Thursday 12 March 2009

သီချင်းထဲက ပုံပြင်

မင်းကိုမေ့မယ် (တေးရေး - စိုးလွင်လွင်)

သွေးကြောတွေ ခဏ ရပ်သွား အို ဟုတ်မှ ဟုတ်ရဲ့လားလေ
မျက်စိထဲကလေ ကိုယ်များ မှားကြည့်ကာ ကောက်ချက်တွေ မှားဆွဲနေရင်
တခြား ယောကျာ်း တယောက် အနားမှာ ပါပြီးတော့ မင်း လျှောက်သွားတာ
ကိုယ့်အသည်းထဲ ထိသွားအောင် မင်းရွဲ့တာ ဘယ်လိုမှ မထင်မိတဲ့
ကိုယ့်ရဲ့အဖြစ်ကို အမြဲတမ်း ပြန်တွေး ဆွေးကာကြွေ

ဘယ်သူ့မှ မသိအောင်ကြိတ်လို့ငို အိုသူလေတကယ် ရက်စက်သွားပြီနော်ကွယ်
လုပ်ရက်လွန်းခဲ့လိုက်တာ အတိတ်က သူပြောတဲ့ စကားလုံးများနဲ့ ဝေးသွား အိုး
အလျင်ကလိုချွဲဦး ဘယ်တော့မှ မခွဲနိုင်ဘူး

အသဲနှလုံးတွေ ကွဲသွား ကိုယ်ရူးပြီ သူရက်စက်တာ ပြောချင်လိုက်တာ မဟုတ်ရပါ
ဘာလို့ သူနောက်တစ်ယောက်နဲ့ချစ်တာ ကိုယ့်အပြစ်လား ဆိုမလား ဆိုမလား
ကိုယ့်အချစ်ထက် မင်းကို ယုယမယ့် ချစ်သူရှိပြီးသားပဲ
ကိုယ်ရှိရင် မင်းတို့နှစ်ယောက်လုံး စိတ်ညစ်မယ် ပျော်နေနိုင်အောင် ကိုယ်နားလည်
ကိုယ့်ရဲ့အသည်း မီးလောင်လည်း နေလိုက်
ကိုယ်မင်းကိုသိပ်ချစ်တယ် ကိုယ့်အချစ်များ အကုန်လုံး ဘေးဖယ်ထားနိုင်မလား မေးခဲ့ရင်ကွာ
အချစ်ရဲ့ စိတ်ဓါတ်များ ပျော့ညံ့ရမလား ပြောဦး အိုး
ရင်ထဲ ကိုယ်မချိလည်း ကိုယ်မင်းကိုမေ့မယ်

ကိုယ်တယောက်ထဲသာ လမ်းမထက်မှာ အိုကွာ ရင်ထဲ ငိုဆဲပါ အချစ်ရယ် မျက်ရည်စိုကာ
မင်းနဲ့ တယောက်အတွက် ဆက်ချစ်ကြဖို့ ကိုယ့်အတွက်ဆွေး အိုး
ရင်ထဲကိုယ်မချိလည်း ကိုယ်မင်းကိုမေ့မယ်

ဘယ်သူ့မှ မသိအောင်ကြိတ်လို့ငို အိုသူလေတကယ် ရက်စက်သွားပြီနော်ကွယ် လုပ်ရက်လွန်းခဲ့လိုက်တာ
အတိတ်က သူပြောတဲ့ စကားလုံးများနဲ့ ဝေးသွား အိုး
ရင်ထဲ ကိုယ်မချိလည်း ကိုယ်မင်းကိုမေ့မယ်
ရင်ထဲ ကိုယ်မချိလည်း ကိုယ်မင်းကိုမေ့မယ်

တယောက် သောသူ ဆိုတာ ကြားဖူးတာ... ခံစားချက် အပြည့်နဲ့ ပေါ့... ကြာခဲ့ပါပြီ။

9 comments:

PAUK said...

သီချင်းပါတင်ပေးလေ..မမီယာ..
....
စိုးလွင်လွင်ကိုကြိုက်တယ်..

Anonymous said...

အဲဒီသီချင်းက တူးတူးဆိုတာ။စိုးလွင်လွင်ရေးတာမှန်းခုမှသိတယ်။
mm

Anonymous said...

ငယ်ငယ်က စိုးလွင်လွင်သီချင်းတွေအရမ်းကြိုက်ပါတယ် အခုတိုင်အောင်ပဲ။

တယောက်သောသူ????????????????????????????

Anonymous said...

သီချင်းတွေတင်ရင် ဘာကွန်းမန့်ပေးရမှန်း မသိဘူး အမရယ်။ သီချင်းဖက်မှာ အားနည်းတယ်။

tg.nwai said...

တစ်ယောက်သောသူက ခံစားချက်အပြည့်နဲ့ ဆိုတာ ကြားဖုတယ်ဆိုလို့ သို့လော သို့လော တွေးတော စဉ်းစားသွားပါကြောင်း....။

Saing Khan Tun said...

စိုးလွင်လွင် သီချင်းတွေ နစ်နစ်ခြိုက်ခြိုက် ကို နားထောင်ခဲ့ဖူးပါရဲ့ဗျာ .... သူ့အသံ ချိုချိုသြသြ လေးက အကောင်းသားပဲ ... ငယ်ငယ်က လိုက်ဆိုသဗျ .. ဂီတာဝယ်ပြီးတာ တီးပြီး ညည်းချင်ပါတော့တယ်

Anonymous said...

တူးတူးသီချင်းတွေပြန်သတိရမိတယ်

Anonymous said...

အင်း ..တူးတူးနဲ့တော့ တခုခုတော့ တခုခုပဲ..
မှားသွားရင်လဲ လွဲတတ်တဲ့သဘောလို့သာ အောက်မေ့ပြီး ခွင့်လွှတ်ပါတော့ မီယာရေ.. :))

Anonymous said...

ကိုယ့်အသဲကို နုနုလေးလို့ မင်းထင်လား..
မှားလိမ့်မယ် ငိုတယ်ဆိုတာ ပျော့ညံ့လွန်းတယ်...
အဲဒီသီချင်းလေးက ပိုစောတယ်နော်။
အိမ်နားက အစ်မကြီးတစ်ယောက်ကို ရည်ရွယ်ဆိုတာ ဆိုပဲ..ဆိုပဲ။
:D
mm