Wednesday 29 October 2008

ငယ်ငယ်တုန်းကအကြောင်း

သူငယ်တန်း ကနေ ပထမတန်း တ၀က်ကို အမေ ဆရာမ လုပ်တဲ့ ကျောင်းမှာ တက်ရတယ်။ သူငယ်ချင်း တွေ တော့ မမှတ်မိ တော့ဘူး။

ပထမတန်း တ၀က်မှာ ပဲ ကိုယ့် အဖေ ဆုံးသွားတော့ နောက် တစ်ဝက် ကိုတော့ အိမ်နားက ကျောင်းမှာ အမေက ပြောင်းထား လိုက်တယ်။ မှတ်မိ တာတော့ သင်္ချာ အလီ တွေနဲ့ အပေါင်း အနှုတ် တွေကို မနက်တိုင်း ရွတ်ရ တာပဲ။

သုံးတန်း ရောက်တော့ သူငယ်ချင်း သင်းသင်းအေးနဲ့ ထမင်းစား ချိန်မှာ အမြဲ တူတူ စားတယ်။ သူက သပ်သပ်ရပ်ရပ်နဲ့ အားလုံး ကို ခင်းကျင်းပြီး သိမ်းဆည်းတယ်။ ကိုယ်ကတော့ လေပေါ တာပေါ့။ လေးတန်း အစိုးရစစ် စာမေးပွဲ ဖြေတော့ သင်းသင်းအေးက စိတ်ကောက် ပြီး စကား မပြော တော့ဘူး။ ဟော့ရှော့ ၀တ်တဲ့ ကောင်မလေးကို စကား ပြောလို့တဲ့။

ငါးတန်း ကိုတော့ ကျောင်းကြီး ဖြစ်တဲ့ မိန်းကလေးကျောင်း ကို ရွှေ့ရတယ်။ သူငယ်ချင်း အသစ် ရှာမယ်လို့ စဉ်းစား နေတုန်း အမေက နောက် တစ်ကျောင်း ကို ရွှေ့ပြန်ရော။

ဆက်ရန်ရှိသည်...

Target

အလုပ် ထဲမှာ ဘာပဲ လုပ်လုပ် target ကို အာရုံ ထားဖို့ ပြောလာတယ်။ အမြတ် အစွန်း မကြည့်သော အဖွဲ့အစည်း ဆိုပေမဲ့လည်း အစိုးရ အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ် ရတာမို့ ဘာမှ အလကား မရပါဘူး။ ရတဲ့ ပိုက်ဆံက ကျောင်းသား ဘယ်နှစ်ယောက်အတွက်၊ အောင်လက်မှတ် ဘယ်နှစ်ခု အတွက်ဆိုပြီး target တွေ သတ်မှတ် ပေးပြီးသားပါ။

ကိုယ်က ကိုယ့် client ကျောင်းတက် ရဖို့နဲ့ အလုပ်ရဖို့ပဲ အာရုံ က ရှိတယ်။ ဆရာတွေ လည်း ဒီအတိုင်းပဲ။ စာသင်ဖို့ရယ်၊ ကျောင်းသားတွေ စာမေးပွဲ အောင်ဖို့ရယ်က အဓိကပေါ့။

target တွေ မပြည့်ရင် နားပူအောင် အပြောခံရတယ်။ စာတတန် ပေတတန်နဲ့ လည်း စာချခံရတယ်။ target မပြည့်ရင် ပိုက်ဆံတွေ မရဘဲ မင်းအလုပ်လည်း နောင်နှစ် ရှိတော့မှာ မဟုတ်ဘူး ဆိုပြီးလည်း ခြိမ်းခြောက် သေးတယ်။

အလုပ်ထဲက သူငယ်ချင်းတွေနဲ့ အမြဲ ပြောဖြစ်တာကတော့ ... target မရှိရင် သိပ်လွတ်လပ် မှာပဲလို့။

Monday 27 October 2008

Confidence

a feeling of certainty; trust in one's own ability (Oxford dictionary)

When do we feel confident?
How do we improve our confidence?
Is over-confident good?

I notice that children who get often praised are more confident than those who don't. One of the things I learnt about dealing with children is to praise them whenever opportunity arises. Even if it is a small matter and does not seem to be perfect, children should be praised but not criticised. I also think that it is an act of love to praise. When we are in a loving environment we feel confident to act naturally, without any fear.

When I was young I overheard my mother responding to somebody who said that I sang beautifully by saying that I couldn't sang harmoniously with others. Needless to say, that incident stays with me and makes me doubtful about my ability to sing. Keeping track of our achievement can help us to improve our confidence and be positive of our future. However, achievement need not necessarily be tangible.

Over-confident at least, is better than under-confident -it is so much easier to survive.

Thursday 23 October 2008

Management Coaching

Carlos နဲ့တွေ့ပြီးကိုယ့်ဘာသာစဉ်းစားစရာတွေပေါ်လာတယ်...
ဒီ process ကိုဘယ်လောက်ယုံကြည်သလဲ၊ ဘာတွေဖြစ်လာဖို့မျှော်လင့်ထားလဲ၊
အရေးအကြီးဆုံးကတော့ ဘာတွေပြုပြင်ပြောင်းလဲရမလဲဆိုတာပဲ။

ဒုတိယတွေ့ဆုံခြင်း
ဒီတခေါက်မှာတော့နောက်မန်နေဂျာတစ်ယောက်ပါတိုးလာတယ်။ chief executive အတွက်နောက်မဟာမိတ်တစ်ယောက်ပေါ့၊ အဖွဲ့အစည်းရဲ့အောင်မြင်မှု၊ အလုပ်သမားတွေရဲ့ကြိုးစားမှု၊ သစ္စာရှိမှုစတာတွေကိုပြောတဲ့အခါမှာတော့ အဲ့ဒီမန်နေဂျာကဗြုံးခနဲဆိုငိုပါလေရော။
သူ့မှာဝန်ခံဘို့အကြောင်းတစ်ခုရှိတယ်တဲ့၊ သူအလုပ်ဝင်စမှာကျောင်းသားတွေရဲ့အဖြေတွေကိုပြင်ပေးဖူးတယ်တဲ့။ သူ့လုပ်ဖော်ကိုင်ဖက်ကလုပ်တာတွေ့လို့တဲ့။

တွေ့ဆုံပွဲအပြီးမှာတော့သူရယ်၊ ကိုယ်ရယ် chief executive ရယ်မဟာမိတ်ဖွဲ့လိုက်ကြတယ်။ အားလုံးကိုတူတူရင်ဆိုင်ကြမယ်ပေါ့။

Wednesday 22 October 2008

ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ

ရေကူးတတ်ချင်တယ်...စန္ဒယားတီးတတ်ချင်တယ်...ဂီတာတီးတတ်ချင်တယ်...
ပန်းချီဆွဲတတ်ချင်တယ်...ski စီးတတ်ချင်တယ်...ကားမောင်းတတ်ချင်တယ်...

အခြေအနေနဲ့ အခွင့်အရေး ရလာရင်တော့ ငယ်ငယ်က မလုပ်ခဲ့ ရတာတွေ မသင်ခဲ့ရတာတွေ သင်ချင်တယ်။

သီချင်း ဆိုတာ ၀ါသနာ ပါပေမယ့် notes တွေမဖတ်တတ်ဘူး၊ ငယ်ငယ်က ဘုမသိဘမသိ နဲ့လိုက်ယောင်တာပဲ။

ပန်း အလှပြင် တာ ၀ါသနာ မပါပေမယ့် သူများ လုပ်ခိုင်းရင်တော့ သေသေချာချာ လုပ်ပေးတတ်တယ်။

ငယ်ငယ်က ရည်မှန်းတာ ဆရာဝန်ဖြစ်ဖို့၊ သွေးသံရဲရဲတွေ ခုထိ မကြည့်ရဲတာ ရည်မှန်းတဲ့အတိုင်း ဖြစ်မလာတာ တော်သေးတယ်။

ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ တထပ်တည်း ကျတဲ့ သူတွေ အတွက်တော့ ဘ၀ဟာ ပျော်စရာနေမှာ။ ဒါပေမယ့်လည်း ဖြစ်နေတဲ့ဘ၀မှာ ဖြစ်ချင်တာတွေကို ကြိုးစား လုပ်ဆောင်ရင်း ပျော်အောင် နေလို့လည်း ဖြစ်ပါတယ်။

Tuesday 21 October 2008

ကိုတို့ယောက်ျားတွေ

ဂျူးဝတ္ထုကိုတုခြင်းမဟုတ်ပါ။ ချစ်သူငယ်ချင်းများပြောပြတာတွေကိုစုပြီးတင်ပြထားခြင်းဖြစ်ပါသည်။

သူချက်တာစားမဲ့အစား ဆားနဲ့သာစားလိုက်ချင်တယ်၊ မီးဖိုချောင်ရှင်းရတာမသက်သာလို့ဟေ့။

ကဗျာမဆန်တော့တာတော့မပြောနဲ့၊ အပြင်သွားရင်သူတလမ်းကိုယ်တလမ်းပဲ ဟန်ဆောင်မှုတွေ သည်းခံမှုတွေ ကင်းဝေးတဲ့ကိုယ်တို့ရဲ့ကမ္ဘာပေါ့ဟယ်။

အပြင်မထွက်ခင်ခြေစွပ်ဘယ်မှာထားလဲလို့မေးရတာကအမော၊ ငါသေပြီးရင်တောင်ငါ့အုတ်ဂူကိုပုတ်ပြီးအ၀တ်အစားတွေဘယ်နားထားလဲလို့
လာမေးဦးမလားမသိဘူး။

ဒီပစ္စည်းကိုတင်ပေးပါလို့ပြောတုန်းကဂရုတောင်မစိုက်ခဲ့ဘဲ လိုချင်တော့မှ ထားခိုင်းတဲ့နေရာ (သူမထားခဲ့တဲ့နေရာ)မှာသွားရှာတယ်။

သူ့အမေအတွက်လက်ဆောင်ဝယ်ပြီးပြီလားလို့ လေယာဉ်ကွင်းရောက်မှမေးတယ်။ ပြီးတော့ပြောသေးတယ်၊ အဆင်ပြေတာသာဝယ်ပါတဲ့။

ဧည့်သည်ရှေ့မှာနှာတရှုံ့ရှုံ့လုပ်နေလို့မျက်နှာရိပ်မျက်နှာကဲပြတာဘာလဲလို့ငါ့ကို
လှမ်းမေးလိုက်သေးတယ်။

Management Coaching

ဒီနှစ်အလုပ်မှာ ရုံးသူရုံးသားအားလုံးအတွက် လူကြီးများကချပေးတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ကိုယ်လည်းအခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်ရတော့ အတွေ့အကြုံတွေကိုမှတ်တမ်းတင်ထားချင်တာနဲ့ ဒီအကြောင်းရေးဖြစ်တာပါ။ ပထမတော့အဓိကရည်ရွယ်ချက်ကိုသိပ်နားမလည်ပါဘူး၊ ရေလိုက်ငါးလိုက်နေမယ်လို့စိတ်ကူးနဲ့မသိလိုက်ဘာသာနေလိုက်တာပေါ့။

ပထမတွေ့ဆုံခြင်း
Management Coach နံမယ်က Carlos. သူနဲ့နှစ်ယောက်ထဲအရင်တွေ့ရတယ်။ သူ့အကြောင်းကိုယ့်အကြောင်းပြောပြီးနားလည်မှုယူတဲ့သဘောပေါ့။ သူကဒီ process မှာကိုယ့်ရဲ့ကဏ္ဍ၊ အဖွဲ့အစည်းရဲ့ရည်မှန်းချက်၊ လက်ရှိတွေ့ကြုံနေရတဲ့ပြဿနာတွေရယ် ကိုယ်တို့chief executive ရဲ့စိတ်ဖိစီးမှုရောဂါအကြောင်းတွေကိုပြောပြပါတယ်။
၂နာရီကြာစကားပြောအပြီးမှာ (သူကပြောတာပိုများတယ်)ကိုယ့်ကို chief executive ရဲ့မဟာမိတ်အဖြစ်သတ်မှတ်လိုက်တယ်။

Monday 20 October 2008

၁၉-၁-၇၉ - ၂၀-၁၀-၀၈

သူ့ကို ၁၉၊၁၊၇၉ သောကြာနေ့မှာမွေးခဲ့တယ်။ မွေးတုန်းကအသားဖြူတယ်လို့ပြောကြတယ်။
အမေကကလေး ၄ယောက်နဲ့မုဆိုးမဖြစ်ကျန်ခဲ့ပြီး၁လအကြာမှာကိုယ်ဝန်ရှိမှန်းသိရတာ။ ခံစားရတဲ့ဒုက္ခတွေကကင်းဝေးပါစေလို့ရည်မှန်းပြီးသူ့နံမည်ကိုအမေကိုယ်တိုင်
ရွေးမှည့်ခဲ့တယ်။ အငယ်ဆုံးဖတဆိုးသားလေးမို့ အားလုံးရဲ့မေတ္တာတွေလည်းစုပုံရခဲ့တယ်။ အမေကဘယ်သားသမီးကိုမှမူကြိုမထားခဲ့ပေမယ့်သူ့ကိုတော့အစိုးရမူကြိုကျောင်းမှာ
ထားခဲ့တယ်။ အဲ့ဒီကနေကဗျာတွေသီချင်းတွေဆိုတတ်လာခဲ့သလို
အဲ့ဒီကနေပဲကလေးအဆဲတွေတတ်လာတာပဲ။

ကျောင်းကြီးတက်တဲ့အရွယ်ရောက်တော့သူ့အကိုအမတွေနဲ့အတူအကောင်းဆုံး
ဆိုတဲ့ကျောင်းမှာအမေကထားခဲ့တယ်။ မူလတန်းမှာတော့သူ့ပညာရေးကအတော်ထဲမှာပါ။ တနင်္ဂနွေဥပုသ်စာဖြေကျောင်းကနေပြီးကျမ်းစာပြိုင်ပွဲတောင်ဝင်လိုက်သေးတယ်။
အဒေါ်တွေကဘောင်းဘီရှည်နဲ့ waist coat ချုပ်ပေးတယ်၊ ရှပ်အကျီင်္ိအောက်ခံနဲ့ဝတ်ဖို့ပါ။ မူလတန်းကျောင်းမှာပဲသူပေါင်းသင်းတဲ့သူတွေကနံမည်ကြီးပိုက်ဆံရှိသားသမီးတွေ၊
မုန့်ဖိုးတွေအများကြီးရတဲ့သူငယ်ချင်းတွေနဲ့ပေါင်းပြီးအမေ့ဆီကမုန့်ဖိုးပိုတောင်းတတ်
လာတယ်။ အမေကမပေးနိုင်မှန်းသိတော့ ရတဲ့ဆီကသူ့ဘာသာရှာတော့တာပဲ။

အိမ်ကိုလာလည်တဲ့သူတွေ၊ အိမ်နီးနားချင်းတွေဆီကနေသူရသလိုပိုက်ဆံကိုခိုးယူတယ်။
အလှအပလည်းကြိုက်တတ်လာတယ်။ သူ့ကိုယ်သူသပ်သပ်ရပ်ရပ်နေတတ်သလို အိပ်ရာနဲ့အ၀တ်ဗီဒိုကိုလည်းသန့်သန့်ပြန့်ပြန့်ထားတယ်။
အဖေငတ်တဲ့သားမို့ သူ့ထက်အသက်ကြီးတဲ့သူ ယောက်ျားလေးတွေကိုတခုတ်တရ
ပေါင်းတတ်ပြန်တယ်။ အတွေ့အကြုံတွေလည်းပိုရင့်ကျက်လာတာပေါ့။

လူမိုက်တွေနဲ့ပေါင်းမိပြီးမူးယစ်ဆေးသုံးစွဲသူဖြစ်လာတယ်။ မိသားစုနဲ့လည်းတစတစဝေးလာတယ်။
တနေ့မှာတော့မူးယစ်ဆေးသုံးစွဲမှုနဲ့အချုပ်ထဲရောက်သွားပါလေရော။ မိသားစုရဲ့မေတ္တာတွေကြောင့်သူထောင်မကျခဲ့ပါ။သင်ခန်းစာတွေတော့ရခဲ့ပါတယ်။
တခြားသူတွေကိုလည်းစာနာတတ်လာတယ်။ဧရာဝတီတိုင်းမှာရေကြီးတော့ရေဘေး
ဒုက္ခသည်တွေကိုအပြေးအလွှားသွားကူလိုက်သေးတယ်။ သူ့အမေကတော့ဂုဏ်ယူပြုံးနဲ့
လူတွေကိုသူ့ခရီးအကြောင်းပြောပြနေရှာတယ်။

သူ့အတွက်ဖျော်ဖြေရေးကတော့သီချင်းဆိုခြင်းပါ။ စတီရီယိုသီချင်းတွေရောဘာသာရေးသီချင်းတွေကိုပါသူအားပါးတရဆိုလေ့ရှိပါတယ်။
သူလိုချင်တယ်ဆိုလို့အမေကဂီတာအသစ်တစ်လုံးလည်းဝယ်ပေးခဲ့ပါသေးတယ်။
မကြာခင်မှာပဲ သူ့ကိုအနှိုင်းမဲ့မေတ္တာနဲ့ချစ်တဲ့ အဖွားနဲ့အမေရှေ့ဆင့်နောက်ဆင့်ပဲ
ကွယ်လွန်သွားခဲ့ပါတယ်။ ကျန်ရစ်တဲ့မိသားစုကသူ့ကိုအလိုလိုက်ပြီး ဆက်လက်ကြည့်ရှု့ကြပါတယ်။
အဒေါ်တစ်ယောက်က စင်ကာပူတောင်အလည်ခေါ်သွားလိုက်ပါသေးတယ်။
ပတ်ဝန်းကျင်ကောင်းရောက်ပြီး စိတ်ပြောင်းပါစေလို့ဆုတောင်းရင်းပေါ့။

သူ့အပေါင်းအသင်းဟောင်းတွေနဲ့ပြန်တွေ့ပြီးလမ်းဟောင်းကိုပြန်လျှောက်မိပြန်တယ်။
ဒီတခေါက်တော့ဘယ်သူမှမကယ်နိုင်တော့ဘူး။ သပ်သပ်ရပ်ရပ်ဝတ်စားပြီးလှလှပပနေချင်တဲ့သူတစ်ယောက်နဲ့ဘယ်လိုမှမအပ်စပ်တဲ့
နေရာမှာနေဖို့အပြစ်ဒဏ်ခံရတယ်။ သူ့နံမည်နဲ့မလိုက်အောင်ဘဲ ဆင်းရဲဒုက္ခတွေခြောက်နှစ်လောက်ခံရပြီး
နောင်တစကားတွေလည်းအများကြီးပြောခဲ့ပါသေးတယ်။

အခုတော့ဒုက္ခတွေကင်းဝေးတဲ့ဘုရားသခင်ရဲ့ရင်ခွင်တော်မှာငြိမ်သက်စွာ
အနားယူသွားပါပြီ။လူ့လောကကြီးမှာ ၂၉နှစ်နေထိုင်ခဲ့ပါတယ်။
လူမိုက်တွေကင်းဝေးတဲ့ သာယာလှပတဲ့ကောင်းကင်နိုင်ငံတော်မှာ
အဖေအမေတို့နဲ့အတူငြိမ်းချမ်းစွာနေနေရပါပြီ။

Sunday 19 October 2008

ပထမဆုံးမြန်မာပို့စ်

သူငယ်ချင်းကမြန်မာလို gtalk မှာပြောရအောင်ဆိုပြီးပေးလိုက်လို့ ဒီ Alpha Zawgyi ကိုရခဲ့တာပါ။ ဒါကြောင့်ပထမဆုံးမြန်မာလို post တင်ဖြစ်သွားပြီ။ မြန်မာဘလော့တွေနေ့တိုင်းဖတ်ပြီးအားကျခဲ့တာအခုမှပဲစရတော့တယ်။
ကျေးဇူးပါ ZW ရေ။

Thursday 2 October 2008

Congratulations

Congratulations KWK! You are well-deserved to get a full-time job in a recognised Institution like Brookes. I wish you all the success and happiness from today onwards. I hope all your other wishes will come true soon. Everybody is so pleased and happy for you. If you do your best God will do the rest.

Wednesday 1 October 2008

C S Lewis's house

It was by chance that I visited the C S Lewis's house. It was a beautiful day so we had a good walk. We went inside to see the house and the garden where we saw the punt. Later we walked to the pond and sat there for a minute and tried to imagine Lewis's life and his great creation. More information on C S Lewis can be found here.