ဒီဇင်ဘာရောက်ရင်အလုပ်က၂ပတ်ပိတ်ရက်ရပါမယ်။ 24/7 အိမ်ထဲမှာတော့မနေချင်ပါဘူး။ credit crunch ကြောင့်လည်း ပိုက်ဆံကြည့်သုံးလို့သတိပေးခံထားရတော့ ခရီးထွက်ဖို့နဲနဲကိုယ်ရှိန်သတ်နေပါတယ်။ လက်ကတော့ holiday တွေလိုက်ရှာနေတယ်။ လောလောဆယ်တော့ဒါတွေတွေ့ထားတယ်။

မမ KOM blog ဖတ်ပြီး Amsterdam သွားချင်တယ်။ စာရေးဆရာ Ian McEwan ရဲ့စာအုပ်ကိုပါဖတ်ဖို့ယူသွားမယ်။

တနေ့ကသတင်းစာထဲမှာဖတ်လိုက်ရတာက ဒီအချိန်ဂရိမှာရာသီဥတု ကောင်းတယ်တဲ့။ ငယ်ငယ်ကအိုလံပစ်ပွဲတွေအကြောင်းသင်ရကတည်းက စိတ်ကူးယဉ်ခဲ့တာ။ ကိုယ်တိုင်ကိုယ်ကျ Athens မြို့ကိုသွ

ားလည်ချင်တယ်။
သမိုင်းကြောင်းနောက်ခံတွေနဲ့ပြည့်နှက်နေတဲ့ Berlin ကိုလည်းရောက်ဖူးချင်တယ်။ ဘာလင်တံတိုင်းကြီးပြိုတဲ့ သတင်းဖတ်ရတုန်းက မဆီမဆိုင် စိတ်ထဲလွတ်လပ်ပေါ့ပါးမှုကိုခံစားရတယ်။ ရာသီဥတုကတော့ အရမ်းအေးမယ်ထင်တယ်။

နောက်အသွားချင်ဆုံးတစ်နေရာကတော့မိသားစုနဲ့သူငယ်ချင်းတွေအများကြီးရှိတဲ့ စင်ကာပူ။ နေနေနိုင်ရဲ့ blog ပေါ်မှာအစားအသောက်အကြောင်းတွေဖတ်ပြီးတိုင်း စိတ်ကူးနဲ့ တစ်မျိုးပြီးတစ်မျိုးလိုက်စားကြည့်နေတာ။ ဘယ်ကိုရောက်ဖြစ်မလဲတော့မသိသေးပါဘူး။
(ဓါတ်ပုံများကို tripadvisor မှယူသုံးထားပါသည်)
5 comments:
Italy သွားပါ. ရောမမြိဲု့ကြီးရယ် ဗင်းနစ် ရယ် မြို့ကလေးတွေရယ် သိတ်လှတယ်။
သွားပြီးပြန်လာရင်ဓါတ်ပုံတွေရိုက်လာခဲ့နော်
နီးနီးနားနား စကာၤပူကိုပဲ အရင္လာခဲ့ပါလား။
မမ KOM အဲ့ဒီနှစ်မြို့လုံးရောက်ပြီးပြီ
sin dan lar သွားဖြစ်ရင်တော့ရိုက်မှာစိတ်ချ
ပန်းခရမ်းပြာရေ magic carpet သာစီးပြီးလာချင်တော့တယ်
အချိန်ရတာ နဲ့  ဘလော့တွေ လိုက်ဖတ်နေတာ.. ဒီဟာဖတ်ပြီး အစားအသောက် ပုံတွေ တင်ရမှာ အားနာသွားတယ်။. ကျွန်မကလည်း ပျင်းရင် စားတဲ့ပုံတွေကြီးတင်နေတာ.. ဒါမှ ကိုယ်အစားအသောက် မှန်မှန်စားတယ် ဆိုတာ သက်သေပြပြီသားဖြစ်မှာလေ.. ဘယ်သူ့ ကိုလဲတော့ မမေးနဲ့ 
Post a Comment