Friday 2 December 2011

သားသား

အလျင်လို ကွန်ပြုတာ ရှေ့မှာ စိတ်ရှိတိုင်း ထိုင်လို့ မရတော့ဘူး။ ပြိုင်ဖက် တစ်ယောက် ရှိလာပြီ။ သူနဲ့ လုပြီး စက်သုံးရတာ။ အခုတောင် သူ အိပ်နေတုန်း လုပြီး ၀င်ရေးတာ။ ယောကျာ်းလေး ပီပီ ခလုတ်တွေ တွေ့ရင် ဖွင့်လိုက် ပိတ်လိုက် လုပ်ရတာ အမော။ လူကြီးတွေ လုပ်တာ ကြည့်ထားပြီး ကွန်ပြူတာ ခလုတ်နဲ့ စပီကာ ခလုတ်တွေကို ဖွင့်ပိတ် တတ်တယ်။ မော်နီတာတော့ စားပွဲပေါ် တင်ထားလို့။ အမေ့ပေါင်ပေါ် တင်ထားပြီး စက်ရှေ့ ထိုင်ရလို့ကတော့ သူ့လက်က မော်နီတာ ခလုတ် ကိုရောက်နေပြီ။ 
စာမရေးတာကြာလို့ အပေါက်အလမ်း သိပ်မတည့်ချင်ဘူး။ ပြန်လေ့လာရဦးမယ်။ အလျင်ကတော့ ကိုဇနိ နဲ့ မွန်နဲ့ ကို အပူကပ်နေကျ။ စိတ်ကူးပေါက်ပြီး ၀င်ကြည့်လိုက်တာ ၀င်လို့ ရသွားတာနဲ့ ရေးဖြစ်တာ။ 
ကလေး တစ်ယောက်နဲ့ အိမ်လည်း ဗြောင်းဆန် ခတ်နေရောပဲ။ သူမွေးကာစက မလှုပ်မရှားလေးမို့ မြန်မြန် သွားတတ် လာတတ်တဲ့ အရွယ် ရောက်ပါစေလို့ ဆုတောင်းတာ အခုတော့ ဗိုက်ထဲ ပြန်ထည့် ထားချင်တယ်။ ယောကျာ်းလေး မွေးလည်း ပူရ မိန်းကလေး မွေးလည်း ပူရတဲ့ မိဘတို့ ဘ၀ မလွယ်ပါလားလို့ ကိုယ်ချင်းစာမိတယ်။ သူမွေးတုန်းက အကြောင်းတွေတော့ ပြန်ရေးရင် အသစ် ဖြစ်မှာလည်း စိုးတယ်။ မှတ်တမ်း သဘောမျိုးလည်း ရေးထားချင်တယ်။ ကလေး တစ်ယောက် မွေးဖို့ လုံးဝ မလွယ်တာတော့ သေချာတယ်။ ကိုယ်တွေ့ပဲ။

7 comments:

khin oo may said...

I love you မီယာ

PAUK said...

မမီယာ....
ဝမ်းသာလိုက်တာ..ပြန်လာတာသိရလို့..။
သားသားလေးရော...
ဘယ်လိုလဲ...။

Anonymous said...

မမီယာ
သားကလေးရတာမသိလိုက်ဘူး.
.ပျော်စရာကြီး


စင်စင်

Sonata Cantata said...

သားသားလေးရေ...
ရေချမ်းရေစင်တို့ ညီလေးတယောက် တိုးပြီ

ဝမ်းသာလို့ နှုတ်ဆက်ရုံ မီယာရေ... နောက်မှ အေးအေးဆေးဆေးဖတ်မယ်နော်
မသီတာ အခု ရန်ကုန်မှာ...

Anonymous said...

Sin Sin has a daughter..:P
mm

ဇွန်မိုးစက် said...

ဟယ်...မမီယာ သားသားလေးရလို့ ပျောက်သွားတာကိုး။ အချိန်ရရင် သားသားအမှတ်တရလေးတွေ ရေးပေးပါဦး။ ဖတ်ချင်လို့ပါ။း)

မီယာ said...

မမ I love you too :)

ပေါက်နဲ့ချန်း သတိရတယ်... ချန်းကို အလည်လွှတ် ဖြစ်သေးလား

စင်စင်ရေ သတိရတယ် ဘလော့တွေပဲ ဖတ်တုန်းလား ကိုယ့်ဘလော့နဲ့ ကိုယ် ဖြစ်နေပြီလားဟင်

မသီတာ သတိတရ ရှိတာ ကျေးဇူးပါ... ဟိုးအရင် အချိန်တွေ လွမ်းလိုက်တာ သားသားလေး နံမည် ရွေးတော့ တနင်္ဂနွေသားဆို ဧရာလို့ မှည့်ဖို့ စဉ်းစား ဖြစ်သေးတယ်

မွန်ရေ သတင်းမေးတာ ကျေးဇူး တို့လည်း လွမ်းရင် မွန့်ဆီ သွား သီချင်း နားထောင်ပြီး ပြန်ပြန်လာတယ်

ဇွန်ရေ ကြိုးစားပါ့မယ် လွယ်တော့ မလွယ်ဘူး :D