Showing posts with label News. Show all posts
Showing posts with label News. Show all posts

Monday, 22 June 2009

အလွဲသုံးစားခြင်း

ဗြိတိန် ပါလီမန် အမတ်တွေ ၂၀၀၃ ခုနှစ်ကစပြီး အလွဲသုံးစား လုပ်ထားတဲ့ အသုံးစရိတ်ပေါင်း စတာလင်ပေါင် ၅သိန်းလောက် ပြန်ရတယ်လို့ သတင်းမှာ ကြားလိုက်ရတယ်။ Daily Telegraph သတင်းစာကြီးကနေ ဖော်ကောင်လုပ်လို့ ဘယ်အမတ်တွေ ဘယ်လို ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား လုပ်တယ်ဆိုတာ အများပြည်သူတွေက သိခွင့်ရတာ။ တချို့က အိမ်ဝယ်ထားတဲ့ စရိတ်၊ တချို့ကျတော့ အိမ်ပြင်တဲ့ စရိတ်၊ သူတို့အိပ်တဲ့ အခန်းကို အသံလုံအောင် ပြုပြင်ရတဲ့ စရိတ်၊ သူတို့နေတဲ့ ခြံဝင်း တံခါး ၀ယ်ရတဲ့ စရိတ်၊ မီးဖိုချောင် ပြင်တဲ့ စရိတ်၊ အငှားကားစီး စရိတ်၊ ခြံရှင်း စရိတ်၊ လွမ်းသူ့ပန်းခွေ အတွက် ကုန်ကျစရိတ် စသဖြင့် မဆုံးနိုင်တော့ပါဘူး။ Daily Mail သတင်းစာက တခါ ဗြိတိန်က သံတမန် အရာရှိတွေ စနစ်တကျ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား လုပ်နေကြတဲ့ အကြောင်း ဖော်ပြ ပြန်လာပါတယ်။ အရာရှိတွေ နိုင်ငံခြား အစည်းအဝေး သွားတက်တိုင်း အရာရှိ ကတော်တွေ အတွက်ပါ ကုန်ကျ စရိတ် တောင်းခံကြကြောင်း၊ သံအရာရှိနဲ့ မိသားစုဝင်တွေ တနှစ် တခါ အိမ်ပြန်ခရီးကို မရှည်ရှည်အောင် ခရီးဝေးတွေက ကွေ့ပတ် ပြန်ကြတဲ့အခါ လေယာဉ်စီးချိန် ၃နာရီထက် ပိုသွားတဲ့ အတွက် စီးပွားရေးတန်းကနေ စီးနင်းလိုက်ပါခွင့် ရအောင် ကြံဖန်ကြတဲ့ အကြောင်း စသဖြင့်ပါ။

ဒီသတင်းတွေ မထွက်ခင် ရံဖန်ရံခါ ကြားရတဲ့ အကြောင်းတွေကတော့ သာမန် ပြည်သူ တဦး လမ်းမလျှောက်နိုင်လို့ အလုပ်မလုပ်နိုင်ဘူး ဆိုပြီး ထောက်ပံ့ကြေး ယူကာ ဘောလုံး ကန်နေတာ တွေ့လို့ အရေးယူခြင်း ခံရတဲ့ အကြောင်း၊ အားကိုးရမယ့် ယောကျာ်း မရှိပါဘူးလို့ ကြေငြာပြီး မိသားစု ထောက်ပံ့ကြေး ယူနေသူ အမျိုးသမီး တဦး ကလေးတွေ တယောက်ပြီး တယောက် မွေးနေလို့ သက်ဆိုင်ရာက အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့တဲ့ အကြောင်း၊ ကလေး ၅ယောက်ကို ကြည့်ရှုနေရလို့ ဘာအလုပ်မှ မလုပ်နိုင်ဘဲ အစိုးရ စရိတ်နဲ့ အိပ်ခန်း ၅ခန်းရှိတဲ့ အိမ်မှာ ပရိဘောဂ အပြည့်အစုံနဲ့ နေဖို့ တောင်းဆိုတဲ့ သူတွေရဲ့ အကြောင်း၊ ရရာ အလုပ် မလုပ်ဘဲ အလုပ် ရှာနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ရှာဖွေသူ ထောက်ပံ့ကြေး တောင်းခံတဲ့ လူတချို့ အကြောင်း၊ ၀င်ငွေစာရင်းကို လျှော့ပြပြီး အစိုးရကို အသုံးစရိတ် မလောက်လို့ ထပ်ဆောင်းပေးဖို့ လျှောက်ထားတဲ့ လူတွေ အကြောင်းပါ။

တကယ်တမ်း ပြောကြကြေးဆို ပါလီမန် အမတ်တွေလို ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ ထောက်ပံ့ကြေး လိမ်ယူတဲ့ လူတန်းစားက တတန်းထဲပါပဲ။ ပြည်သူ့ဘဏ္ဍာကို နည်းမျိုးစုံနဲ့ အလွဲသုံးစား လုပ်နေကြတာခြင်း အတူတူ ပါလီမန် အမတ်တွေကတော့ အလျော်အစား ပြန်ပေးပြီး သူတို့ အပြစ်ကို လျှော်လိုက်ကြတယ်။ သာမန်လူ ဆိုရင်တော့ ထောင်နန်းစံရမှာပါ။ ပြည်သူတွေက ယုံကြည် အားထားပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ ပုံအပ်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေက ပြည်သူ့ဘဏ္ဍာကို အခုလို အလွဲသုံးစား လုပ်တာကို ပြည်သူတွေက ပိုပြီး မခံမရပ်နိုင် ဖြစ်ကြပါတယ်။ စည်းမျဉ်း ဥပဒေတွေကို သူတို့အပြင် နားလည်တဲ့သူ ဘယ်ရှိပါ့မလဲ။

ကိုယ့်အလုပ်ထဲမှာတော့ ရုံးက ကုန်ကျရမယ့် စရိတ်မျိုးဆို ဘယ်လောက် ဈေးကြီးကြီး မစဉ်းစားဘဲ သုံးပစ်လိုက်တဲ့ လူမျိုးတွေ ရှိတယ်။ ကားနဲ့သွားရင် ပိုသက်သာပေမယ့် ဈေးပိုကြီးတဲ့ ရထားနဲ့ သွားတာမျိုး၊ ကားပါကင်ကို အလကားရတဲ့ နေရာ မရှာဘဲ ဈေးကြီးပေးပြီး ရပ်တာမျိုး၊ ကုမ္ပဏီက ပေးမှာမို့ ဈေးကြီးတဲ့ အရက် ၀ယ်သောက်တာမျိုး တွေပေါ့။ ဘာမဟုတ်တဲ့ အသေးအဖွဲ အလွဲသုံးစားမှုလို့ ပြောလို့ ရပေမယ့် ဒီလို အသေးအမွှား ကိစ္စလေးတွေကပဲ စပြီး ကြီးမားတဲ့ အမှုတွေ ကျူးလွန်မိကြတာပဲ မဟုတ်လား။

စကားချပ်။ ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့ အသုံးစရိတ် ဖြတ်ပိုင်းတွေတော့ ဖျက်ဆီးပစ်တဲ့ အထဲ မတော်တဆ ပါသွားတယ်လို့ ဆိုပါတယ်။

Sunday, 7 September 2008

Natural disasters

During the week, we saw different kinds of natural disasters happened in different parts of the world.

These are the news headlines from the BBC website.
Caribbean lashed by Hurricane Ike (America)
'Hundreds' killed by Haiti storm (America)
Deadly rockslide hits Cairo homes (Middle East)
Town evacuated after brook bursts (Europe)
Assam towns threatened by floods (Asia)
'Dozens die' in Mozambique fires (Africa)

My heart goes out to the people who suffered from these disasters. In such events, everyone must have panicked and scared, and might not have a clue what to do. Many lost their lives while running away from the disaster. Many were left behind with their lives messed up.