Monday 22 December 2008

Christingle

သူငယ်ချင်းက ခေါ်လို့ ဘုမသိဘမသိ လိုက်သွားပြီး ပထမဆုံး ခရစ်စတင်းဂယ်လ် လုပ်ဖူးသွားတယ်။ ပထမဆုံး တုတ်ချောင်း (cocktail stick) တွေကို ထက်ဝက်ပိုင်းပါတယ်။ ပြီးတော့ ဖယောင်းတိုင်တစ်တိုင်ကို တုတ်ချောင်း သုံးချောင်းစီနဲ့ စယ်လိုတိတ်နဲ့ ကပ်။ မင့်စ်ပိုင်ထည့်တဲ့ အခွံလေးတွေကို ဖယောင်းတိုင် အောက်ခံလေးတွေ အနေနဲ့ ပြန်သုံးပါတယ်။ လိမ္မော်သီးတွေကို အနီရောင်ဖဲကြိုးနဲ့ အလယ်မှာ ပတ်ရပါတယ်။ သစ်သီးခြောက်၊ ဂျယ်လီနဲ့ မြေပဲတွေကိုလည်း တုတ်ချောင်းလေးတွေမှာ ထည့်ရပါတယ်။ အားလုံးစုံတာနဲ့ လိမ္မော်သီးပေါ်မှာ ဖယောင်းတိုင်၊ သစ်သီးတုတ်ချောင်း ၄ချောင်းကို စိုက်လိုက်တော့ အခုလို ခရစ်စတင်းဂယ်လ် လေးရပါပြီ။

သူငယ်ချင်းပြောပြတဲ့ ခရစ်စတင်းဂယ်လ် ဆိုတာဂျာမနီကစတာလို့ ပြောပါတယ်။ ခရစ်စမတ် အကြိုညမှာ ဘုရားကျောင်းလာတက်တဲ့ ကလေး၊ လူကြီးများကို လက်ဆောင်ပေးဖို့ပါ။ အဓိပ္ပါယ်တွေကတော့ လိမ္မော်သီးက ကမ္ဘာကြီးကို ကိုယ်စားပြုပါတယ်။ အနီရောင်ဖဲကြိုးက ယေရှုခရစ်တော်ရဲ့ အသွေးတော်ပါ။ သစ်သီးတုတ်ချောင်း ၄ချောင်းက ဘုရားသခင်ရဲ့လက်ဆောင်တွေဖြစ်တဲ့ ကမ္ဘာမြေကြီးပေါ်က အသီးအနှံများနဲ့ ရာသီ ၄ခု လို့မှတ်ယူဖို့ဖြစ်ပါတယ်။ မီးထွန်းညှိထားတဲ့ ဖယောင်းတိုင်ကတော့ ကမ္ဘာမြေရဲ့ အလင်းရောင် သခင်ယေရှုပါ။

နေ့လည် ၂နာရီခွဲကစတာ ညနေ ၅နာရီမှာတော့ ခရစ်စတင်းဂယ်လ် ၆၀ လုပ်ပြီးသွားပါတယ်။ မှောင်လည်းမှောင်နေပြီမို့ သူငယ်ချင်းကို နှုတ်ဆက်ပြီး အိမ်ပြန်လာတယ်။

6 comments:

Nu Thwe said...

အထူးအဆန်းလေးကို လာကြည့်သွားတယ်။ Symbolism ကို သဘောကျတယ်။ အတွေးကောင်းလို့။ ပြန်ပြောပြတာ ရိုက်ပြတာ ကျေးဇူးနော်။

khin oo may said...

never heard of it. d.

Anonymous said...

အမ မီယာ။ နိနိတို့နှစ်ယောက်သုံးတဲ့ အီးမေးလ်လိပ်စာ ဟိုနေ့က စီဘောက်မှာ ရေးထားတာ။ မမ မတွေ့မှာစိုးလို့နော်။ proviewmaster@gmail.com ။ အမ မီယာ ပျော်ရွှင်ဖွယ် ခရစ်စမတ်နေ့လေး ပိုင်ဆိုင်ပါစေလို့ ဆုတောင်းသွားပါတယ်နော်။
နိနိ

May Moe said...

ပျော်ရွှင်ဖွယ်ခရစ္စမတ်ဖြစ်ပါစေ

Anonymous said...

Merry X'mas, Mia :)

ရွှန်းမီ said...

beautiful idea! ခရစ်စတင်းဂဲလ် လုပ်နည်းနဲ့ အဓိပ္ပာယ်ကို သေချာဖတ်မှတ်သွားပါတယ်။
Merry Christmas!!