက်ဆိုမထချင်ဘူး။
    ခေါင်းချရင် တုံးခနဲအိပ်ပျော်တဲ့သူတွေကိုအားကျတယ်။

    ReplyDelete
  4. ရွှန်းမီ1 May 2009 at 11:24

    အိပ်မပျော်တာ အသာထား..
    မနက်ဆို ချက်ချင်းမနိုးနိုင်တာကရော ..
    ဘယ်လိုကုရပါ့. . .

    ReplyDelete
  5. မီယာရေ အမကတော့ အိပ်လွန်းလို့ ခက်နေတဲ့ အစွန်းတဘက်မှာပါ။ အမ အသိတွေထဲက မအိပ်နိုင်ကြသူများကတော့... အိမ်ထောင်တာဝန်၊ ကလေးတွေတာဝန်ကို (လူခွဲမရှိပဲ) မလစ်ဟင်းစေချင်တဲ့ သူတို့ရဲ့ စေတနာတွေက သူတို့ကို သိပ် alert ဖြစ်စေရာကနေ အကျင့်တွေပါပြီး အိပ်မယ်ဟဲ့ ဆိုလည်း အိပ်လို့ မရတော့တာမျိုးတွေပါ။ (အသက်အားဖြင့်လည်း ၄၂ မှ ၄၇ အတွင်းတွေပေါ့)

    ReplyDelete
  6. ဘဝတူတွေအများကြီးပါလားရယ်လို့တွေးရင်း
    ညတိုင်း သိုးတွေ ခြံထဲရေထည့်လိုက် ပြန်ရေတွက်
    ထုတ်လိုက်နဲ့ သိုးတွေတောင်ခြေကုန်လက်ပမ်းကျ
    နေကြောင်းးးးးးးးးးးးးးးးးးးးး)

    ReplyDelete
  7. အလုပ်က ဖိအားများတာတို့..
    အိမ်တာဝန်ပိတာတို့..
    ကလေးကျောင်းကိစ္စတို့..
    မိဘ မောင်နှမတွေကို စိတ်ပူတတ်တာတို့..
    .......
    .........
    စတာတွေကြောင့် အိပ်မရတတ်ပါဘူး။။
    ညပိုင်းကော်ဖီသောက်ရင်လဲ အိပ်မရပါ.။။
    လွန်ခဲ့သော ၆နှစ်လောက်က အိပ်မရတဲ့ညတွေများလွန်းလို့..ဆရာဝန်ပြကြည့်တဲ့အခါ..
    အိပ်ဆေးတွေပဲပေးလိုက်ပါတယ်..။။
    အိပ်မရတဲ့အခါ တစ်လုံးသောက်ခိုင်းပါတယ်။။
    လေးပုံ တစ်ပုံလောက်လေးပဲ သောက်မိတာ..
    မနက်မထနိုင်ဖြစ်သွားပါတယ်။။
    အဲ့တော့ ဆေးတွေလွှင့်ပစ်လိုက်ပါတယ်။။
    (ဒီလိုမလုပ်သင့်ဘူးဆိုတာသိပါတယ်..
    ဆေး အလဟတ်သတ်ဖြစ်မယ်...
    ပတ်ဝန်းကျင်ညစ်နွမ်းမယ်ဆိုတာတွေကို..)
    အဟဲ..
    အာလူးများသွားပြီ..

    ReplyDelete
  8. အိပ်ခါနီး ပျော်စရာ၊ ဝမ်းနည်းစရာ ရှိရင် စိတ်လှုပ်ရှားပြီး အိပ်မရတော့ဘူး။
    နောက်တနေ့မှာ အရေးတကြီး လုပ်စရာရှိရင်လည်း အိပ်မရတတ်ပြန်ဘူးလေ။
    မီယာရေးတဲ့ အန်ဂျီကတော့ သနားစရာနော်။

    ReplyDelete
  9. သောက်လက်စ ကော်ဖီခွက်ကို ဘေးနားချရင်း အိပ်ပျော်သွားတတ်တဲ့ ကိုယ့်ကို အိမ်သားတွေက အသက်ကြီးလာမှ သိလိမ့်မယ်လို့ ပြောတတ်ကြတယ်...
    (အခုတော့ အသက်က မကြီးသေး သလိုလို...)
    အခုထိတော့ ကိုယ့်မှာ အိပ်မပျော်တဲ့ ညတွေ တော်တော်လေး ရှားပါးနေသေးတယ်... သို့သော်လည်း ညီမပြောတဲ့ အိပ်မပျော်တတ်သူတွေကိုတော့ စာနာ သနားမိပါတယ်...

    ReplyDelete
  10. စိတ်ပူရာတစ်ခုခုရှိရင်တော့ တစ်ရက်လောက် အိပ်မပျော်ဘူး။ အဲဒါစိတ်ပူစရာ ပြီးသွားရင် အတိုးချပြိး အိပ်သလားမှတ်ရတယ်။ ခေါင်းအုံးနဲ့ခေါင်းကပ်မကပ်တောင် မသေချာခင် အိပ်ပျော်တာ။
    လူသေကမှ နည်းနည်းလှုပ်အုံးမယ်။ အဖော်ရှိပြီ.. မသက်ဝေနဲ့တူတယ်။ ကော်ဖီဘယ်လောက်သောက်သောက် လက်ဖက်စားစား ဘာမှမဖြစ်ဘူး။ အိပ်ပျော်တယ်။
    mm

    ReplyDelete
  11. According to my experience:-
    When I mentally tired, I can't sleep overnight.
    When I physically tired, I slept quickly while just touch a pillow.

    Bino

    ReplyDelete
  12. ဆိုက်ဇ် ၁၆ ကနေ ၁၀ ဖြစ်အောင်တောင် အိပ်မပျော်ဘူးဆိုတော့ သနားလိုက်တာ။ သူ တော်တော် ခံစားရမှာပဲ။
    တို့လဲ ခေါင်းအုံးနဲ့ ထိတာနဲ့ အိပ်ပျော် တတ်တဲ့လူစားပဲ။ နည်းနည်း အိပ်ရေးပျက်မိရင်လဲ ကိုယ့်ဖာသာကိုယ် ပြန် ဖြည့်အိပ်လို့ မဆုံးနိုင်ဘူး။ ဘက်ထရီလေး နီနေပြီ ဆိုပြီး ပြန် charging ဖြည့်တာပဲ သိလား။

    ဒါနဲ့ မီယာမေးတဲ့ မာမီဌေးဆိုတာ ဆရာမ ဒေါ်တင်တင်ဌေး ဟုတ်ပါတယ်။ တို့က တီတီစီမှာ လေးတန်းထိ နေခဲ့တာ။ နောက်မှ Augustine ပြောင်းသွားတာ။ အမတွေ အကုန်လုံးက Augustine ဆိုတော့ တူအောင် ပြောင်းရတာ။ ကျောင်းက နေ့တ၀က် ဖြစ်တာလဲ ပါတယ်။

    ReplyDelete
  13. အိပ်မပျော်တာ စိတ်ကြောင့် ဖြစ်ဖို့များပါတယ်။
    ဗုဒ္ဓဘာသာဆိုရင် တရားထိုင်ဖို့ တိုက်တွန်းကြည့်ချင်တယ်။
    ဘာသာခြားဆိုရင်တော့ ရောဂကျင့်စဉ်လိုမျိုးကျင့်ရင် အဆင်ပြေမယ်ထင်ပါတယ်။
    အိမ်မပျော်တာက ရေရှည်မှာ စိတ်ကျန်းမာရေးကိုပါ ထိခိုက်နိုင်လို့ ဂရုစိုက်သင့်ပါတယ်။

    ReplyDelete
  14. အိပ်တာကို တမင်အိပ်စရာမလို ... မအိပ်အောင်သာ တမင် ပြူပြဲထားရပါသည်...

    ကျွန်တော့် အတွက် မအိပ်ဆေး လိုလိမ့်ပါမည်..း)

    ReplyDelete
  15. ညီမလည်း ငယ်ငယ်ကဆို ခေါင်းအုံးနဲ့ ခေါင်းနဲ့ထိလိုက်တာနဲ့ တုန်းကနဲ အိပ်ပျော်တတ်တာ။ ဆယ်တန်းနှစ်အရောက်မှာ ပထမလပတ်စာမေးပွဲတွက် အဆင့်ကျမှာ ကြောက်လို့ စာခြောက်ရင်း ညဥ့်နက်အထိစာကြည့်ရာကနေ အိပ်မပျော်ရောဂါ စွဲတော့တာ။ စောစောစီးစီးအိပ်ရင်အိပ်၊ မအိပ်ရင် တော်ရုံနဲ့ အိပ်မရတော့ဘူး။ အစပိုင်းက တော်သေးတယ်။ အိပ်မပျော်ရင် ဘုရားစာ သက်စေ့ရွတ်ဆိုလို့ ရွတ်တာ အရင်က အခေါက်မစေ့ခင် အိပ်ပျော်သွားပေမယ့် ခုနောက်ပိုင်းတော့ မရတော့ဘူး။ သက်စေ့တောင်လွန်သွားတယ် အိပ်မပျော်ဘူး။ အိပ်ရေးမဝတော့ တကုန် အိပ်ငိုက်နေတော့တာ။ အိပ်ဆေးတော့ မသောက်ချင်ဘူး၊ ဆေးစွဲမှာ စိုးတယ်။

    ReplyDelete
  16. ကျွန်တော်ကတော့ နေ့နဲ့ည မှားသွားတတ်လွန်းလို့ အတော်ဆင်ခြင်ရတယ်။

    ReplyDelete
  17. အသက်ကြီးလာတော့ အအိပ်အနေနည်းလာတာတော့ အမှန်ပဲ…
    မနှစ်က အိပ်မပျော်တာကို ရောဂါတခုလို ခံစားလိုက်ရတယ်…
    သားနေမကောင်းတာက စတာပါ…
    ပြီးတော့ ကိုယ်နေမကောင်း အစာအိမ်ဖြစ်… ဆံပြုတ်ဆက်တိုက်သောက်တော့ ဗိုက်ကဟာတာလဲ ပါမယ်ထင်တယ်…
    တညလုံးတရေးမှ မရလိုက်တဲ့ နေ့ တွေများလာတော့ အိပ်ဆေးသောက်တယ်…
    ပိုဆိုးတယ်… အမရဲ့အိပ်မပျော်တဲ့ရောဂါကို ပျောက်ကင်းစေတာက ဆရာတော်ဦးဇောတိက တရားတွေပါ… တရားနာခြင်းနဲ့ တရားမှတ်ခြင်းက အကောင်းဆုံးဆေးဖြစ်တယ်ဆိုတာ ကိုယ်တွေ့ ပါ…

    ReplyDelete
  18. ညည ဆို အတွေးလွန် .. သရဲကားကြည့်မိရင်ပိုဆိုး...
    ရုံးကို ရွှင်ရွှင် လန်းလန်း သွားတဲ့ နေ့ ...ရုံးမှာ မသန်းတဲ့ နေ့ မရှိပါ..

    ReplyDelete
  19. မမီယာ အစစ အဆင်ပြေပါစေဗျာ။

    ReplyDelete
  20. မမီယာ အစစ အဆင်ပြေပါစေခင်ဗျာ။

    ReplyDelete
  21. အစ်မမီယာ ..
    အလုပ်တွေများနေလား ..
    ပုံတွေကြိုက်တယ်ဆိုလို့ လက်ဆောင် လာပေးတာ

    http://lh6.ggpht.com/__MG2zm6mvXo/Shojw8FwzuI/AAAAAAAACCY/imqp8SWXau0/CIMG0186.JPG

    http://lh6.ggpht.com/__MG2zm6mvXo/ShojwdBSpZI/AAAAAAAACCU/ir6v9uKyUd8/CIMG0185.JPG

    ReplyDelete

Thank you for your time.