ငယ်ငယ်က လူကြီးတွေကို ပြန်ခံပြောလျှင် အရိုက်ခံရတယ်။ ကိုယ့်ကို ချွေးမလို့ ချစ်စနိုးနဲ့ ခေါ်တဲ့ အန်တီတွေကို ဘာညာဘာညာ ပြန်ပြောလို့ အမေ လိမ်ဆွဲတာ ခံရတယ်။ ပြန်ပြောတယ် ဆိုတာ လုံးဝ မလုပ်ရဲတော့ဘူး။ ကျောင်းတက်တော့ ဆရာမတွေကို မြင်ရုံနဲ့တောင် ကြောက်နေလို့ ကိုးတန်း (ဟုတ်တယ် န၀မတန်း) မှာ ဘိုင်အို ဆရာမက အကြောင်းမဲ့ သူတို့ကို ကြောက်နေလို့ ဆိုပြီး တချိန်စာ သူ့ အခန်းထဲ ခေါ်ထားတယ်။ ဒါလည်း ကြောက်တာပဲ။ သူငယ်ချင်းတွေနဲ့ နင်ပဲ ငဆ တခါမှ စကား မများဖူးဘူး။ မကျေနပ်လျှင် စိတ်ကောက်တယ်။ စကား မပြောတော့ဘူး။ ကိုယ်က စပြီး မခေါ်တာတော့ မရှိပါဘူး။ သူတို့က ကိုယ့်ကို သူတို့နဲ့ပဲ စွဲစွဲမြဲမြဲ တွဲစေချင်တယ်၊ မုန့်စားလည်း အတူ စာကျက်လည်း အတူ စသဖြင့်ပေါ့။ ကိုယ်က လူတကာနဲ့ စကားပြော လမ်းလျှောက် မုန့်လိုက်စားတာတွေ လုပ်တော့ အတူ ထိုင်တဲ့ သူငယ်ချင်းက မကျေနပ်ဘူး။ နောက်ဆုံး သူလည်း လက်လျှော့ လိုက်တယ်။ မျက်နှာ များတယ် လို့တောင် စွပ်စွဲ လိုက်သေးတယ်။
ကွန်ဖရမ်တေးရှင်းတွေ ချယ်လင့်တွေ မလုပ်ရဲတာ အခုထိပါပဲ။ ကိုယ်ပဲ စိတ်ညစ်ခံ လိုက်တယ်။ အဲ့ဒီ အကျင့်က ကိုယ့်အတွက် ဆိုးကျိုးပဲ ပေးပါတယ်။ အသေးအဖွဲလေးကအစ မကျေနပ်လျှင် ဖွင့်ပြောလိုက်ဖို့ နှုတ်လေးနေတယ်။ အားလုံးကို ကျေနပ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ဆိုတာကို သိနေတော့ ရတာလေး ရှိတာလေးနဲ့ပဲ တင်းတိမ်လိုက်တာ များတယ်။ စိတ်ထဲမှာ မကျေနပ်တာကို ဖွင့်ပြောပြီး ဖြေရှင်းလိုက်ဖို့ သတ္တိမှ မရှိတာ။ သူစိမ်းတွေ နဲ့ဆို ပိုဆိုးတာပေါ့။ တနေ့က အစည်းအဝေး တခုမှာ လူတွေ ပြောသမျှကို ဆုံးအောင် နားမထောင်ဘဲ စကား ဖြတ်ပြောတဲ့ လူတယောက်ကို တော်တော်လေး စိတ်တိုတာနဲ့ ငါတို့ကို စကားပြောခွင့် ပေးပါဦး လို့ ပြောမိတယ်။ ငယ်ငယ်က လူကြီးတွေ ပြောသလို မပြောချင်လို့ ကြည့်နေတာ အကောင်းမထင်နဲ့ လို့တောင် ပြောချင်သေးတာ။
ဒီတိုင်းပြည်က ကလေးတွေက ကျိုးကြောင်း ကုန်စင် ရှင်းပြဖို့ အခွင့်အရေး တော်တော် ရပါတယ်။ သူတို့ မကျေနပ်လျှင် ဘာကြောင့် မကျေနပ်တဲ့ အကြောင်း ပြောပြလို့ရတယ်။ ပြန်ခံပြောတယ် ဆိုပြီး ဆူမယ့်သူ နည်းပါတယ်။ ဒီလို ကိုယ့် ထင်မြင်ချက် ယူဆချက်တွေကို ပြန်ပြောတတ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုများလာတယ်။ ငယ်ငယ် ကတည်းက လေ့ကျင့် ပေးနေသလိုပေါ့။ ကိုယ့်ထက် ရာထူး ကြီးတဲ့သူ၊ အသက် ကြီးတဲ့သူ တွေကို ပြန်ပြောဖို့ ဆိုတာ ကိုယ့်အတွက် မလွယ်ပါဘူး။ ဒါပေမယ့်လည်း ဆိုးကျိုးတွေ သိပ်မများလာခင် ကိုယ့် ခံစားချက်တွေကို အမှန်အတိုင်း ထုတ်ဖော် ပြနိုင်တာ ကောင်းကျိုးတွေ ရဖို့ လမ်းစ တခု ဖြစ်နိုင်ပါတယ်။ အခုအရွယ်မှ ဆိုတော့ ပြန်ပြောတတ်တဲ့ သတ္တိ ရှိဖို့ အချိန် နည်းနည်း ယူရဦးမယ်။ ဖြစ်အောင်တော့ ကြိုးစားရဦးမှာပါ။
ကွန်ဖရမ်တေးရှင်းတွေ ချယ်လင့်တွေ မလုပ်ရဲတာ အခုထိပါပဲ။ ကိုယ်ပဲ စိတ်ညစ်ခံ လိုက်တယ်။ အဲ့ဒီ အကျင့်က ကိုယ့်အတွက် ဆိုးကျိုးပဲ ပေးပါတယ်။ အသေးအဖွဲလေးကအစ မကျေနပ်လျှင် ဖွင့်ပြောလိုက်ဖို့ နှုတ်လေးနေတယ်။ အားလုံးကို ကျေနပ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ဆိုတာကို သိနေတော့ ရတာလေး ရှိတာလေးနဲ့ပဲ တင်းတိမ်လိုက်တာ များတယ်။ စိတ်ထဲမှာ မကျေနပ်တာကို ဖွင့်ပြောပြီး ဖြေရှင်းလိုက်ဖို့ သတ္တိမှ မရှိတာ။ သူစိမ်းတွေ နဲ့ဆို ပိုဆိုးတာပေါ့။ တနေ့က အစည်းအဝေး တခုမှာ လူတွေ ပြောသမျှကို ဆုံးအောင် နားမထောင်ဘဲ စကား ဖြတ်ပြောတဲ့ လူတယောက်ကို တော်တော်လေး စိတ်တိုတာနဲ့ ငါတို့ကို စကားပြောခွင့် ပေးပါဦး လို့ ပြောမိတယ်။ ငယ်ငယ်က လူကြီးတွေ ပြောသလို မပြောချင်လို့ ကြည့်နေတာ အကောင်းမထင်နဲ့ လို့တောင် ပြောချင်သေးတာ။
ဒီတိုင်းပြည်က ကလေးတွေက ကျိုးကြောင်း ကုန်စင် ရှင်းပြဖို့ အခွင့်အရေး တော်တော် ရပါတယ်။ သူတို့ မကျေနပ်လျှင် ဘာကြောင့် မကျေနပ်တဲ့ အကြောင်း ပြောပြလို့ရတယ်။ ပြန်ခံပြောတယ် ဆိုပြီး ဆူမယ့်သူ နည်းပါတယ်။ ဒီလို ကိုယ့် ထင်မြင်ချက် ယူဆချက်တွေကို ပြန်ပြောတတ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုများလာတယ်။ ငယ်ငယ် ကတည်းက လေ့ကျင့် ပေးနေသလိုပေါ့။ ကိုယ့်ထက် ရာထူး ကြီးတဲ့သူ၊ အသက် ကြီးတဲ့သူ တွေကို ပြန်ပြောဖို့ ဆိုတာ ကိုယ့်အတွက် မလွယ်ပါဘူး။ ဒါပေမယ့်လည်း ဆိုးကျိုးတွေ သိပ်မများလာခင် ကိုယ့် ခံစားချက်တွေကို အမှန်အတိုင်း ထုတ်ဖော် ပြနိုင်တာ ကောင်းကျိုးတွေ ရဖို့ လမ်းစ တခု ဖြစ်နိုင်ပါတယ်။ အခုအရွယ်မှ ဆိုတော့ ပြန်ပြောတတ်တဲ့ သတ္တိ ရှိဖို့ အချိန် နည်းနည်း ယူရဦးမယ်။ ဖြစ်အောင်တော့ ကြိုးစားရဦးမှာပါ။
18 comments:
မီယာ...ဒီလိုပါပဲနော်
ကျနော်တို့ဆီကတော့ အငယ်က ပြန်မပြောရဆိုတာမျိုးက အရိုးစွဲနေကြပြီထင်ပါရဲ့... တကယ်တော့လည်း အကျိုးသင့် အကြောင်းသင့်က ပြန်ပြောသင့်ပါတယ်လေ... ပြန်ပြောရဲတဲ့ အဆင့်ရောက်အောင်လည်း လေ့ကျင့်ပေးသင့်ပါတယ်။
အမရေ နေခြည်လည်း ပြန်မပြောရဲတာ လူတွေကို ကြောက်တတ်တာ ခုချိန်ထိရှိနေတုန်းပဲ...ဟူးးးးးးးးး
ကျွန်တော်တို့ ကျောင်းမှာ ကြားဖူးတဲ့ အဖြစ်အပျက် တစ်ခု မှတ်မိသေးတယ်။ ဆရာမ တစ်ယောက်က ကျောင်းသားတွေကို “နင်တို့တွေ လူမဟုတ်တဲ့ဟာတွေ တိရိစ္ဆာန်တွေ” ဆိုပြီး တစ်ချိန်လုံး ပြောနေတာကို ကျောင်းသားတစ်ယောက်က “ကျွန်တော်တို့က တိရိစ္ဆာန်တွေ ဆိုရင် ဆရာမကလည်း တိရိစ္ဆာန်စကားတတ်တဲ့ တိရိစ္ဆာန် ဖြစ်သွားမှာပေါ့။” လို့ ပြန်ပက်လို့ ကျောင်းထုတ်ခံလိုက်ရတယ်။ အခုမှ ပြန်စဉ်းစားတော့ သူလည်း မမှားသလိုပဲ။
ပြန်မပြောရဲလို့ ကိုယ့်ဘာသာကိုယ်အေးရာအေးကြောင်းနေလာတာ ကြာလှပြီ ။ လူကြီးတွေကို respect ပေးတာလဲပါတာပေါ့ ။ ဒါပေမယ့် သူများတွေ ပြန်ပြောနေတာမြင်တော့လဲ အားကျတယ် ။ ကိုယ်ကတော့ ဒီတစ်သက် မထင်...... ကိုယ့်ကို bully မလုပ်သေးလို့လားတော့မသိ ။
မီယာရေ.. တို့တွေလည်း ငယ်ငယ်ကတည်းက အမေကို ပြန်မပြောရဘူး။ အဖေကတော့ အကျိုးသင့်အကြောင်းသင့်ဆွေးနွေးတိုင်ပင်လို့ရတယ်။ ဒါကြောင့် မိသားစုနဲ့ဆိုရင်တော့ တတ်နိုင်သလောက် ပြန်မပြောဖြစ်တော့ဘူးပေါ့။ ဒါပေမယ့် အလုပ်ထဲရောက်တဲ့အခါမှာတော့ ပြန်မပြောလို့ မရတော့ဘူး။ ဒီမှာလည်း ကိုယ့်အထက် လူကြီးကို ကုန်းနေအောင် ကြောက်ပြီး ပြန်မပြောရဲဘူး။ Respect ပေါ့နော်။ အဲဒါတွေက တကယ်အလုပ်လုပ်တော့ အဆင်မပြေတာတွေ ဖြစ်လာရော.. ပြန်ပြောတယ်ဆိုပေမယ့် ဘာကြောင့် ဘယ်လိုဆိုတာ အကျိုးအကြောင်းတော့ ရှိရတာပေါ့။ မဟုတ်ရင် သူမှားလည်း ကိုယ်ပဲ ခံရမယ်၊ ကိုယ်မှားလည်း ကိုယ်ပဲခံရမှာ။ Team တစ်ခုထဲ လုပ်နေတာဆိုတော့ ပြန်ပြောသင့်တဲ့ကိစ္စဆိုရင် အားလုံးကို မေးလ်ခံပြီး ပြန် ပြောကို ပြောမှရတယ်..:)
တို့ အဖေ အမေကတော့ သူတို့ကို ပြန်ပြီး အကျိုးနဲ့ အကြောင်းနဲ့ ပြောပြဖို့ ဖွင့်ပေးထားလို့လား မသိ၊ တို့က တခြားနေရာမှာ အားနာတတ်ပေမဲ့ မဟုတ်ဘူး၊ မမှန်ဘူး ထင်ရင် အမြဲ ပြန်ပြောမိတာပဲ။ ဒါပေမဲ့ ပြောတဲ့နည်းလဲ လိုတယ် ထင်တာပဲလေ။
ကိုယ်က ပြန်ပြောတိုင်း အထွန့်တက်တိုင်း မကောင်းတာ မဟုတ်ဘူး လို့ ထင်တယ်။ ကိုယ့်မှာလဲ မှန်ရင် ပြောခွင့် right ရှိတာပဲ။ ဒါပေမဲ့ ယဉ်ယဉ်ကျေးကျေး ပဲ ပြန်ပြောဖို့ အဖေနဲ့ အမေက သင်တယ်။ ကိုယ်အမြင်မတူတာကို ယဉ်ယဉ်ကျေးကျေး အကျိုးသင့် အကြောင်းသင့် ကိုယ်မြင်တဲ့ ထောင့်က အချက်အလက်နဲ့ ပြန်ပြောဖို့ကို အမြဲတမ်း ကြိုးစားခဲ့ပါတယ်။ နောက်ပြီး တဖက်လူရဲ့ စကားကိုလဲ respect ထားတဲ့အနေနဲ့ နားထောင်ပေးဖို့ လိုပါတယ်။ ဒါမှ မျှတ မှာပါ။
တခါတလေတော့လဲ ခြေကန်ငြင်းပြီး သူပဲ မှန်တယ်ဆိုတဲ့သူမျိုးတွေနဲ့လဲ ကြုံဖူးတတ်ပါတယ်။ ဒါမျိုးကျတော့ ပြိုင်မငြင်းချင်လို့ မောလို့ ဥပက္ခာပဲဟေ့..။
Sorry..အရှည်ကြီး ရေးမိသွားပြီ။
ပြောင်းလဲသင့်တာ အမှန်ပဲ အမမီယာ။ ညီမလည်း ဘာမှပြန်မပြောတတ်ဘူး။ ကြာတော့ မကောင်းဘူး။ တကယ်တော့ ကိုယ့်အမြင်ကို ပြန်ပြောရဲဖို့ သတ္တိလိုတယ်။
ကိုယ်မှန်တယ်ထင်ရင် အကျိုးသင့် အကြောင်းသင့် ပြန်ပြောဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ အလုပ်ခွင်ထဲမှာပါ။ ပြန်မပြောပဲ ငြိမ်နေရင် သူတို့က ကိုယ်မှားလို့ လို့ပဲ ထင်မြင်သွားတတ်တာမျိုး။
အထူးသဖြင့်တော့ ဒီက စလုံးတွေက ပိုဆိုးတယ်။ သူတို့က လက်က နဲနဲလုပ်ပြပြီး ပါးစပ်က များများပြောကြတာ။ ဒီလိုပဲ သူတို့အမှားကို ကိုယ့်အမှားဖြစ်အောင် ထိုးချတတ်တဲ့သူတွေနဲ့ တွေ့လာရတဲ့အခါတွေမှာ ကိုယ်မှန်တာကို ရဲရဲရင့်ရင့် ပြောပြတတ်ဖို့ လိုလာတယ်ပေါ့။
အမ မိဘတွေကတော့ ကိုယ်မှန်တယ်ထင်ရင် အကျိုးသင့် အကြောင်းသင့် ပြန်ပြောတတ်ဖို့ အားပေးတယ်။ သို့သော် သူတို့ ပြောလေ့ရှိတဲ့ စကားကတော့ ချိုချိုပြောလဲ ဒီစကား မာမာပြောလဲ ဒီစကားပဲ.. စကားကို လိမ်လိမ်မာမာနဲ့ ချိုချိုသာသာ ပြောတတ်အောင် ကြိုးစားတဲ့...။
တို့လည်း အစကတော်ယုံဆို ပြန်မပြာတတ်ဘူး။ ဒါပေမယ့် ကိုယ့်ခေါင်းပေါ်တက်ထိုင်တဲ့ သူတွေများလာတော့ အခုတော့ ကိုယ်မှန်တယ်ထင်ရင် ပြန်ပြောတာပဲ။
ဟုတ်တယ်..ပြန်ပြောတတ်ဖို့တော့ လိုမယ်ထင်ပါတယ်..စိတ်လိုက်မာန်ပါ မဟုတ်ပဲ..စိတ်အေးလက်အေးနဲ့ အကျိုးအကြောင်း ပြောဆိုဆွေးနွေးတာမျိုးကိုတော့ ပြောတတ်ချင်ပါတယ်....။ တခါတလေ အကျိုးသင့် အကြောင်းသင့်လဲ မဟုတ်..အပြုသဘောလည်း မဆောင်..တယောက်နဲ့ တယောက် အပြစ်လွှဲချနေကြတာမျိုးဆိုရင်တော့ စိတ်ညစ်တယ်..။
ဟုတ်တယ် အရိုးစွဲနေပြီ။ ပြင်လို့မရောတ့ဘူး
ညီမရေ… ငယ်ငယ်ကတည်းက ကိုယ်လုပ်တာမှန်ရင် ပြန်ပြောတတ်လို့  ခဏခဏအရိုက်ခံခဲ့ရတာ… ကြီးတဲ့အထိလဲ အဲဒီလိုပဲ… အထက်အရာရှိက တရားမမျှတဘူးထင်ရင် စိတ်ထဲမထားပဲ ပြောတတ်လွန်းလို့  မျက်နှာပေးမခံရဘူးလေ… တခါတခါကျတော့လဲ ပွင့်လင်းလွန်းတာလဲ မကောင်းပြန်ဘူး… အလည်အလတ်လေးပဲ ကောင်းပါတယ်ညီမရယ်… ခံလွန်းပြန်လဲ မကောင်းဘူးလေ…
မမီယာရေ...
အမေ့ကိုပြန်ပြောတတ်တယ်..
အဖေ့ကိုတော့ ပြန်မပြောရဲဘူး..ကြောက်တယ်..
အပြင်လူတွေကိုလဲ ပြန်မပြောရဲဘူး..
ဒါမယ့်..အခု တစစပြုပြင်နေပါပြီ..
စမ်းပြီးပြန်ပြောကြည့်နေတယ်..
(မဟုတ် အနင်းခံရလွန်းလို့)
ကော်မန့်တွေ ဖတ်ပြီး ခွန်အားအသစ်တွေ အများကြီး ရသလိုပဲ... အားလုံး အတွက် ကျေးဇူးအများကြီးတင်ပါတယ်... ဆက်ရေးစရာ ရှိလည်း ရေးကြပါဦး။
မတန်ခူး ပြော သလိုပါ ပဲ
တို့တွေ ဆိုလဲ ပြန်ပြောလွန်းလို့ စွာတယ်ဆိုတဲ့ ဘွဲ့ ရထားတာ
တခါ တလေများ အစည်းအဝေး တွေ မှာ နှုတ်ဆိတ်နေဖို့
လူကြီးတွေ ပြောတဲ့ အခါ မှန်တယ် လို့ မထင်ရင် ပြန်ပြန်ပြောတတ်လွန်းတော့ ကြိုက်တဲ့သူ ရှိသလို မြိုက်သူတွေ လဲ ရှိသပေါ့
ဘာဖြစ်ဖြစ် ကိုယ်မှန်တယ် ထင်ရင်ပြန်ပြောသင့်တယ် ကလေးတွေ ကိုလဲလေ့ကျင့်ပေးသင့်တယ် ညီမရေ
အမကတော့ ငယ်ကနေ ခုထိ စိတ်ထဲမှာ မမှန်ဘူးထင်ရင် ပြန်ပြောတတ်လွန်းလို့
လူမုန်းခံရ။ အမေရဲ့ အရိုက်လဲ ခံရနဲ့ပါပဲ။ အမေက ၀ါးခြမ်းပဲ ဖြစ်နေပါစေ ငါကလုံးဆိုလုံး ဆိုတဲ့ စိတ်ထက်တဲ့အမေလေ။ အမကလဲ မှားနေတာကို မှားနေတယ် ဆိုတာ ပြောလိုက်ရမှ ခေါင်းမာတဲ့လူမျိုး၊ ဒီတော့ ထိပ်တိုက်တွေ့ပြီပေါ့။ ဟိဟိ..
အမရဲ့ အဖေကတော့ပြောပါတယ် ပြန်ပြောတာ ကောင်းတယ် ဒါပေမယ့် ရန်တွေ့သလို မဖြစ်ရဘူးတဲ့။ အေးအေးသက်သာ ပြောပေါ့လေ။ ကိုယ်ကလဲ ထစ်ကနဲဆို ပက်ကနဲ ပြောချင်တတ်တာမျိုး။ ခုကျတော့ ဒါမျိုးကို လျှော့နေပြီ။ မီယာနဲ့ အမနဲ့ ရောမွှေရမယ် ထင်တယ်။
ခင်တဲ့ အမခင်မင်းဇော်
မှန်တယ်ဗျာ
နိုင်ငံခြားထွက်လာတော့ အဲဒီအကျင့်တွေကြောင့် လူကြောက်လို့ အထင်ခံရတယ် သူများအနှိမ်ခံရတယ် အဲဒီအကျင့်တွေဖျောက်ကြဖို့ သူငယ်ချင်းတွေကိုပြောတော့ မင်းကမိဘမဖြစ်သေးတော့ဘယ်သိမလဲလို့ပြောတယ်
စနစ်ဆိုးကြီးမင်းမူနေတာဒါကြောင့်ပါဗျာ ကျောင်းကဆရာကကြိမ်လုံးကိုင်တယ် အိမ်ကမိဘကဒုတ်ကိုင်တယ် ဒေဝေါကြီးနဲ့ ချောက်တယ်
အကြောက်တရားတွေ ဆက်ပြီးမသွတ်သွင်းကြပါနဲ့ မျိုးဆက်သစ်တွေကို
Post a Comment