Thursday, 4 December 2008

ပထမဆုံးခရစ်စမတ်လက်ဆောင်

စာတိုက် ကနေ ဂျစ်ဖီ အိတ်လေးနဲ့ ရောက်လာတာ။ စင်ကာပူက ချစ်သော ဒေါ်လေး သဇင်ရဲ့ ခရစ်စမတ် လက်ဆောင်ပါ။ ဒီနှစ်အတွက် ပထမဆုံး ခရစ်စမတ် လက်ဆောင်။ သတိတရ တကူးတက ပို့ပေးလို့ ကျေးဇူးတင် လိုက်တာ။ မတိုမရှည် ဂါဝန်လေး။ အနက်ရောင်ကို ကိုယ်နဲ့ မလိုက်ဖူးထင်လို့ သိပ်မ၀တ်ဖြစ်ဘူး။ အဒေါ်တွေက ကိုယ့်ကို ဆယ်ကျော်သက် အရွယ်ပဲ မှတ်ထားပုံ ရတယ်။ လောလောဆယ် အေးတဲ့ ရာသီဥတုနဲ့ မကိုက်ပေမယ့် အပေါ်က အနွေးထည်၊ ကုတ် နောက်တထပ်၊ အသားကပ် ဘောင်းဘီ၊ လည်ရှည် ဖိနပ်နဲ့ ဆိုရင်တော့ အဆင်ပြေမယ် ထင်တာပဲ။

အသက်လေး ရလာလို့ ကိုယ့်အတွက် ခရစ်စမတ် လက်ဆောင်ကို ငယ်ငယ် ကလောက် စိတ်မလှုပ်ရှားတော့ဘူး။ သူများတွေကို ပေးဖို့ လက်ဆောင် ၀ယ်ရ ပါကင်ထုတ် ရတာနဲ့ ခရစ်စမတ် ပြီးမှ ဟူးခနဲ သက်ပြင်းချ နိုင်တယ်။ သင့်တော်မယ်ထင်တဲ့ လက်ဆောင် ရွေးရတာရယ်၊ ကိုယ့်ဘတ်ဂျက်နဲ့ ညီမျှဖို့ရယ်၊ အချိန်မီ ပေးနိုင်ဖို့ရယ် စသဖြင့် ချိန်ကိုက် ရတာလည်း အတတ်ပညာ တစ်ခုပါပဲ။ ခံစားရတဲ့ ကောင်းကြီး မင်္ဂလာတွေကို ဝေမျှ ခံစား စေလိုတဲ့ စိတ်တစ်ခုနဲ့ ခရစ်စမတ် လက်ဆောင် ပေးတဲ့အမှုကို ပြုလုပ်တာလို့ ခံယူပါတယ်။

5 comments:

khin oo may said...

အနွေးထည်ရယ် ကုတ်ရယ် ထပ်ဝတ်ပြီး မှ ဆိုရင် တော့ ဘာမှ မြင်ရတော့မယ် မထင်ဘူး။ :P

Anonymous said...

အမမီယာ လက်ဆောင်လေးက လှတယ်ဗျ

May Moe said...

လှတယ်ဗျိုး BTW အသစ်တင်တိုင်းရောက်ဖြစ်ပါတယ် စီဘုံးမရှိလို့ ဘာမှမပြောဖြစ်ဘူး :D

ဇနိ said...

http://mmbloggershelpdesk.blogspot.com/2007/08/contributor-read-more-collapse.html

အဲဒီမှာ ပို့စ် ခေါက်တာလေး လုပ်တာ ရေးထားတာရှိတယ်..

မီယာ said...

မမ KOM> ဟုတ်ပါ့။ အေးတဲ့အချိန်ဆိုရင်ရှိုးထုတ်လို့ မရပါဘူး။

နိနိ> တို့လည်းကြိုက်တယ် အနက်ရောင်ဖြစ်နေလို့သာ..

မေမိုး> လာလည်တာကျေးဇူး။ စီဘုံးကကိုယ့်အတွက် သိပ်မြင့်နေသေးတယ်။သူများဘုံးမှာပဲ သွားဆော့တတ်သေးတယ်။ အခုတောင် ကိုဇနိက ပို့စ်ခေါက်တာလေး လင့်ခ်ပေးထားလို့။

ကိုဇနိ> ကျေးဇူးတကယ်တင်ပါတယ်။ လုပ်လို့ရပြီးသွားရင်လည်း အကြောင်းကြားပါ့မယ်။