
You have time for everything!
သူငယ်ချင်း တစ်ယောက် ကလေးမွေးလို့ သွားကြည့်မယ်လို့ ပြောမိလို့ ရုံးက ပုဂ္ဂိုလ် တစ်ယောက်က ပြောလိုက်တာ ဖြစ်ပါတယ်။ လိုက်မလားလို့ သူတို့ကို မေးတော့ တစ်ယောက်က လက်ဆောင် မ၀ယ်ရသေး လို့တဲ့။ နောက်တစ်ယောက် ကလည်း သူ့သား လာမှာမို့ အိမ်စောစော ပြန်မယ်တဲ့။ နောက်တစ်ယောက် ကလည်း သူ့ကလေး ၃ယောက်က စောင့်နေမှာ မို့လို့တဲ့။ ကိုယ့်ကို you have time for everything လို့ပြောတဲ့ ပုဂ္ဂိုလ် ကလည်း သူ့မြေးဦးလေး ကိုတောင် သွား မကြည့်နိုင်အောင် အလုပ်က ရှုပ်လွန်း တယ်တဲ့။ ကိုယ်ကတော့ ၅ မိနစ်လောက် လမ်းလျှောက် သွားရင် ရောက်တဲ့ သူငယ်ချင်း အိမ်ကို အဖော်စပ် မနေတော့ဘဲ ထွက်လာခဲ့တယ်။
ကိုယ်ဘာသာတော့ ပြန်စဉ်းစား နေမိတယ်။ ငါများ သိပ်အားနေလား လို့ပေါ့။ ရုံးက ညနေ ငါးနာရီ ဆင်းရင် အိမ်ကို လမ်းလျှောက် ပြန်လာတယ်။ အိမ် ရောက်ရောက်ချင်း စက် ဖွင့်ပြီး ဘယ်သူတွေ online ရှိလည်းကြည့်၊ blog တကာလိုက်လည်၊ comment တွေရေး၊ cbox တွေ သွားနှုတ်ဆက်တာနဲ့ ၇နာရီ ထိုးသွားတယ်။ ထမင်း စားပြီး သီချင်း နားထောင်ရင်း ၀တ္ထု ဖတ်ရင်ဖတ်၊ မဟုတ်ရင် အ၀တ်ဗီဒိုကို ထပ်ခါထပ်ခါရှင်း။ တခါတလေ စိတ်ကူး ပေါက်ရင် ဟင်းချက်၊ သန့်ရှင်းရေး လုပ်တယ်။ စနေ တနင်္ဂနွေဆို window shopping သွား၊ သူငယ်ချင်း တွေနဲ့လည်၊ စာအုပ်ငှား၊ တရေးတမောအိပ်၊ internet နဲ့ဖုန်းတွေခေါ်၊ စကားပြောပြီး မိသားစုနဲ့ အပေါင်းအသင်းတွေ သတင်း နားထောင်ပါတယ်။
တခုရှိတာက ရှင်းစရာ အိမ်ကြီးမရှိ၊ ခြံမရှိ၊ ကြည့်စရာ ကလေးလည်း မရှိပါ။ သို့အတွက်ကြောင့် ကိုယ့်မှာ time တွေ ရှိနေလား မသိပါ။
3 comments:
ကလေးမီးဖွားတယ် လို့ သုံးရပါတယ်။ :P
ကလေးမရှိတာနဲ့ မဆိုင် ဆန္ဒ ရှိတာနဲ့ ဆိုင်တယ်။ willing to do…
မမ KOM willing to blog :D
ဟုတ်တယ်နော်..လူတွေက ကိုယ်လုပ်ချင်တာဆိုရင် အားအောင်..မအားတဲ့ ကြားထဲက လုပ်တတ်တာပါပဲ။ မလုပ်ချင်တဲ့ အခါကျတော့လည်း ဟိုဟာလေးအကြောင်းပြ. သည်ဟာလေး အကြောင်းပြပေါ့နော်..။
ခုလည်း..ကလေးသုံးယောက်နဲ့ လုံးလည်ချာလည် လိုက်နေတာတောင် ဘလော့ဂ်လည်ဖို့ အချိန်တွေ ရှိနေသေးတယ်..ဟဲဟဲ
မီယာရေ..ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရနေသေးတာကို အားကျမိတယ်။ တခြားကိစ္စတွေများနေရင်တော့ ကိုယ်လုပ်ချင်တာလုပ်ဖို့ အချိန်နည်းသွားမယ်လို့ ထင်မိပါတယ်။
Post a Comment