Tuesday 16 December 2008

အုန်းထမင်းနဲ့ကြက်သားဟင်း

ကြက်သား ကိုရေဆေးပြီး မဆလာ၊ ငံပြာရည်တို့နဲ့ နယ်ထားပါတယ်။ အာလူး ကိုရေဆေးပြီး ပြုတ်ပါတယ်။ ဆီသတ်ပြီး ကြက်သား ကိုချက်ပါတယ်။ ခရမ်းချဉ်သီး နည်းနည်း ထည့်ပါတယ်။ ကြက်သား နူးလောက်တဲ့အခါ အာလူးထည့်ပြီး နှစ်မျိုးလုံး နပ်လောက်တဲ့ အချိန်ကျရင် မီးဖို ပေါ်ကချလို့ ရပါပြီ။ ကြက်သားနဲ့ အာလူးဟင်းနဲ့ တွဲပြီး သုံးဆောင်ဖို့ အုန်းထမင်းချက်ဖို့ စဉ်းစားလိုက်တယ်။ ဆန်ကို ရေဆေးပြီး အုန်းနို့ထည့်၊ ချိုအောင် ကြက်သွန်နီ လေးစိတ်လှီးထည့်၊ ဆားလေး နည်းနည်းပါ ထည့်ပါတယ်။ ရေကို ထမင်းပေါင်းအိုးနဲ့ ချက်နေကျ အမှတ်အတိုင်း ထည့်ပါတယ်။ အုန်းထမင်း ကျက်တာနဲ့ ဟင်းနဲ့ တွဲသုံးဆောင်လို့ ရပါပြီ။

ရုံးကပြန်လာမှ အလုအယက်ချက်တဲ့ အလွယ်နည်းပါ။ သုံးတဲ့မဆလာက ရှမ်းမဆလာပါ။ အသား ကိုနယ်တာရော ဟင်းချက် တာရောအတွက် သုံးပါတယ်။ အညွှန်းတွေကို လိုက်နာဖို့ ခက်ခဲ တဲ့အတွက် ကိုယ်ကြိုက်သလို ချက်တာဖြစ်ပါတယ်။

9 comments:

Anonymous said...

အဲဒီ မဆလာက ဒန်ပေါက် ချက်စားလို့ အရမ်းကောင်းတယ် မီယာ။ ဘူးပေါ်က သူ့အညွှန်းအတိုင်းသာချက်။ အဆင်ပြေတယ်။ ခရမ်းချဉ်သီးတော့ မကြိုက်ရင် မထည့်နဲ့ပေါ့။ ထည့်ချင်ရင်လည်း အစေ့တွေ ထုတ်ပြီးမှ ထည့်ပါ။ နို့မို့ ချဉ်တယ်။ ကိုယ်တွေ့သင်ခန်းစာတွေး)

Anonymous said...

မိုက်သကွဲ့။ ချက်စားဖို့ စာရင်းတို့လိုက်တယ်။
မမွန်

မေငြိမ်း said...

တပတ်တပတ် ကျောင်းပိတ်ရက်ဆို ကလေးတွေကို ဘာလုပ်ကျွေးရပါ့မလဲ အမြဲ စဉ်းစားရတာ... ဒီတပတ်တော့ သေချာပြီ.. မီယာအုန်းထမင်းနဲ့ ကြက်အာလူး... :)

Anonymous said...

အာလူးကို အလုံးလိုက်ချက်တာလား

ရွှန်းမီ said...

အုန်းထမင်း.. ကြက်သားဟင်း.. ငါးကလေးနဲ့ မြေပဲကြော်...
အကုန်လာငေးသွားတယ် =)

May Moe said...

အုန်းထမင်း နဲ့ကြက်သားလာငမ်းသွားပါတယ်

ဇနိ said...

ထမင်းတွေက ကော့ပြန်နေတာ သဘောကျတယ်
အာလူးတွေပဲ ရွေးစားသွားတယ်... ကြက်သားက ပျောက်နေလို့..
နိနိဖို့ - ပါဆယ် ယူသွားမယ်။

Anonymous said...

မနုသွဲ့ > အညွှန်းဖတ်ရတာစိတ်မရှည်လို့ :P ခရမ်းချဉ်သီးအစေ့တွေက ချဉ်စေတာကိုး။ သိသွားပြီ။ ကျေးဇူးပါ။

မွန် နဲ့ အမမေငြိမ်း > ချက်ပြီးလျှင် လက်တို့လိုက်ပါဦး။ အမမေငြိမ်း မမျှော်လင့်ထားဘူး။ အချိန်ပေးတာ ကျေးဇူးပါ။

ရွှန်းမီ နဲ့ မေမိုး > အိမ်နီးရင် ပါဆယ်ပို့ပေးချင်ပါတယ်။

နေနေ > အာလူးအသေးလေးတွေလေ၊ အရင်ပြုတ်လိုက်တာ။ လာလည်တာ ကျေးဇူးပါ။

ကိုဇနိ > ဟီးဟီး ကြက်သားကိုဖွက်ထားတာလေ သိနေလို့။ သိတတ်လိုက်တာ။ ဒါတွေကြောင့် နိနိကစွဲနေတာနေမှာ။

ကလိုစေးထူး said...

မစားရတာ နှစ်ပေါက်နေပြီဗျာ။ ဒီကနေပဲ သွားရည်ယိုသွားတယ်။