Sunday 4 January 2009

ဘ၀ အမောများ

မနှစ်က သူ့အမျိုးသား အလုပ်လုပ်နေတဲ့ စင်ကာပူကို လိုက်ဖို့ ကြိုးစားနေတဲ့ သူငယ်ချင်း တစ်ယောက် အကြောင်း ဒီမှာ ရေးဖူးပါတယ်။ တနေ့ ကတော့ ဂျီတော့ခ်မှာ တွေ့တယ်၊ သူ စင်ကာပူမှာ ကျောင်းလျှောက် ထားတာ ကျပြီ၊ ကျောင်းစရိတ် ၅၈၀၀ + VAT သွင်းပြီးတာနဲ့ ကျောင်းက စာပို့မယ်၊ အဲ့ဒီစာနဲ့ စင်ကာပူ ထွက်လာလို့ ရမယ့် အကြောင်း သိရပါတယ်။ ဇန်န၀ါရီ ၂၈ မှာ အတန်းစမှာ ဖြစ်ပေမယ့် အမြန် ဆုံး ပဲ ထွက်လာ တော့မယ်တဲ့။ နေဖို့ နေစရာတော့ သူများတွေကို မေးထားတယ် လို့ပြောပါတယ်။ စလုံးမှာ အခန်းခ တွေလည်း ဈေးတက်လို့ သူတို့ မောင်နှံ အတူတူ နေဖြစ်ချင်မှ နေဖြစ်မှာ လို့လည်း ညည်းနေတယ်။ လောလောဆယ် သူ့ အမျိုးသားက အလုပ်က ပေးတဲ့ နေရာမှာ နေနေတာ ဆိုတော့ အိမ်စရိတ် မကုန်ဘူး။ နိုင်ငံခြား နေတာ ထက်စာရင် တနိုင်ငံထဲ တူတူ ရှိနေရတာ တော်သေး တာပေါ့ လို့ ဖြေတွေးလေး တွေးနေမိတယ်။ အမျိုးသားရဲ့ အလုပ်က အနောက်ဖက်ခြမ်း မှာမို့ အခန်းကို အနောက်ဖက် မှာရှာနေတယ်တဲ့။ ကျောင်းက ဘယ်မှာလဲ ဆိုတော့ အဝေးကြီးတဲ့။ ဒါဆို ရထားခ တော့ ပိုကုန်မှာပေါ့။ အသက် တွေလည်း မငယ်တော့ တာမို့ ရှိသမျှ ဥာဏ်အား လူအား နဲ့သာ ကြိုးစားပေတော့ လို့ အားပေးလိုက်တယ်။ ကျောင်းတက်ပြီး ရင် အလုပ်ရှာရ ဦးမှာ။ ကလေး မရှိ လို့သာ တော်တော့တယ်။ ကွန်ပြူတာ တစ်လုံးတော့ လိုမယ် ထင်တယ်နော် လို့ ပြောမိလိုက်သေးတယ်။ သူကတော့ ငှားလို့ ရရင် ကောင်းမယ် တဲ့။ ကိုယ်က တွေးပူတတ် သူမို့ မလာခင် ကြိုတင် ပြင်ဆင်ရအောင်ပါ။

7 comments:

khin oo may said...

will be ok... later on...

ThuHninSee said...

အားမလျော့နဲ့ ရောက်လုပြီ ကြိုးစားတက်ပါမည်။

Unknown said...

ဘ၀အမောတွေပြေပြီးငြိမ်းချမ်းပါစေလို့
Truth&Peace မှဆုတောင်းပါတယ်။

May Moe said...

မောပါတယ် မမီယာရေ ၊ အဆင်ပြေပါစေလို့ဆုတောင်းပါတယ်

tg.nwai said...

ထိုင်နေတာထက်စာရင် လှမ်းလျှောက်နေတာက တဖြေးဖြေး နီးလာပါလိမ့်မယ်..ဒီလိုပါပဲ..မောလိုက် ရပ်လိုက်..ပြန်လျှောက်လိုက်နဲ့ပဲ..ဘ၀ခရီးလမ်း အဓိပ္ပာယ်ရှိအောင် ကြိုးစားနေရတာပါပဲလေ..

ksanchaung said...

ကိုယ် အဆင်မပြေလှဘူး အောင့်မေ့တယ်။ ကိုယ့်ထက်ဆိုးတဲ့ သူတွေအတော်များသားပဲ။

Moe Cho Thinn said...

အတူ လိုက် မော သွားတယ်..ဟူး...