တည်းခိုခန်းတွေမှာ ဧည့်သည်တွေအတွက် သိကောင်းစရာ၊ ညွှန်ကြားချက်၊ စည်းကမ်း စသဖြင့် notice တွေကပ်ထားလေ့ရှိပါတယ်။ တည်းခိုခန်းကို ရောက်ရောက်ချင်း အဲ့ဒီလို စာတွေကို အရင်လိုက်ဖတ်လေ့ရှိပါတယ်။ ဥပမာ ဧည့်ကြိုကောင်တာရဲ့ ဖုန်းနံပါတ်၊ မီးလောင်လျှင် ပြေးဖို့ ထွက်ပေါက် စသဖြင့်ပေါ့။ တလောက သွားတည်းတဲ့ တည်းခိုခန်းက ကိုယ့်အခန်းထဲမှာ ကပ်ထားတဲ့ notice တွေကို အမှတ်တရဓါတ်ပုံ ရိုက်ထားတာပါ။ ပိုင်ရှင်ကို ဘယ်လိုလူစားမျိုးလဲလို့ သူ့စာတန်းတွေဖတ်ပြီး မှန်းကြည့်လို့ရတယ်။


4 comments:
အဲဒီစာတွေဖတ်ပြီး ပစိပစပ် ( အဲလိုပေါင်းရလားမသိ) များသူ၊ ပြတ်သားသူ၊ စာအုပ်ဆန်သူ၊ နှုတ်မချိုသူ၊ အားမနာတတ်သူ၊ ဘုကျသူ၊ ဂွစာဆန်သူ၊ ဈေးကွက် စီးပွားရေးသမား မပီသသူ လို့ထင်မိတာပဲ။ ဒါပေမယ့် သူမကြိုက်တာကို ဘွင်းဘွင်းရေးလိုက်တော့ ကောင်းတာပေါ့။ သူ့စည်းကမ်းမလိုက်နာချင်ဘူး မကြိုက်ဘူးဆိုရင် ကိုယ်လဲ မတည်းရုံပေါ့နော်။ The customer is always right!လို့ marketingဘက်မှာ intern ဆင်းတုန်းက သင်ဖူးတာပဲ။ ဒါပေမယ့်
သူ့ဘက်ကနေကြည့်မယ်ဆို ခံရတာများလို့ စိတ်ညစ်လာလို့ ရေးတယ်နဲ့တူရဲ့။
မွန်ရေ ဟုတ်မယ်၊ လူဆိုးတွေနဲ့ကြုံဖူးထားလို့ လို့ထင်တာပဲ။ တခါမှဒီလို အသေးစိတ် notice တွေမတွေ့ဖူးလို့ အမှတ်တရ ရိုက်ထားလိုက်တာ။ ဒါတောင်တခြား notice တွေအများကြီးရှိသေးတယ်။ သူ့ခွေး၃ကောင်ကို ဘယ်လိုဆက်ဆံ ပါ ဆိုတာရှိသေးတယ်။ ကိုယ်တို့ကိုဆက်ဆံပုံတော့ကောင်းပါတယ်။ မနက်စာကောင်းကောင်းလုပ်ကျွေးတယ်။း)
ကောင်းပါတယ်။ သူဖြစ်စေချင်တာသူရေးတာ။
အင်းပေါ့.. ကိုယ်မကျေနပ်တာရှိလည်း ပြန်ရေးသွားလို့ရရင် ကောင်းမယ်..
Post a Comment