Saturday 14 February 2009

He's just not that into you

သောကြာနေ့က He's just not that into you သွားကြည့်ု ဖြစ်တယ်။ တရုံလုံး နီးပါး ဆယ်ကျော်သက် မိန်းကလေး တွေ များတယ်။ ဇာတ်ကားထဲက မင်းသမီး မင်းသား ချောချော တွေကို ကြည့်ရတာနဲ့တင် ပျော်စရာ ကောင်းနေပါတယ်။ ဇာတ်လမ်း အကြမ်းဖျင်းကတော့ ဂျီဂျီဆိုတဲ့ မိန်းကလေး ငယ်ငယ်တုန်းက သိထားတာက ယောကျာ်းလေး တစ်ယောက် ကိုယ့်ကို အရေးမထား မလေးမစား လုပ်နေလျှင် ကိုယ့်ကို စိတ်ဝင်စားလို့ပါပဲ တဲ့။ ဒီလိုနဲ့ပဲ ဒိတ် လုပ်တိုင်း သူ့ကို စိတ် မ၀င်စားတဲ့ ယောကျာ်း တွေနဲ့ပဲ တွေ့တယ်။ ဒိတ် လုပ်ပြီး ပြန်လာတိုင်း ဇာတ်လမ်း ဆက်ဖို့ သူ့ဆီိ ဖုန်း နဲ့ ဘယ်သူမှ ထပ် မဆက်သွယ် ကြဘူး။ သူငယ်ချင်း တချို့ကတော့ ကိုယ်ကစ ဆက်လိုက်ပေါ့ လို့ အကြံ ပေးကြတယ်။

တနေ့တော့ အဲလက်စ်ရဲ့ ဘားမှာ စိတ် ပျက်ပျက်နဲ့ လာထိုင်နေတဲ့ ဂျီဂျီ ကို အဲလက်စ်က ယောကျာ်း လေးတွေ မိန်းကလေး တစ်ယောက်ကို စိတ် ၀င်စားတဲ့ အခါ တွေ့ရတဲ့ အပြု အမူ လက္ခဏာတွေ အကြောင်း လက်ချာ ရိုက်လိုက်တယ်။ ဂျီဂျီလည်း အဲ့ဒီ အချိန်ကစပြီး အဲလက်စ်ကို ပုဏ္ဏတိုင် လုပ်ပြီး သူနဲ့ တွဲတဲ့ ယောကျာ်း လေးတွေ အကြောင်း အမြဲ ဖုန်းဆက်ပြီး ပြောပြတယ်။ ဂျီဂျီ အတွက် အဲလက်စ်ရဲ့ မှတ်ချက် တွေ ကတော့ အားတက် စရာ မရှိပါဘူး။ ဂျီဂျီ အတွက် ရှာပေး ထားတဲ့ ဒိတ်က ရောက်မလာလို့ အဲလက်စ် နဲ့ပဲ ထိုင်ပြီး စကားတွေ ဖေါင်ဖွဲ့ လိုက်ရတယ်။ နောက်တော့ ဂျီဂျီက အဲလက်စ်ရဲ့ အပြု အမူတွေကို ပြန် စဉ်းစား မိပြီး အဲလက်စ် သူ့အပေါ် မရိုးသား တော့ဘူးလို့ ကောက်ချက် ချလိုက်တယ်။ အဲလက်စ်ရဲ့ ပါတီမှာ သာမာန် မိတ်ဆွေတွေလို မနေဘဲ အလှုရှင် မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြလိုက်၊ နောက်ဆုံး အဲလက်စ်ကိုပါ ချစ်သူတွေ လို ပြုမူဆက်ဆံလာတဲ့ ဂျီဂျီကို အဲလက်စ်က စိတ်တိုသွားပြီး မောင်းထုတ်လိုက်တယ်။ ဂျီဂျီလည်း အဲလက်စ်ရဲ့ မျက်စိရှေ့က ပျောက်သွားတယ်။ ကြားနေကျ စကားသံတွေ မကြားရ မြင်နေကျ ဂျီဂျီ့ မျက်နှာလေးကို မမြင်ရတဲ့ အခါကျတော့မှ အဲလက်စ်တယောက် မနေတတ် မထိုင်တတ်တွေ ဖြစ်ပြီး ဂျီဂျီကို သူချစ်နေတာ သူ့ဘာသာ သိသွားတယ်။ ဂျီဂျီကို ဖုန်းဆက်တာ ဘာမှ ပြန်မလာတာနဲ့ ဂျီဂျီ ရှိရာကို အကြောင်းရှာပြီး လိုက်သွားတယ်။ အခုမှ ဒိတ် အသစ်နဲ့ ပြန်လာတဲ့ ဂျီဂျီကို အခန်းဝမှာ သွားတွေ့တယ်။

ဂျီဂျီ (Ginnifer Goodwin) နဲ့ အဲလက်စ် (Justin Long) အပြင် တခြားစုံတွဲတွေလည်း ပါသေးတယ်။ ကိုယ်ချစ်တွေ ရှာမိကြတဲ့ ကော်နာ (Kevin Connolly) နဲ့ အဲန်နာ (Scarlet Johanson) ၊ ဂျီဂျီလိုပဲ အချစ်စစ် မတွေ့နိုင်တဲ့ မေရီ (Drew Berrymore)၊ လက်ထပ်ခြင်းကို မယုံကြည်တဲ့ နီးလ် (Ben Affleck) နဲ့ သူ့ ချစ်သူ ဘက်သ် (Jennifer Aniston)၊ မိန်းမ (Jennifer Connelly) ရှိလျက်နဲ့ အခြား မိန်းကလေး တစ်ယောက်ကို ရင်ခုန်မိလို့ ဗျာများရတဲ့ ဘဲန် (Bradley Cooper) တို့နဲ့ ကြည့်လို့ကောင်းအောင် ဇာတ်လမ်းဖွဲ့ထားတာပါ။

ရုပ်ရှင်ကြည့်ရင်း သူငယ်ချင်း တွေနဲ့ ပြောနေကြ စကားဝိုင်း တွေကို သတိရတယ်။ ဇာတ်လမ်းထဲက မိန်းမနဲ့ ယောကျာ်း အချစ်ကို အဓိပ္ပါယ် ဖော်တာခြင်း၊ အိမ်ထောင်ရေးကို စိတ်ကူးတာခြင်း မတူကြဘူး။ လက်မထပ်ရမချင်း စိတ်ချ လုံခြုံမှု မရှိဘူးလို့ မိန်းကလေးက ထင်သလို ယောကျာ်းကလည်း လက်ထပ်ပြီးတာနဲ့ ကိုယ့် လွတ်လပ်မှု ဆုံးရှုံးသွားမှာကို တွေးပူတယ်။ ချစ်သူတွေ မဖြစ်ခင်က ဖုန်းထဲက အသံလေး ကြားရဖို့ အရမ်း စဉ်းစား ချင့်ချိန်ရတယ်။ ချစ်သူတွေ ဖြစ်သွားပြီး မပိုင်ဆိုင် ရသေး ခင် အချိန် မှာတော့ အချစ်က မသေချာ မရေရာတဲ့ ပူပန် မှုတွေနဲ့ စိတ်ကို လှုပ်ရှား စေ ပြန်တယ်။

ဇာတ်ကား အမြည်း

6 comments:

Moe Cho Thinn said...

အလုပ်များနေတာနဲ့ အဲဒီကား မကြည့်ရသေးဘူး မီယာ။ တနေ့က သူငယ်ချင်းတွေ ညကြီးသွားကြည့်ရအောင် လာခေါ်တာ မလိုက်သွားမိဘူး။ တခါတလေတော့လဲ အဲဒီလို သွက်သွက်လေး ကြည့်ရတာ ကောင်းတယ်။
တို့က Drew Berrymore နဲ့ Jennifer Aniston ကို ကြည့်ချင်တာ။ အချစ်ကိုတော့ ယောကျာင်္းရယ် မိန်းမရယ် မဟုတ်ပါဘူး၊ နားလည်ခံယူကြတာချင်း တယောက်ချင်းစီ မတူကြသလိုပါပဲ။ ဒါကြောင့်လဲ ဆန်းကြယ်တဲ့ ခံစားမှုလို့ ပြောကြတာပေါ့။

PAUK said...

တီဗွီမှာကြော်ငြာလာတာတွေ့တယ်..
ကြည့်ချင်တယ်..
ချန်းနဲ့ကြည့်လို့ရပါ့မလား..
(မမ လာဟားဦးမယ်..ကျနော့ကို..)

MANORHARY said...

အဲဒီကားကိုတွေ့လိုကတယ်
ကြည့်လိုက်ရတာမဟုတ်ဘူးနော်
အဆုံးနားကျမှသေချာထိုင်ကြည့်မိပြီး
နာမည်ကျော်တွေတယ်များပါလားတွေူးလိုက်သေးတာ
ပြန်ကြည့်လိုက်ဦးမယ်
အညွှန်းးကောင်းလို့

Anonymous said...

အရမ်းကြည့်ချင်တာပဲ..မအားသေးလို့ ..နေနှင့်အုံး။
mm

tg.nwai said...

အော်...ရုပ်ရှင်တွေ မကြည့်ဖြစ်တာကြာပြီ။ တွေ့ရင် ကြည့်လိုက်ဦးမယ်..။

သက်ဝေ said...

လှလှပပ ပျော်ပျော်ပါးပါးကားလေးလို့ထင်လို့ ကြည့်ချင်တယ်...
မွန့်လိုပဲ ကြိမ်းသွားတယ်...
မအားသေးလို့ ... နေနှင့်အုံး...