Wednesday 19 November 2008

ဆိုဖီယာ့အတွေး

မာမီ့ကို အချစ်ဆုံး ပါပဲ။ မာမီက အပြင် သွားတိုင်း ခေါ်သွားတယ်၊ စားချင် တာတွေလည်း ကျွေးတယ်၊ လိုချင် တာတွေလည်း ၀ယ်ပေးတယ်၊ ညမအိပ်ခင် လည်းပုံပြင် လေးတွေ ဖတ်ပြသေးတယ်။

ဒယ်ဒီ့ ကိုလည်း ချစ်ပါတယ်။ ဒယ်ဒီနဲ့ အမြဲ မတွေ့ ရပေမယ့် ဖုန်းနဲ့ စကားပြော ရတယ်၊ gtalk နဲ့ VZO ကတဆင့်လည်း ဒယ်ဒီ့ ကိုမြင်ရတယ်၊ ဒယ်ဒီ့အသံ ကြားရတယ်။ ဒယ်ဒီက တိရစ္ဆာန်ရုံ ခဏခဏ ခေါ်သွားတယ်။ ပန်းခြံ တွေထဲလည်း လျှောက်ပြေး ရတယ်။
ဆိုဖီယာ့မှာ ဖိနပ် ၁၀ ရံရှိတယ်။ အားလုံးကို တန်းစီပြီး ထည့်ထားတယ်။ အရုပ်တွေလည်း အများကြီး ရှိတယ်။ အပြင် သွားရင် ဆောင်းဖို့ ဦးထုပ်နဲ့ထီးလည်း ရှိပါတယ်။ လက်ကိုင် ဟန်းဘက်အိပ် ကလေးလည်း ရှိပါတယ်။

လောလောဆယ် အိမ်မှာ ဆိုဖီယာနဲ့ မာမီ ပဲရှိပါတယ်။ တလောကတော့ ဆိုဖီယာ့ အနားမှာ လူတွေ အများကြီးပဲ။ ဦးလေးတွေ အဒေါ်တွေတဲ့၊ တပြုံကြီးပဲ။ ပုံစံ တွေကလည်း အစုံပဲ။ ၀၀ ပိန်ပိန် ပုပု ရှည်ရှည် ဖြူဖြူ မဲမဲ စုံလို့ပဲ။ နံမည် တွေလည်း အကုန် မမှတ်မိပါဘူး။ သူတို့နဲ့ အစားတွေတော့ အမျိုးစုံ စားရတယ်။ အကြိုက်ဆုံး ကတော့ ချော့ကလက်ပေါ့။ ဘယ်သူနဲ့မှ တောင်မရှယ်ချင်ဘူး။ စားလို့ ကောင်းမှကောင်း။

ဦးဦး ဒေါ်ဒေါ်တွေ ကလက်ဆောင် တွေလည်း အများကြီး ယူလာတယ်။ ဒေါ်ကြီးက ဆိုဖီယာဖတ်ဖို့ စာအုပ်တွေ ပေးတယ်။ စာအုပ်တွေ လက်ဆောင် ရတာနဲ့ ဘာမှ မလိုချင်တော့ပါဘူး။ စာအုပ် တွေရတာ အပျော်ဆုံးပဲ။

ဟော် ၂ပတ် လောက်ကြာတော့ အဲ့ဒီ ဦးဦး ဒေါ်ဒေါ် တွေပျောက်သွားရော။ မာမီ ပြောတာတော့ နိုင်ငံခြား ပြန်သွားပြီတဲ့။ သိပ်မကြာပါဘူး ဆိုဖီယာနဲ့ အမြဲ ကစားနေတဲ့ ဦးသတိုးက အလုပ်ရလို့ စင်ကာပူ ကိုထွက် သွားတယ်။ နောက် ဆိုဖီယာကို ဂရုစိုက်ပြီး ထမင်းကျွေးတဲ့ တီတီဖောင်း ကလည်း မင်္ဂလာဆောင်ပြီး မလေးရှားကို လိုက်သွား ပြန်တယ်။

ဆိုဖီယာ ချွဲနေကြ ဖီဖီဘူးနဲ့ ဖီဖီတိုးတို့ ဆီပဲသွားပြီး တီဗီကြည့်၊ သီချင်းဆို၊ မုန့်တွေ သွားစားတော့မယ် စဉ်းစား နေတုန်း သူတို့လည်း စနေနေ့က စင်ကာပူ အလည် ထွက်သွား ကြပြန်ပြီ။ ပြန်လာ ရင်တော့ ဘာတွေ ၀ယ်လာမှာပါလိမ့်။

(စကားမေးဘယ်တော့မှပြန်မရတဲ့ ၃နှစ်ပြည့်သွားပြီဖြစ်တဲ့ တူမလေးနေရာကခံစားပြီးရေးတာပါ)

7 comments:

khin oo may said...

:P

Nu Thwe said...

သနားပါတယ်း(

:P said...

ဆိုဖီယာက မာနခဲပေါ့..စကားမေးရင်ပြန်မဖြေဘူးဆိုလို့ :P:P:P

Unknown said...

Thank you for your love.
Sophia's daddy

မီယာ said...

မမKOM အားပေးတာကျေးဇူးပါ

နုသွယ် ကိုယ်လည်းအဲ့သလိုပဲခံစားရလို့

စန္ဒာ ဆိုဖီယာစကားတွေလှိုင်လှိုင်ပြောမယ့်အချိန်ကိုစောင့်နေတာ

ဆိုဖီယာဒယ်ဒီ ချစ်စရာကောင်းတဲ့တူမလေးရလို့ကျေးဇူးတင်ပါတယ်

MrDBA said...

ခုမှဘဲသိတော့တယ်။ တော်တော်ရှာလိုက်ရတယ် မတွေ့ဘူး။ လင့်ချိတ်ထားတဲ့ဆီကနေ ပြန်သိလို့။ တော်တော်မောသွားတယ်ဗျာ။
Reader ထဲ ဖိယူထားလိုက်ပြီဗျို့ များများရေးပေတော့။
လင့်ထားတာ ကျေးဇူးပါဗျာ။

tg.nwai said...

ချစ်စရာလေး...