ဒီနေ့ရုံးမှာ မြင်တွေ့ခဲ့ရတဲ့ ဖြစ်ရပ်လေးတစ်ခုကြောင့် ဒီပို့စ်လေးကို ရေးဖြစ်တာပါ။ ကိုယ့်မှာ အမေ သက်ရှိထင်ရှား မရှိတော့ပါ။ အမေ အသက်ရှင်စဉ်က ကိုယ်နဲ့ အမေရဲ့ ဆက်ဆံရေးကို ပြန်တွေးမိနေပါတယ်။
ဂျက်စမင်(အမည်မှန်မဟုတ်ပါ)က စပိန်သူပါ။ စကော့လူမျိုးနဲ့ အိမ်ထောင်ကျပြီး အင်္ဂလန်မှာနေပါတယ်။ ဂျက်စမင်က စပိန်ဘာသာစကားအပြင် အင်္ဂလိပ်နဲ့ အီတလီစကား ကိုလည်းကျွမ်းကျင်စွာ ပြောနိုင်ပါတယ်။ သူ့မိဘများကတော့ စပိန်မှာနေပါတယ်။ အင်္ဂလိပ်လို မပြောတတ်ပါဘူး။ ဂျက်စမင် ကိုယ်ဝန်ရှိပြီဆိုတဲ့ သတင်းကြားတော့ သူ့အမေက ကလေးမွေးတဲ့အခါ လာခဲ့မယ်လို့ ပြောပါတယ်။
ဂျက်စမင်။ အမေလာဖို့ မလိုပါဘူး။ သမီးခင်ပွန်းရှိရင် လုံလောက်ပါတယ်။
အမေ။ ဘာလို့ ငါ့ကို မလာစေချင်တာ ငါနားမလည်နိုင်ဘူး။ သမီးကလေးမွေးရင် အမေက လာနေပေးချင်တာ သဘာဝပဲ။
ဂျက်စမင်။ အမေမလာပါနဲ့။
ဒါနဲ့ပဲ ဂျက်စမင်ကို ကိုယ်ဝန်ဆောင်ဘ၀မှာမြင်ချင်လို့ သူ့အမေက စပိန်ကနေ လာတွေ့မယ်လို့ပြောပါတယ်။ ဂျက်စမင်ရဲ့ ညီမက လေဆိပ်ကနေ စီးရမယ့်ကားကို ပုံစံပြောပြပါတယ်။ ဂျက်စမင်က လေဆိပ်က သူနေတဲ့နေရာနဲ့ ဝေးလို့ မကြိုနိုင်ပါဘူးတဲ့။ ဂျက်စမင်ရဲ့ညီမက စာရွက်ပေါ်မှာ အင်္ဂလိပ်လို မြို့နံမယ်နဲ့ ဆင်းရမယ့် မှတ်တိုင်ကို ရေးပေးလိုက်ပါတယ်။ ဒါနဲ့ပဲ ဂျက်စမင်ရဲ့အမေလည်း ချောမောစွာ ရောက်လာပါတယ်။
ရောက်ရောက်ချင်း သေတ္တာကိုဖွင့်ပြီး ပါလာတဲ့ ကလေးပစ္စည်းလေးများကို ပြပါတယ်။ ရာသီစုံ ၀တ်ဖို့ အရွယ်စုံ အင်္ကျီလေးတွေလည်း ပါပါတယ်။
ဂျက်စမင်။ အမေဘယ်တုန်းထဲက ဒါတွေဝယ်ထားတာလဲ။
အမေ။ သမီးကိုယ်ဝန်ရှိပြီလို့ ကြားကတည်းကလေ။
ဂျက်စမင်။ အများကြီးပဲ။ ဒီလောက် ပိုက်ဆံအကုန်ခံစရာမလိုပါဘူး။ သေသေချာချာ ပြောထားလျက်နဲ့။
အမေ။ မြေးဦးဆိုတော့ ၀ယ်ပေးချင်တာပေါ့ကွယ်။
ဒီနေ့တော့ ဂျက်စမင်ရဲ့ အလုပ်ကို သူ့အမေလိုက်လာပါတယ်။ ရုံးသူရုံးသားများနဲ့ တွေ့ပြီးတဲ့အခါ ဂျက်စမင်ကအလုပ်လုပ် ရမှာမို့လို့ သူ့အမေကို မြို့ထဲ လျှောက်လည်ခိုင်းပါတယ်။ ညနေ ၃ နာရီလောက်ကျတော့ သူ့အမေပြန်ရောက်လာပါတယ်။ ဂျက်စမင်ကို ရှာမတွေ့လို့ ဧည့်ခန်းထဲမှာထိုင်စောင့် နေပါတယ်။ ၅ နာရီထိုးမှ ကျွန်မကတွေ့လို့ ဂျက်စမင့်ဆီ ခေါ်သွားလိုက်ပါတယ်။ သူ့အမေပြန်မလာလို့ စိတ်ပူနေတဲ့ ဂျက်စမင်က တရစပ်မေးခွန်းတွေ ထုတ်တော့တာပဲ။ ကျွန်မလည်း စိတ်ရှုပ်တာနဲ့ ထွက်လာခဲ့တယ်။
အတွေးတွေလည်းတသီကြီးပဲ။
4 comments:
မမီယာ..
နိနိတို့နဲ့ သုနှင်းဆီမှာတွေ့လို့
လိုက်လာကြည့်တာ..ဒါ ပထမဆုံးပါ..
အမေ့ကိုလွမ်းနေတဲ့...တမ်းတနေတဲ့ အချိန်ဆိုတော့..
မမီယာရေးတဲ့ အမေနဲ့ သမီးများက ဘယ်လိုပါလိမ့်ဆိုပြီး
ဝင်လာကြည့်တာ..
ရင်သပ်ရှုမောဖွယ်ပါပဲ...
read သွားတယ်
အမေနဲ့သမီးများဆိုလို့ .. ရန်ကုန်အိမ်သစ် ပြောင်းတုန်းက အကြောင်းကို သတိရတယ်။ လမ်းထိပ်အိမ်က အမျိုးသမီးက သူ့အမေကို အမြဲ ဆူပူကြိမ်းမောင်းနေတာ။ သူအပြင်ထွက်တာနဲ့ အမေကို အိမ်ထဲထည့်ပြီး သော့ခတ်ခဲ့တာ။ အဘွားကြီးက ရိုးရိုးအေးအေး၊ နူးနူးညံ့ညံ့လေး။ လူတွေက ကြမ်းတမ်းတဲ့ သူ့သမီးကိုတော့ ဘယ်လိုကြီးပါလိမ့်ဆိုပြီး လန့်တာပေါ့။ နောက်မှ အဘွားကြီးက အရက်စွဲနေတာ မှန်းသိတယ်။ အရက်ဝင်တာနဲ့ သွေးဆိုးတော့တာ။ မူးပြီး ကြမ်းတာမှ လန့်စရာ။ လစ်လို့ အပြင်ထွက်လို့ရတာနဲ့ အိမ်မှာရှိတဲ့ ပစ္စည်း၊ အ၀တ်ကအစ ထမင်းဟင်းအဆုံး၊ အရက်နဲ့ လဲသောက်တာ။ သူ့သမီးက ပင်ပင်ပန်းပန်းနဲ့ အလုပ်ကပြန်လာမှ အမူးသမား သူ့အမေကို လမ်းတကာ လိုက်လည်ရှာရတာ။
အင် အမေနဲ့သမီးများကလည်း အဲလိုကြီးလား။ မမွန်ပြောတာလည်း တမျိုးစိတ်ဝင်စားစရာပဲ။
နိနိ
Post a Comment