ရာသီဥတု ကောင်းတာနဲ့ စနေနေ့က လျှောက်လည်ကြတယ်။ ဘယ်နေရာ သွားမယ်လို့ ရည်ရွယ်ချက် မရှိဘဲ ထွက်သွား ခဲ့ကြတာ။ မြို့ထဲ ရောက်တော့ တိုးရစ်တွေ စီးတဲ့ ကားနားသွားပြီး လည်စရာတွေ ပြထားတဲ့ စာစောင် တစ်ခု တောင်းလိုက်တယ်။ ပထမ ရွေးတာ Tate Modern တဲ့။ မျက်စိထဲမှာ မြင်တာက ရှုပ်ပွ ညစ်ပတ်နေတဲ့ မိန်းကလေး အိပ်ရာ။ နံမည်ကြီး ထရေစီ အန်မင်ရဲ့ အနုပညာကို ခံစား နိုင်လောက်အောင် ကိုယ် အရေမထူ သေးတာမို့
the Victoria and Albert ပြတိုက် သွားပါရစေ လို့ တောင်းဆို လိုက်တယ်။ ကံဆိုးချင်တော့ ရထား လိုင်းတချို့ မဆွဲဘူး။ ကံကောင်းချင်တော့ ပြတိုက်ကို တန်းတန်း မတ်မတ် ရောက်သွားတယ်။ သဘောကျ တာလေးတွေ ဓါတ်ပုံ ရိုက်လာပါတယ်။
ပန်းပုရုပ်တွေ ငေးရင်း အရမ်းလှတဲ့ အရုပ်ကလေး တစ်ရုပ်တွေ့လို့ နံမည် ကြည့်လိုက်တော့ ပန်ဒိုရာတဲ့...

မိန်းမပီပီ အ၀တ်အစားနဲ့ ဖက်ရှင်ကိုလည်း စိတ်ဝင်စားလို့ ၀င်ကြည့်တော့ ခေတ်အဆက်ဆက်က အ၀တ်အစား အသုံးအဆောင် တွေပြထားတယ်။ ပြခန်းအ၀က မှန်ဘီဒိုထဲမှာ အမြင်ဆန်းတဲ့ ဖိနပ်မျိုးစုံ တန်းစီပြီး ပြထားတယ်။ ကြိုက်တဲ့ အင်္ကျီလေး တစ်ထည်...

ဂျပန် ပြခန်းမှာ အင်ရို လေးတွေကို တန်းစီ ပြထားတာ တွေ့တော့ အခုရော ဂျပန်မှာ ဒါမျိုးလေးတွေ သုံးကြသေးလား လို့ တွေးမိတယ်...

ဒါကတော့ ကိုးရီးယားပြခန်းက... အိုးတွေ သဘောကျလို့

မြန်မာနိုင်ငံကလို့ ရေးပြထားလို့ ...

ဥရောပတိုက်က ကြေးနဲ့ သံထည် ရုပ်တုတွေ...

အ၀တ်စတွေကို မှန်ထဲမှာ အံဆွဲတွေထဲမှာ စနစ်တကျ သိမ်းပြီး ပြထားတယ်။ အံဆွဲတွေကို ကျေးဇူးပြု၍ ဖွင့်ကြည့်ပါ ဆိုတာကိုတော့ သဘော အကျဆုံးပဲ...

ဒီလောက်ပဲ တော်တော့မယ်။ ဓါတ်ပုံတွေ အများကြီး ရှိသေးတယ်။ နှစ်ယောက်သား ကြည့်လို့ မပြီးခဲ့ဘူး။ နောက်တခေါက် ပြန်သွားဖို့ နှစ်ဦးသဘောတူ ထားတယ်။
12 comments:
အများကြီးရှိသေးရင်ပြဦးလေ..
ချောင်းကြည့်သွားပါတယ်။
တို့လဲ လိုက်မယ် ချန်မထားနဲ့။
mm
အယ် အံဆွဲတွေကို ကျေးဇူးပြူပြီးဖွင့်မကြည့်ပါနဲ့လို မတားဘူးနော်။ ထူးဆန်းလိုက်တာ။ ကိုယ်တွေက တားမြစ်တာတွေနဲ့ ရင်းနှီးနေတော့ မတားမြစ်တာမြင်ရင် အံ့တွေသြလို့။ ဘယ်သူနဲ့သွားတာလဲ အမမီယာ။ သူ နဲ့လား။
ပုံမှန်ဆို “ကျေးဇူးပြုပြီး မကိုင်ရ” တို့ “မဖွင့်ရ” တို့ “မထိရ” တို့ပဲ ဖတ်ဖူး ကြားဖူးတာ..
နောက်ပြီး မီယာ ပြောပြမှ ဂျပန်က အင်ရိုအကြောင်း wiki မှာရှာဖတ်ကြည့်မိတယ်။ ဒီက လူတွေ သုံးလား မသုံးလားတောင် သတိမထားမိဘူး.. နောက်မှ သတိထားကြည့်ရမယ်.. တခြား ဓာတ်ပုံတွေ ရှိသေးရင် တင်ပေးဦးနော်.. :)
ပြတိုက်ထဲမှာ လေ့လာသွားပါတယ် :)
ကောင်း၏
ပြတိုက်တွေ သွားလေ့မရှိဘူး..
နောက်ပုံတွေ ရှိရင် ပေးပြဦးလေ..မမီယာ
မမမီယာရေ..
့မြန်မာပြည်ကဆိုတဲ့ ရှေးဟောင်းအရာတွေထဲမှာ... ဓါတ်ပုံရဲ့ ညာဘက်ထောင့်က ပစ္စည်းက.. ဘုရင်မကြီးရှင်စောပုရဲ့ ခေါင်းဆောင်းလို့ ထင်ပါတယ်
ခေတ်အဆက်ဆက် ရိုးရာ ယဉ်ကျေးမှုတွေ လာငေးမောသွားတယ်။ အံဆွဲတွေ ဖွင့်ကြည့်သွားပြီ။ :)
အပေါ်ဆုံးကမယ်တော်လက်ထဲက သေတ္တာ သတိထားနော်။ လွတ်ကျပြီး ပွင့်သွားရင်ခက်မယ်...ဆိုပဲ မီယာ။
good,
Post a Comment