Saturday 4 July 2009

Eating out

အခုလို အချိန်မှာ မိသားစုတွေလည်း အသုံးစရိတ်တွေကို အထိုက်အလျောက် လျှော့နေကြရပြီ။ နိုင်ငံခြား ခရီးလည်း သိပ် မသွားနိုင်ကြတော့ဘူး။ ငွေဈေးကလည်း အရင်လို မမာပြန်တော့ ဖေါဖေါသီသီ မသုံးနိုင်ကြဘူး။ အလုပ်တွေကလည်း လူလျှော့တာနဲ့၊ ကုမ္ပဏီ ဖျက်သိမ်းတာနဲ့ အနာဂတ်က မရေရာပြန်ဘူး။ လည်ပတ်နေတဲ့ ယန္တရားတွေ တခုပြီး တခု ရပ်သွားပေမယ့် ကိုယ်ခန္ဓာကြီး မရပ်သရွေ့တော့ အစား အသောက် အကြောင်း စဉ်းစားရဦးမှာပဲ။ ကျောင်းသား ဘ၀တုန်းက စာတဖက်နဲ့ ဖြစ်သလို စားကြတယ်။ ခေါက်ဆွဲခြောက်ကို ကြိုက်တော့ မငြီးတမ်း စားတယ်။ ရာသီဥတု အေးတာနဲ့လည်း အတော်ပါပဲ။ ရောက်ရောက်ချင်း တရုတ်ဆိုင်ကိုတွေ့တာ သံဈေးထဲ ရောက်သွားသလိုပဲ။ ၀က်အူချောင်းလည်းရ၊ ပဲပင်ပေါက် ပဲပြားလည်းရ၊ ဆန်ကတော့ ယိုးဒယားဆန် ပေါ်ဆန်းမွှေး လိုမျိုး ရလို့ ပျော်လိုက်တာ။ ကိုယ့်ဘာသာ ချက်စားတာတော့ အသက်သာဆုံးပဲ။

အလုပ်ရတော့ အကြောင်း ရှာပြီး အပြင် ထွက်စားတယ်။ သူ့မွေးနေ့ ကိုယ့်မွေးနေ့ အဖြေ ပေးတဲ့နေ့ စေ့စပ်တဲ့နေ့ မင်္ဂလာဆောင်တဲ့နေ့ လခထုတ်တဲ့နေ့ တခု မဟုတ် တခု ကြံဖန်တယ်။ မြို့လေးက သေးပြီး စားသောက်ဆိုင်တွေကတော့ အများသား။ ဒီက လူတွေလည်း အပြင်စာ အတော် စားကြပုံပဲ။ ညနေဆို စားသောက်ဆိုင်တွေမှာ လူအပြည့်။ pub မှာ သောက်ရင်းနဲ့ စားတဲ့ သူတွေလည်း ရှိတယ်။ ကျောင်းသားများတဲ့ မြို့မို့လို့လား မသိဘူး pub တွေလည်း ပေါမှ ပေါပဲ။ တချို့ pub တွေက အစားအသောက်ပါ နံမည်ကြီးတယ်။ ရောက်စကတော့ pub က ၀ိုင်တခွက်နဲ့ စူပါမားကက်က ၀ိုင်တပုလင်း တန်ဖိုးချင်း တူတူလောက် ဖြစ်နေတာတောင် အိမ်မှာ မသောက်ဘဲ pub မှာ တပျော်တပါး လာသောက် နေကြတဲ့ သူတွေကို နားမလည်ဘူး။ နောက်မှ ကိုယ်တို့ လက်ဖက်ရည်ဆိုင် ထိုင်သလို နေမှာပေါ့လို့ စဉ်းစားမိတယ်။ ကော်ဖီဆိုင်နဲ့ တရုတ်ဆိုင် (noodle bar လို ခုံတန်းရှည်တွေ ချထားတဲ့ ဆိုင်မျိုး) တွေမှာ ကျောင်းသားတွေ အများဆုံး ရှိတတ်တယ်။ ပီဇာနဲ့ အင်္ဂလိပ်တို့ အကြိုက် fish & chips take away ဆိုင်တွေမှာလည်း တပျော်တပါး တန်းစီနေတာမျိုး တွေ့ရတတ်သေးတယ်။

ဆိုင်တွေမှာစားရင် အရည်တခွက်နဲ့ ခေါက်ဆွဲ သို့မဟုတ် ထမင်းတပွဲနဲ့ ပြီးသွားရင် သက်သာတယ် ခေါ်ရမယ်။ တချို့ဆိုင်တွေက အချိုရည် အလကား ပေးတယ်။ ပုလင်းထဲကရေတို့ ရေနွေးကြမ်းတို့ကို ပိုက်ဆံပေး မသောက်ချင်ရင် ရေပိုက်က ရေပဲ တောင်းလို့ရပါတယ်။ စတိုင်ကျကျ စားကြရင်တော့ သောက်စရာ အရည် တမျိုးနဲ့ အမြည်းလေးနဲ့စ၊ salad အရွက်စုံသုပ်လေး မဟုတ်ရင် ဟင်းချိုကို ပေါင်မုန့်နဲ့တို့စား၊ ပြီးတော့ ကြိုက်တဲ့ ပွဲကြီး မှာစား၊ ဗိုက်နဲနဲပြည့်ရင် အချိုပွဲဆက်မှာ၊ စကားလေး ဘာလေး ပြောပြီး အိမ်ပြန်ခါနီးရင်တော့ ကော်ဖီ လက်ဖက်ရည်မှာပြီး စားသောက်ပွဲကို သိမ်းလိုက်ကြရော။ ပိုက်ဆံ အပြည့်ပေးပြီး စားလို့ရသလို တချို့ ဆိုင်တွေက ကူပွန်တွေလည်း လက်ခံပါတယ်။ ကိုယ့်ဘာသာ သုံးကြည့်လို့ သဘောကျတာကတော့ Tesco ကူပွန်တွေပါ။

Tesco က NTUC (စင်ကာပူ) လို စူပါမားကက် တခုပါ။ Tesco loyalty ကဒ်ရှိရင် ဈေးဝယ်တဲ့အခါ ပွိုင့်တွေရတယ်။ အဲ့ဒီပွိုင့်တွေကို Tesco က သူတို့ဆိုင်မှာပဲ ပြန်သုံးလို့ ရတဲ့ ပိုက်ဆံလို ကူပွန်လေးတွေ ပြန်ပေးတယ်။ ဆိုင်မှာပဲ ပြန်သုံးရင်တော့ ၁ပေါင်တန် ကူပွန်ဟာ ၁ပေါင်ပဲ တန်ဖိုး ရှိပါတယ်။ Tesco deal တိုကင် အဖြစ် ပြောင်းသုံးရင်တော့ လေးဆ တန်ဖိုးရှိပါတယ်။ သုံးစရာတွေကလည်း စုံပါတယ်။ စားသောက်ဆိုင်မှာ စားမလား၊ ပြဇာတ် ကြည့်မလား၊ ကစားကွင်း သွားမလား၊ လစဉ်ထုတ် မဂ္ဂဇင်းတွေ ၀ယ်မလား၊ ပင်မင်းဆိုင် အတွက် သုံးမလား၊ ကိုယ်နဲ့ အသုံးတည့်မယ့်ဟာကို ရွေးသုံးလို့ရပါတယ်။ ၁၀ပေါင်ဖိုး ကူပွန်တွေ စုထားပြီး Tesco website ကတဆင့် မှာလိုက်ရင် ပေါင်၄၀ဖိုး တိုကင်တွေရတယ်။ အဲ့ဒီ တိုကင်နဲ့ စားသောက်ဆိုင်တွေ သွားစားရင် အရည်ဖိုးကလွဲပြီး ကုန်ကျတာကို တိုကင်နဲ့ ရှင်းလို့ရပါတယ်။ စီးပွားရေးကျတဲ့အချိန်မှာ သက်သက်သာသာနဲ့ အပြင်မှာ စားတဲ့ နည်းတမျိုးပေါ့။

15 comments:

Cho said...

thz u so much 4 ur info. I didn't know how to use those Tesco's points.

သက်ပိုင်သူ said...

ဟူး..
စကာင်္ပူမှာတော့ ရှိသေးဘူးထင်တယ်

Anonymous said...

ကူပွန်တွေ သိမ်းထားနော်..အလည်လာရင် လိုက်ကျွေး
mm

khin oo may said...

စိတ်ဝင်စားစရာဘဲ။

PAUK said...

ကျနော့အတွက်လဲ ကူပွန်ချန်ထားနော်..
ဟဲဟဲ..
အလည်လာရင် လိုက်ကျွေးရအောင်..

Cho said...

Million thanks 4 ur 1st comment.

ကိုရင်နော်ခင်လေးငယ် said...

မိုက်ပါပေ့ မမီယာ..း)

ပန်းခရမ်းပြာ said...

Salad၊ ဟင်းချိုနဲ့ ပေါင်မုန့်၊ ပွဲကြီး၊ အချိုပွဲ၊ ကော်ဖီ ....။ စိတ်ကူးထဲမှာပဲ အကုန်စားပစ်လိုက်ပြီ။

မိုးကောင်းသူ said...

အပြင်မှာ စားတဲ့နည်းမှတ်သွားတယ်။

Anonymous said...

ဂွတ်သဟ.. ဒီက Tesco ကျ အဲ့လိုတွေရှိဘူးထင်တယ်..း(

သက်ဝေ said...

ကူပွန်စနစ်လေးက ကောင်းလိုက်တာ...
ဒီမှာတော့ ရှိသေးဘူး။
အခုတလော ဆိုင်တွေမှာ သွားစားရင် အရင်ကထက် ပိုကုန်လာတာတော့ သတိထားမိတယ်...
ဘယ်လိုလုပ်ကြရပါ့...

Moe Cho Thinn said...

Tesco တော့ ဒီမှာ မရှိဘူး။ ကူပွန်က ၄ဆတောင် တက်သွားတာလား။ ကောင်းလိုက်တာ။ ရေးပါအုံး အဲဒီက အကြောင်းလေးတွေ။ စိတ်ဝင်စားတယ် အကုန်ပဲ။

tg.nwai said...

မီယာရေ.. စိတ်ဝင်တစား ဖတ်သွားပါတယ်..သူများတွေတောင် ရှိဘူးဆိုလို့ ရှိများနေမလားလို့ မစဉ်းစားတော့ပါဘူး..ဟဲဟဲ..ဒီမှာတော့ ပိုက်ဆံ(ဆယ်တန်)တွေအစား သကြားလုံးတွေ တစ်ရှုးတွေ ရတယ်.. မသိဘူးလေ..စိတ်ထဲရှိတာ ၀င်ပြောကြည့်တာ.:)

ksanchaung said...

ဟုတ်ပ။ ဆယ်ပေါင်ကနေ ပေါင်လေးဆယ်ဖြစ်သွားတာကို စိတ်ဝင်စားတယ်။ ဖတ်လို့လည်း ကောင်းတယ်။ ဆိုင်လေးတွေမှာ စားနေတဲ့ပုံတောင် မျက်စိထဲ မြင်လာတယ်။

ရွှန်းမီ said...

ဒီမှာလည်း ကူပွန်ရှိပေမယ့် သုံးတာသိပ်မတွေ့ရဘူး.. ခုတော့ တစ်ပတ်စာချက်ထားပြီး နွှေးနွှေးစားနေရတယ်..