Monday 9 March 2009

ရှမ်းခေါက်ဆွဲ

ရှမ်းခေါက်ဆွဲကို မြီးရှည်ထက် ပိုကြိုက်ပါတယ်။ လုပ်ရတာလည်း ပိုလွယ်တယ် လို့ ထင်တာပဲ။ ရန်ကုန်မှာ စားနေကျ ဆိုင်တွေကတော့ ၃၄ လမ်းက ကိုးသုံးလုံးရယ် အမှတ်တရ (နှစ်ဆိုင်ရှိတယ် ထင်တာပဲ) ရယ်မှာပါ။ ကိုးသုံးလုံးမှာ မုန်ညှင်းချဉ်တွေ ငရုတ်သီးကြော်တွေ ချထားပေးတာ သဘောကျတယ်။ တို့ဖူးကြော်ကို အလျင် အမြည်းစား၊ ပြီးမှ ရှမ်းခေါက်ဆွဲ မှာစားတယ်။ တို့ဖူးကြော်ကလည်း ရန်ကုန်ကြော်နဲ့ တောင်ကြီးကြော် ကွဲသေးတယ်တဲ့။ တို့ဟူးနွေးကိုတော့ ခေါက်ဆွဲ မပါဘဲ စားရတာ ကြိုက်တယ်။ ရန်ကုန်မှာ စားဖူးသမျှထဲမှာ ရှေ့ဆောင်ရုံ အောက်က ရှမ်းဆိုင်က တို့ဖူးနွေးကို အကြိုက်ဆုံးပါပဲ။ ပြောရင်း ရှမ်းခေါက်ဆွဲ စားချင်တာနဲ့ အာရှဆိုင်သွားပြီး လိုတာလေးတွေ ၀ယ်လာတယ်။

ဝက်သားကို ခရမ်းချဉ်သီးနဲ့ ဆီပြန်အောင် ချက်တယ်။
ဆီတို့ဖူးနဲ့ ကြက်သွန်ဖြူကို ရေနည်းနည်းနဲ့ ဖျော်ထားတယ်။
မြေပဲကြော်ကိုမကြေတကြေ ကြိတ်
မုန်ညှင်းချဉ် ကိုသေးသေးလေးလှီး
ရှမ်းခေါက်ဆွဲအသုပ်နဲ့ ဟင်းချို သုံးဆောင်သွားပါဦး...

18 comments:

ATN said...

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ကဗျာတပုဒ်က အပိုဒ်လေး တပိုဒ်ကို သွားသတိရတယ်...

မြင်သာမြင်ရ မစားရရ၍.... blah... blah... blah... :(

ကိုရင်နော်ခင်လေးငယ် said...

နှိပ်ဟ..!
ဝါးတီးနဲ့တွေ့ပြီ..
“မြင်သာမြင် မစားရ” ဆိုတာကို
မျက်လုံးကြီးနဲ့ စားလို့ ရအောင် စားလိုက်တယ်..း)

ဒီပုံစံခေါက်ဆွဲမျိုး မမြင်ဖူးဘူး
ချဉ်ငံစပ်လေး ထင်ပါရဲ့ စားကြည့်မယ်..

သျှမ်းခေါက်ဆွဲဆို အရည်လေးနဲ့ ပိုစားချင်တယ်..
ပုဂံလုံးကို ပါးစပ်မှာတေ့ တူလေးနဲ့ ခေါင်ဆွဲဖတ်တွေကိုတား
ချဉ်စပ်စပ်အရည်တွေကို ခွက်စောင်းမော့သောက်ရတာ အရသာ..

ရှလွတ်..!!!

အဲ့... လိုက်ပွဲလေး လုပ်ပါဦးဗျ..
ခင်လေးနဲ့ ကလေးလေးအတွက် ပါစယ်ဆွဲသွားမယ်.. ဟီးးး

ခင်မင်တတ်တဲ့

ကိုရင်နော်

ZT said...

Breakfast မစားရသေးဘူး။ ဗိုက်ဆာသွားပြီ။ :D

Anonymous said...

မနက်စာ ရှမ်းခေါက်ဆွဲ လာစားသွားတယ်။
နောက်ကြုံရင် တို့ဟူးနွေးလေး ကျွေးပါဦး... ဟီဟိး)

PAUK said...

လာငမ်းသွားတယ်..မမီယာ

Anonymous said...

ရှမ်းခေါက်ဆွဲဆိုရင်တော့ အရည်ပဲလာလာ အသုပ်ပဲလာလာ ဆွဲပြီးသား။
အခုလည်း ရှမ်းခေါက်ဆွဲ အသုပ်ကလေးကို စားသွားတယ်။ ဟင်းချိုလေးက ကောင်းမှကောင်းပဲ။

ကြည်

nu-san said...

စားချင်လိုက်တာ.. ရုံးမှာ ထမင်းစားချိန်လာကြည့်မိတာ.. ဗိုက်ဆာဆာနဲ့ပဲ ပြန်သွားပါပြီ.. :(

ksanchaung said...

ကျွန်တော်က ရန်ကုန်သားပါ။ ရှမ်းခေါက်ဆွဲ အတော်ကြိုက်တယ်။ ရှမ်းပြည်မှာ စားရတာလောက် ဘယ်မှာမှ အရသာမတွေ့ဘူး။ မန္တလေးမှာလည်း မဆိုးပါဘူး။ ရန်ကုန်မှာတော့ တခုခု လိုနေသလိုပဲ။

စားရင် (ရန်ကုန်အခေါ်) ဆန်စေးကို တိုဟူးနွေးနဲ့ စားရတာကို အကြိုက်ဆုံးပဲ။

ရွှေဂျမ်း said...

စားချင်တယ်။ ရှမ်းခေါက်ဆွဲ မစားရတာ အတော်ကြာပေါ့။း(

Moe Cho Thinn said...

မီယာလုပ်သလိုမျိုး ရှမ်းခေါက်ဆွဲ အသုတ် ကောင်းကောင်း စားချင်တယ်။ ဒီက ဆိုင်တွေမှာ အဲဒီလို မကောင်းသလိုပဲ။ အသုတ်ဆို ဘာသုတ်သုတ် အကုန်ကြိုက်စ်..
မီယာ လာလာအားပေးနေတာ ကျေးဇူးတင်ပါတယ်။ အားတဲ့အချိန်တော့ စာရေးမှာပါ။ ဒီသူငယ်ချင်းတွေနဲ့ ခွဲမှ မခွဲနိုင်တာ..

tg.nwai said...

မီယာရေ..ဒီမှာတော့ အလွယ် ရှမ်းခေါက်ဆွဲချည်းပဲ စားဖြစ်နေတာ.. မီယာရှမ်းခေါက်ဆွဲအသုတ်ကတော့ ပုံစံတမျိုးလေးပဲ..စားကောင်းမယ့် ပုံလေး..ဒါပေမယ့် အပြင်က လူတွေကို အားနာလို့ မျက်လုံးနဲ့ပဲ မြည်းသွားတော့တယ်..:)

JuneOne said...

ကုန်ပြီလားဟင်။နောက်ကျသွားတယ်။

ဇနိ said...

တို့ဟူးပျော့နဲ့ကြိုက်တယ်... သူ့ကို မစားခင် တို့ဟူးကြော်စားရတာလည်း ကြိုက်တယ်
း)

khin oo may said...

enjoyed

Anonymous said...

ကမန်းကတန်း လာစားသွားတယ် မီယာ။ အမက ပဲငပိနဲ့ ချက်တယ်။ ငြုတ်သီးဖတ်လေးတွေနဲ့ ရောပြီးသား ပဲငပိကို တရုတ်၊ ထိုင်းဆိုင်တွေမှာ ရတယ်။ ဆီတို့ဟူးနဲ့ စမ်းကြည့်ဦးမယ်။ ကျေးဇူး။

Anonymous said...

ကြည့်ရတာ ကောင်းလိုက်တာ။ အမှတ်တရက ရှမ်းခေါက်ဆွဲရော ရှမ်းထမင်းရော ကြိုက်တယ်။

လင်း said...

စားလို့ ကောင်းလိုက်မဲ့ဖြစ်ခြင်း

တန်ခူး said...

ညီမရေ… စားချင်စရာလေးနော်… အမက ၉၉၉ မှာ တခါပဲ စားဖူးတယ်.. များသောအားဖြင့် ခေမရဍ်မှာ စားဖြစ်တယ်… အမက အရည်ဖျော်စားဖြစ်တာများတယ်…