Monday 15 December 2008

ငါးကလေးနဲ့မြေပဲကြော်

ငါးခြောက် သေးသေး လေးတွေ ကို ရေစင်စင် ဆေးပြီး ရေစစ် ထားတုန်း မြေပဲကို မီးနဲနဲနဲ့ လှော်ပါတယ်။ မြေပဲ လည်း ကျက်ရော မီးဖို ပေါ်က ချပြီး ခဏ ဘေးဖယ် ထား ပါတယ်။ ဆီနဲနဲ ထည့်ပြီး ရေစစ် ထားတဲ့ ငါးခြောက်လေး တွေကို ကြော်ပါတယ်။ မီးပူရင် မတူးအောင် ဂရုစိုက်ရပါတယ်။ ကျွတ်လာရင် ဆယ်ပြီး ဆီစစ် ထားပါတယ်။ အေးသွားရင် ငါးကြော်နဲ့ မြေပဲကြော်ကို ပေါင်းလိုက်ရုံပဲ။

စင်ကာပူမှာ နေတုန်းက အစားအသောက်တွေ တင်ပို့တဲ့ စက်ရုံ တစ်ခုမှာ အလုပ်သင် ဆင်းကြတော့ အုန်းထမင်းနဲ့ ငါးကလေးကြော် ဖက်နဲ့ ထုပ်ထားတဲ့ ထမင်းထုပ်ကို ဂျဟောကနေ နေ့တိုင်း အလုပ်လာတဲ့ သူငယ်ချင်းက စားချင်လို့ မှာလိုက်တိုင်း အမြဲ ၀ယ်လာပေးတယ်။ သိပ်စားလို့ ကောင်းတာပဲ။

အဲ့ဒီ စက်ရုံနဲ့ ကပ်လျက်က ပေါင်မုန့် စက်ရုံ။ တခါတလေ ပေါင်မုန့်တွေ အလကား လာပေးရင် ရုံးက အန်တီတွေက sandwich party ဆိုပြီး လုပ်တယ်။ ငါးနဲ့ မြေပဲကြော် ထားတာကို ငရုတ်သီးအနှစ် sambal နဲ့ရော ပြီး ပေါင်မုန့်နဲ့ စားကြတာ စားလို့ ကောင်းမှကောင်း။

ငါးခြောက် လေးတွေ လက်ဆောင် ရတော့ ဘယ်လို လုပ်စား ရမယ်မှန်း မသိလို့ မဇနိ ကို လှမ်းမေးပြီး လက်တည့်စမ်း ထားတာပါ။ (နိနိရေ ကျေးဇူးနော်) အိမ်က တစ်ယောက်ကတော့ ဘီယာနဲ့ မြည်းဖို့ တစ်ခု ရသွားတာပေါ့။

9 comments:

Anonymous said...

အမ မီယာ ငါးကြော်လေးက ပိုစားကောင်းမည့်ပုံပေါ်တယ်။
အဲဒီလိုလေး များများကြော်ထားပြီး မနက် ထမင်းပူပူလေးနဲ့ စားလည်း ရမယ်နော်။
နိနိကို ကျေးဇူးမတင်ရပါဘူးဗျ။

ThuHninSee said...

ဟယ်..စားချင်တယ်။ မမီယာ..ငါးခြောက်ကြော်ရတာ အဆင်ပြေလား။
အနံ့တွေဘာတွေ အတော်ထွက်လားဟင်။

Nu Thwe said...

ဟဲတော်.....သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်း) မနေ့ကပဲ စားချင်လို့ စဉ်းစားနေတာ။ ယိုးဒယားဆိုင် ပြေးပြီး ငါးခြောက် ၀ယ်ရဦးတော့မှာပဲ။ လာကြည့် သရေကျ ဗိုက်ဆာပြီး ပြန်သွားပါပြီး(

khin oo may said...

နောက်တခါ ငရုတ်သီးလေးပါ ထည့်ကြေ်ပါ။ (ဆရာကြီးလုပ်သွားသည်. မဇနိ မသိပါစေနှင့်

Anonymous said...

နိနိ > ဟုတ်ပါ့ ထမင်းပူနဲ့ ငါးလေးကြော်။ နိနိပြောပြလို့ သတ္တိတွေရှိပြီး ကြော်ဖြစ်တာလေ။

မွန် > အနံ့ထွက်မှာကြောက်လို့ သူများအိမ်မှာသွားကြော်လာတာ ဟီးဟီး

မနုသွဲ့ > great minds think alike :P

မမ KOM > နောက်တခါ ငပလီပြန် ငါးခြောက်လက်ဆောင်ရလျှင် ငရုတ်သီးနှင့် ကြော်ပါမည်

May Moe said...

ရည်နွေးနဲ့မြည်းလဲကောင်းပါတယ်လို့ :P မမမီယာ အိမ်လာလည်တာ ကျေးဇူးနော်

khin oo may said...

ထပ်ဖတ်သွားသည်။

ThuHninSee said...

ပြန်လာချောင်းပါတယ်။ ဟိုးနေ့က ချက်ထားတဲ့ ကြက်ပေါင် ကိုက်နေတာ တွေ့တယ်။

Anonymous said...

ငါးနီတူခြောက်ကလေးတွေ ထင်တယ်.. မကေအမ်အိုပြောသလို ငရုတ်သီးကြော်ပြီး ရောလိုက်ရင် ပိုစားကောင်းတယ်. ဟိုးအရင် သူငယ်ချင်းတွေနဲ့ နေတုန်းက ကြော်လေ့ရှိတယ်..သူငယ်ချင်း အစ်ကိုကြီး တစ်ယောက်ကို သူ့ ရဲ့သူငယ်ချင်း မလေးတရုတ်က မလေးက နေ ပို့ ပို့ ပေးတယ်.. အခု စလုံးမှာ နေတော့ တစ်ခါမှ မကြော်စားဘူး.. အိမ်က ပို့ ပေးမှ စားတယ်.