Wednesday 7 January 2009

စီးကရက်သောက်ခြင်း

စီးကရက် သောက်ခြင်းနဲ့ ပတ်သက်ပြီး ကိုယ့်ခံစားမှု သက်သက် ကိုပဲ ရေးချင်တာပါ။ ဘယ်လို အရသာ ရှိလဲ၊ ဘာ ခံစားရလဲ၊ စီးကရက် သောက်လို့ ကိုယ့် အပေါ် သူများ ဘယ်လိုမြင်သလဲ၊ တခြားသူတွေနဲ့ ကိုယ့်ကို ဘယ်လို အကျိုး သက်ရောက်စေလဲ သို့မဟုတ် ထိခိုက်စေလဲ စသဖြင့် တွေးတောမိတဲ့အခါ...

အနီးဆုံးကတော့ အဖေပေါ့။ သူငယ်ချင်းတွေနဲ့ စီးကရက်ကို စတိုင်ထုတ်ပြီး သောက်ရင်း ကြာတော့ စွဲသွားတာလို့ အမေက ပြောဖူးတယ်။ အသက် ငယ်ငယ်နဲ့ လူကြီး လုပ်ရတဲ့ အလုပ်ကြောင့်လည်း စိတ်ဖိစီးမှုတွေ ရှိတိုင်း စီးကရက်တွေ တလိပ်ပြီး တလိပ် ဆက်တိုက် အများကြီး သောက်တယ်တဲ့။ မှတ်မိစအရွယ်ထဲက အဖေ့လက်တွေ အ၀ါရောင် ဖြစ်နေတာ သတိ ထားမိပါတယ်။ နောက်ပြီး အဖေ မဆုံးခင် ၁ပတ်လောက် အလိုမှာ သမီးဖြစ်သူကို ပြောတာက အဖေ စီးကရက် မသောက်တော့ဘူးတဲ့။ ပညာတွေ တပုံကြီးတတ်ပြီး လူဝင်ဆန့်တဲ့ အဖေက နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါနဲ့ ၂၉နှစ်မှာ ဆုံးတယ်။

အိမ်မှာရှိတဲ့ ယောကျာ်းလေး အားလုံး အရွယ်ရောက်တာနဲ့ ဆေးလိပ် စီးကရက် သောက်တတ်ကုန်ကြတယ်။ ထင်ထင် ပေါ်ပေါ်တော့ မသောက်ကြဘူး။ လူကြီးတွေ ကို မြင်ရင် လက်နောက်မှာ ဖွက်ထားကြတယ်။ ရတဲ့ မုန့်ဖိုးနဲ့ ၀ယ်သောက်ကြတယ်။ တယောက်က မူးယစ်ဆေးဝါး ပါ သုံးစွဲပြီး ဘာမှ မလုပ်ရသေးခင် လူ့လောကကြီးက ထွက်သွားရတယ်။

သူငယ်ချင်း တယောက် ပြောတာကတော့ ကြောက်စိတ်တွေ ပြေအောင် သောက်တာတဲ့။ ဥပမာ ရီးစားစာ လိုက်ပေးရင်း၊ စကား လိုက်ပြောရင်း ပေါ့။ စီးကရက်ကို ခဲထားလိုက်တာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လည်း ပိုရှိလာသလိုပဲ ခံစားရတယ်၊ ခြေဖျား လက်ဖျား အေးတာတွေလည်း ပျောက်သွားတယ်တဲ့။

ကိုယ့်အနေနဲ့တော့ စီးကရက် သောက်တဲ့ ယောကျာ်းလေးကို စတိုင်ကျလိုက်တာ လို့ တခါမှ မထင်မိပါဘူး။ မင်းသား မင်းသမီးတွေ ရုပ်ရှင်ထဲမှာ စီးကရက် သောက်တာကိုရော၊ ဥပမာ Sex and the City ထဲမှာ Carrie စီးကရက် ဖွာပြီး စာရေးနေတာ တွေ့ရင် သူ့ အ၀တ်အစားနဲ့ အသုံးအဆောင် လှလှလေးတွေ နံကုန်တော့မှာပဲလို့ တွေးမိတယ်။ စီးကရက်နံ့က နံတယ်လို့ ထင်တဲ့ အပြင် စီးကရက် သောက်သူရဲ့ နှုတ်ခမ်းမဲမဲကြီး ကိုလည်း မနှစ်သက်ပါဘူး။ သွေးရောင် မလွှမ်းဘဲ ၀ါကျင့်ကျင့် ဖြစ်နေတဲ့ လက်တွေကိုလည်း ဘယ်လိုလုပ်ပြီး ရဲရဲ တွဲရဲမှာလဲ။ စီးကရက် သောက်ရင်း ရဲဆေးတင်ပြီး လာပြောတဲ့ ချစ်စကားများ ကလည်း ဘယ်မှာ မွှေးချိုနေမှာလဲ။ Not cool at all!

11 comments:

ThuHninSee said...

ဟုတ်တယ်မမီယာ။ ဖေဖေက ၁၄နှစ်သားကတည်းက သောက်တာ။ သူပြတ်ချင်တော့လဲ တိကနဲပဲ။။ အခုတော့ ယောကျာင်္း
ဆေးလိပ်ဖြတ် အောင်မြင်နေတာ ၄လရှိနေပြီ။
ဘယ်တော့ပြန်ထဖောက်မလဲမသိဘူး။
အရင်ကလဲ တစ်နေ့တစ်လိပ်လောက်ပါပဲ။
မသောက်တာ အကောင်းဆုံးပါပဲ။

ဇနိ said...

ကျနော်လည်း ဆေးလိပ်သောက်တာ အတော်ကြာတယ်။
အခုတော့ ဆေးလိပ်မသောက်ဖြစ်တာ ၁နှစ်ကျော်သွားပေါ့။
အန္တရာယ်များပါတယ်ဆိုပြီ တိကတည်း မသောက်ဘဲ နေလိုက်တာ။
အဆင်ပြေပါတယ်။

:P said...

အောက်ဆုံးစာပိုဒ်ကို ထောက်ခံပါ၏။

Anonymous said...

ဟုတ်ပ Carrie Bradshaw ကို ကျန်တာတွေ သဘောကျပေမယ့် အဲဒီဆေးလိပ်ကိစ္စကတော့ စိတ်ညစ်တယ်။ တစ်ခုခုဆို ကတုန်ကရင်နဲ့ ဆေးလိပ်မီးညှိတော့တာပဲ။ အင်းလေ ပရိသတ်က ကိုယ့်ဖာသာကိုယ် ဆင်ခြင်ပြီး ကြည့်ပေါ့နေား)
မီယာ ထုတ်ပြောမသွားတာလေး ပြောလိုက်မယ် ဟိ။ ဆေးလိပ်နံ့နဲ့ အနမ်းတွေကလည်း enjoyable ဖြစ်မှာ မဟုတ်ဘူး။ Yuk!

ksanchaung said...

ကိုးတန်းပဲ ရှိသေးတယ်။ အပေါင်းအသင်းကောင်းလို့ ဆေးလိပ်ခိုးသောက်တယ်။ Marlboro ပါ။ တက္ကသိုလ်ရောက်တော့ ပြတ်သွားတယ်။

အလုပ်ဝင်ပြီး သိပ်မကြာဘူး။ ပြန်သောက်ဖြစ်တယ်။ ဘာ့ကြောင့်လဲ မမှတ်မိဘူး။ နောက်ပိုင်း တစ်နေ့တစ်ဘူးလောက်ကုန်တဲ့အထိ အရှိန်မြင့်လာတယ်။

“စ”လုံးကို ရောက်တော့ ပြတ်သလောက် ပြန်ဖြစ်သွားပြီ။ ဈေးကြီးလွန်းလို့ပါ။ ဒါတောင် ပြီးခဲ့တဲ့ အပတ်က Johor Bahru ရောက်တော့ Marlboro တစ်ဘူးဝယ်သောက်ဖြစ်သေးတယ်။ စိတ်ပေါက်ပေါက်နဲ့ ဇွာလိုက်တာ တစ်ဘူးလုံးကုန်ရော။ မနက်ကျတော့ရင်ဘတ်တွေတောင် အောင့်နေသလိုပဲ။ ဆင်ခြင်ဦးမှ။

အကြိုက်ဆုံးက Marlboro ပါ။ ဒုတိယကြိုက်တာက Lucky Strike ။ အသောက်ဖြစ်ခဲ့ဆုံးက London ပေါ့။

PAUK said...

အိမ်မှာ အဖေရော..အဖိုးပါ ဆေးလိပ်သောက်ကြတယ်။။
ဒီရောက်တော့...သူဌေးမရော..
တစ်ချို့သောဝန်ထမ်းတွေပါသောက်တယ်။။
အပေါင်းအသင်းထဲမှာ ၇၀%လောက်သောက်တယ်။။
စားသောက်ဆိုင် ကော်ဖီဆိုင်ဆိုလည်း..ဆေးလိပ်သောက်တဲ့နေရာပါမှ
သူတို့ ကျေနပ်ကြတယ်..။။
jan: 11ရက်က စလို့ အများမြင်သာတဲ့ ဆိုင်တွေ
လုပ်ငန်းခွင်တွေမှာ ဆေးလိပ်မသောက်ရတော့ပါဘူး..။။
ဟားဟ..
ပျော်လိုက်တာ..။။

Anonymous said...

နိနိအဖေကတော့ ဆေးလိပ်လုံးဝမသောက်ဘူး။
ကိုဇနိက အရင်က သောက်တယ်။
အခုတော့ မသောက်တော့တာ ကြာပြီ။
နောက်ပိုင်း သူဆေးလိပ်မသောက်လို့ စိတ်ချမ်းသာရတာ။
ဆေးလိပ်မငွေ့ကို မခံချင်တာတော့ အမှန်ပဲအမ မီယာ။

khin oo may said...

အားလုံးကို read သွားတယ်မီယာ. မီယာဆီ အရောက်နည်းတာက အိုင်အီးနဲ့မှ မီယာဘလော့ကို တို့ကွန်ပြူတာ ကမြင်ရတယ်။ အိုင်အီးကလည်းဖွှုင့်လိုက်တိုင်းပြသညနာရှိတယ်။ အဲဒီတော့သိတ်မဖွင့်ချင်ဘူး။ စီပုံးမရှိတော့စိတ်ကူးပေါက်တာလေူတွေလည်ူးရေးလို့မရဘူး။ ရေးပြန်တော့လည်း password ကတောင်းပြန်ရော..အချိန်နဲနဲပိုပေးရလို့ rush hour တွေမှာသိတ်မရောက်ဖြစ်တာ ခွှုင်္ှုင့်္လွှတ်ပါ။ခင်မင် လျှက်.

Moe Cho Thinn said...

ဒါ ပထမဆုံး ရောက်ဖူးတာပါပဲ။ အရင်က ချိုသင်း comment မှာ ပေးထားတဲ့ လင့်ခ်နဲ့လာဖူးတယ်။ မရဘူး။ ဒါကြောင့် ဘလော့ဂ်ဖတ်သူ တယောက်လို့ပဲ ထင်မိတာ။ အခု မkomဆီမှာ ရေးထားတာတွေ့လို့ လိုက်လာတာ။ စာတွေ လာဖတ်အုံးမယ်။
ဆေးလိပ် non stop သောက်တဲ့အဖေနဲ့ အတူနေခဲ့ရတာပါ။ ဖြတ်ဖို့ ပြောပေမဲ့ မဖြတ်နိုင်လို့ မပြောရက်။ ဆုံးတဲ့အထိ သောက်သွားတယ်။ မီယာ့အဖေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးတာမို့ နှမြောလိုက်တာနော်။ တို့အမျိုးသားကတော့ အရင်က သောက်ပါတယ်။ အခုတော့ မသောက်တာ ကြာလှပြီ။ စွဲတယ်ရယ်လဲ မဟုတ်တော့ ဖြတ်နိုင်ပါတယ်။ ဆေးလိပ်သောက်တယ်ဆိုတာ ကျန်းမာရေးထိခိုက်တဲ့အပြင် ပိုက်ဆံ မီးရှို့တာပါပဲ။

Welcome said...

ဆေးလိပ်သောက်ရင် လူကြီးတွေလည်း မနှစ်သက်ဘူး။
ရည်းစားကလည်း ဆေးလိပ်နံ့ကို မခံနိုင်ဘူး။
ဒါပေမယ့် ကျောင်းတက်တုန်းက အများသုံးအိမ်သာရဲ့ အနံ့အသက်ကို မခံနိုင်လွန်းလို့ သောက်ဖြစ်သွားတယ်။
နောက်အဆောင်မှာ သီချင်းသွားဆိုတော့
ခြင်ကိုက်လွန်းလို့ သောက်ဖြစ်တယ်။
နောက် စာကျက်ရင် ဦးနှောက်ရွှင်တယ်ဆိုလို့
ထပ်သောက်ဖြစ်တယ်။ (ကျောင်းသားဘ၀တုန်းကပါ)
ခုတော့ ပတ်ဝန်းကျင်ကို အားနာတယ်။
ကိုယ့်ကြောင့်သူတကာ 3th person မဖြစ်စေချင်ဘူး။ သူများဆေးလိပ်နံ့လည်း ကိုယ်ကမခံနိုင်ပြန်ဘူး။
ဒါကြောင့် ပြတ်သွားတယ်။
မသောက်တာ အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။

ATN said...

ကျနော်လည်း အစက သောက်တယ်။ စီးကရက် တနေ့ တဘူးလောက် သောက်တာ။ ဖြတ်တော့လည်း တရက်တည်းနဲ့ ဖြတ်ပစ်လိုက်တာပါပဲ။ ခု မသောက်တာ ဆယ်နှစ်လောက်ရှိနေပြီ။ ခုတော့ စီးကရက်အနံ့တောင် ခံလို့ မရတော့ဘူး။ ကိုယ်သောက်တုန်းက ကိုယ့်ဘေးက လူတွေ ဘယ်လိုနေမလဲဆိုတာ ခုမှပဲ ကိုယ်ချင်းစာတတ်တော့တယ်။

ဒါနဲ့ဗျာ စကားမစပ် ဘလော့မှာ ဆီပုံးလေး တပ်လိုက်ပါလား...