ဘလော့ရွာထဲမှာ သိရ ခင်ရ တဲ့ သူတွေက ကျွန်မ အတွေးထဲ မကြာခဏ ဆိုသလို ၀င်လာတတ် ပါတယ်။ ဒီအကြောင်း ပို့စ်တခုတော့ ရေးဦးမယ်လို့ စဉ်းစားရင်း ပို့စ် အသစ်တင်ဖို့ ပြင်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ၁၀၀ ခုမြောက်ဖြစ်နေတယ်။ အမှတ်တရ ပေါ့နော်။
အပြင်လောက က သူငယ်ချင်း တော်တော် များများနဲ့ အဆက်ပြတ်နေတဲ့ အချိန်မှာ ဘလော့ ရွာကြီးကို ရှာဖွေ တွေ့ရှိခဲ့တာ။ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပဲ ဖတ်စရာ မှတ်စရာ ကြည့်စရာ မြင်စရာတွေ စုံလင်လှတဲ့ ဘလော့ပေါင်း များစွာကို တခုပြီးတခု လျှောက်လည် တော့တာပဲ။ သတင်း ဘလော့တွေကနေ စလိုက်တာ နောက်တော့ တွေ့သမျှ လင့်ကို နှိပ်ပြီး တွေ့တာ ဖတ်တော့တာပဲ။ (ဒါပေမယ့် ဆင်ဆင်နဲ့ မခင်ဦးမေကိုတော့ မမီပါ) မိုးလင်းတာနဲ့ ကွန်ပြူတာဖွင့်ပြီး ဘလော့တွေ ဖတ်ရတာ တကယ့် စည်းစိမ်။ ကိုနဗနရဲ့ ဘလော့ကို တွေ့တာ ဆောင်းတွင်း အချိန်။ ချမ်းချမ်းစီးစီးနဲ့ အိပ်ရာက နိုးတာနဲ့ ထဖတ်၊ ပြီးတော့ ကိုယ့်ဘာသာရီတာ အားမရဘဲ အိပ်နေတဲ့ ယောကျာ်းကိုပါ ပြောပြပြီး ထပ်ရီသေးတယ်။ သူက ကိုယ့်လို မရီဘဲ ပြောပြတာကို ပြုံးပဲ ပြုံးရင် စိတ် သိပ်မကျေနပ်ချင်ဘဲ နောက်တခေါက် ရေးထားတဲ့ အတိုင်း ဖတ်ပြလိုက်တယ်။
လင့်တွေ အများကြီး ရှိတဲ့ khin00may77 ကတဆင့် လည်စရာ ဘလော့တွေ အများကြီး ထပ်တွေ့ပြန်တယ်။ တချို့ ဘလော့ ပိုင်ရှင်တွေက ကိုယ်နဲ့ သိတဲ့သူတွေ ဖြစ်နေတယ်။ ပြန်တွေ့ချင်နေတဲ့ သူငယ်ချင်း တယောက်ကို သူ့ဘလော့မှာ ဓါတ်ပုံနဲ့တကွ ပြန်တွေ့ရတယ်။ မိုးချိုသင်း လို့လည်း တွေ့တော့ ကဗျာဆရာ ဦးတင်မိုး သမီး ပဲဆိုပြီး အမြဲ သွားလည်တယ်။ လင့်တွေက တဆင့်ပဲ မခင်မင်းဇော်ရဲ့ ဘ၀ဒိုင်ယာရီများကို ဖတ်ပြီး ငိုရတယ်။ ဆရာမ မေငြိမ်းရဲ့ စာတွေ တွေ့တော့ မဖတ်ရသေးတဲ့ ၀တ္ထုတွေပါ တပုံကြီး ဖတ်ရတယ်။ ဆရာမကို ဆရာ မခက်မာမှာ ဘလော့ ရှိလား လို့် မေးမိတယ်။ သားထံမှ သင်ယူခြင်း ၀တ္ထုတွေ စွဲခဲ့ဖူးတယ်လေ။ ပြီးတော့ သူငယ်ချင်းတွေကိုပါ ဘလော့ လိပ်စာတွေ လက်ဆင့်ကမ်းလိုက်တယ်။ ရန်ကုန်ပြန်တိုင်း စာအုပ်တွေကို စိတ်တိုင်းကျ သယ်ဖို့ အခွင့် မရတာမို့ ဒီလို အခွင့်ထူးမျိုး ရတော့ ပျော်တာပေါ့။ wesheme ဘလော့ကို ရောက်တော့ ဖတ်စရာ မှတ်စရာ တွေစုံတဲ့အပြင် သူတို့ အကြောင်းတွေ ဓါတ်ပုံတွေကိုပါ ဝေေ၀ဆာဆာ တွေ့ပြီး အားကျမိတယ်။
အားအားရှိ မခင်ဦးမေ ဘလော့ကိုသွားနေလို့ ယောကျာ်းက မင်းတော့ ခင်ဦးမေကို စွဲလမ်းနေပြီလို့ ညည်းတယ်။ ပို့စ်အသစ်မရှိလည်း စီဘုံးမှာ ရစ်သီရစ်သီ သွားလုပ်တယ်။ စီဘုံးမှာပဲ မွန်နဲ့ မနုသွဲ့ကိုတွေ့တာ။ မနုသွဲ့က ကိုယ်နဲ့ တနိုင်ငံထဲဆိုတော့ ပျော်ပြီး သူ့ကို လိပ်စာ မေးတော့တာပဲ။ မွန့်ကိုကျတော့ လာလည်ဖြစ်ရင် အိမ်မှာ တည်းပါလို့ ခေါ်လိုက်တယ်။ ယောကျာ်းကို ပြောပြတော့ ဟင် သိလို့လားတဲ့။ နောက်ရက်ကျတော့ နိနိနဲ့ တွေ့ပြန်ရော။ သူ စကားပြောတာက ယဉ်ကျေးပြီး ချစ်စရာ။ ဒါနဲ့ သူ့စာတွေပါဖတ်၊ သူနဲ့နွယ်ပြီး ကိုဇနိကြီးကိုပါ တွဲသိသွားရော။ စမ်းတ၀ါးဝါး ဟိုကြည့် ဒီကြည့် လုပ်ရင်း ရထားတဲ့ ကိုယ့်ဘလော့ အတွက် ဘလော့ပိုင်း ဆိုင်ရာ ဒုက္ခတွေ ဖြေရှင်းပေးဖို့ ကယ်တင်ရှင်ကြီး တယောက် ဘုရားက ဆုချ လိုက်သလိုပဲ။ စာခေါက်နည်း၊ မြန်မာစာ ပေါ်အောင်လုပ်နည်း၊ ဖိုင်တင်နည်း ၊ ခမျာ စိတ်ရှည်ရှည်နဲ့ ပြောပြရှာတယ်။ တွေ့ပြီး မကြာခင်မှာပဲ ကိုဘက ထုံအဖွဲ့ထဲ ထည့်လိုက်လို့ ပညတ်သွားရာ ဓါတ်သက်ပါပြီး ကိုယ်လည်း ပညာသစ်တွေ သင်ဖို့ လက်လျှော့ လိုက်ပါတယ်။ ကိုဇနိကို အားနာတာလည်း ပါတာပေါ့လေ။
(ဆက်ရေးလိုက်ဦးမယ်)

35 comments:
အရင်ဆုံးလာဖတ်ပါတယ်..း)
ပို့စ် ၁၀၀ မြောက် ဆိုပါလား။ Congratulations ပါ မီယာရေ။
တို့လဲ မီယာ့ကို သိတာ တို့ရဲ့ အင်းစိန်အိမ်ကလေးအကြောင်း ရေးပါလား ပြောလို့ စ သတိထားမိတယ်။ အစက ဘလော့လုပ်မှန်းမသိ။
သိလို့ လာဖတ်တော့ ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာကောင်းအောင် ရေးတတ်လို့ အမြဲလာဖတ်နေရတာသာ ကြည့်။
ညီမရေ… ပို့ စ်၁၀၀ မြောက်မှသည် ပို့ စ်ပေါင်း မရေမတွက်နိုင်အောင်အထိတိုင်ပါစေလို့ … ဘလော့လေး အသက်ရှည်ကျန်းမာပါစေလို့  ဆုတောင်းပေးပါတယ်… တယောက်နြဲ့ တယောက် မမြင်ဘူး မသိဘူးကြပေမယ့် နှစ်အဆက်ဆက်က ရင်းနှီးခင်မင်ဖူးသူတွေလို သံယောဇဉ်ရှိကြတဲ့ ဘလော့ရွာက မိတ်ဆွေများအကြောင်းကို စောင့်ဖတ်နေမယ်နော်….
ပို့စ်၁၀၀တောင်ရှိပြီ..၁၀၀၀.. ၁၀၀၀၀၀ကျော်လွန်စေသောဝ်။
ဘလော့ဂ်ကလူတွေနဲ့ ရင်းနှီးနေတာ အိမ်ကလူတောင် အူကြောင်ကြောင်ဖြစ်လာတယ်။ဟိုနေ့က ရုပ်ရှင်ထဲကaudrey tatouကိုကြည့်နေရင်း မွန်အသိကောင်မလေးနဲ့တူတယ်လို့
ပြောတော့ ဟိုက ဘယ်သူလဲတဲ့။အဲ..မွန်လဲနာမည်မသိဘူးလို့ ပြောရော
မျက်လုံးပြူးသွားတယ်... မသိတဲ့သူကို ဘယ်လိုတူလဲတဲ့ အဟီး။
ကိုနိပြောတာနဲ့ အဲဒီမင်းသမီးဆို နိနိပဲမှတ်ထားတော့တာ။
၁၀၀ မှသည် သန်းချီသည့်တိုင်... ဆက်လက် ဘလော့ဂင်းနိုင်ပါစေဗျား...း)
ပျော်ရွှင်စွာ ဆက်လက် ဘလော့ဂင်းနိုင်ပါစေ...
(မီယာပို့စ်လေး ဖတ်ပြီး အမလည်း ရေးထားတဲ့ ဘလော့ဂင်းက အညမညလေးတွေပို့စ် အပြေးအလွှားတင်ပြီး Link to this post လုပ်လိုက်တာလေ...အဟီး...တလွဲဖြစ်သွားတယ်။)
ဝေး... ၁၀၀ တောင်ရှိပြီ တဲ့
နေအုံး ၁၀၀ ဆိုတော့ ဘာ ရတု ဘာလိမ့်နော်..း)
မီယာရေ.. ပို့စ် ၁၀၀ မြောက်မှသည် နောင်လည်း ပို့စ်တွေ အများကြီးရေးနိုင်ပါစေ.. :)
ပို့၁၀၀ မှ သည် ဆက်နိုင်ပါစေ. အရည် တည်ပါစေ.
အစ်မလဲလေ. ဘလော့ထဲ့သူငယ်ချင်းတွေအကြောင်းဘဲ စဉ်းစားနေတယ်။ သူတို့ပြောသွားတာတွေ စဉ်းစားမီပြီး တစ်ယောက်ထဲပြုံးနေမိလို့ မျက်နှာကို လက်နဲ့ အုပ်လိုက်ရတယ။် သူများတွေ က ရူးနေတယ်ထင်သွားမှာစိုးလို့တကယ်ပါ။
မီယာကို လည်းချစ်တာပါဘဲ။ ရိုးရိုးအေးအေးကောင်မလေးတစ်ယောက်လို့ မြင်ထားပါတယ။် လောကကြီးအကြောင်းသိတ်သိပုံတော့မရသေးဘူး။ ဆက်လက် ကံကောင်းပါစေ။။
ပို့စ်တစ်ရာမြောက်လား..လျှောက်သွားနေတာနဲ့ ဘလော့်ခ်ရောက်တာ
နောက်ကျသွားတယ် ပြီးတော့၁၃ခုမြောက်ကြီး..း(
ခုမှ ဆုတောင်းမယ် ၁၄ခုမြောက်မှာ...း)
ပို့တွေရာထောင်ချီမကရေးနိုင်ပါစေလို့...
ပို့စ် ၁၀၀ တောင်ဖြစ်သွားပြီလား။ အားကျတယ်ဗျာ။ ဆက်ချီတက်။
အမမီယာ ဒီဘလော့ဂ်လေး ပို့စ် ၁၀၀ တိုင်သွားပြီလား။ ပျော်စရာကြီးနော်။ သံယောဇဉ်တွေ ကြာလာပြီပဲလေ။ နောင်လည်း ပို့စ်တွေ အများကြီးရေးနိုင်ပါစေနော်။
နိနိကတော့ အမမီယာအပါအဝင် အမတွေ ရထားလို့ ပျော်နေတာ။ တကယ်က အိမ်မှာ အကြီးဆုံးဆိုတော့ အမတွေ လိုချင်နေသူမို့လို့ပါ။
အပြင်မှာလည်း အပေါင်းအသင်းနည်းပါတယ်။ ဘလော့ဂ်မှာလည်း ပေါင်းသင်းဆက်ဆံရေးညံ့လို့ ရှိပြီးသား အမတွေ မခင်မှာတောင် ကြောက်မိသေးတယ်။
ဟိဟိ မမွန်က နိနိနဲ့တူတဲ့ မင်းသမီးလေးမြင်တော့ သတိရတယ်ဆိုလို့ ပျော်လိုက်တာ။ မင်းသမီးနဲ့တူတယ်ပြောလို့ မဟုတ်ပါဘူး။ ခင်မင်တာ သိလိုက်ရလို့ပါ။
လမ်းဆက်လျှောက်မယ်ပေါ့ဗျာ့တစ်ယောက်တည်းတော့တစ်ယောက်ထဲပါပဲဒါပေမဲ့ကျွန်တော်တို့မှာသူငယ်ချင်းတွေစုနေတဲ့ရွာလေးရှိတယ်။
ဟုတ်တယ်ဟုတ်
ပျော်ရွှင်ပါစေ ပို့စ်၁၀၀
တို့ကျတော့ မီယာကို ကောမန့်တွေကနေ ရင်းနှီးနေပြီး ဘလော့ရှိမှန်းကို မသိဘူး။ လင့်ကိုလဲ နှိပ်မကြည့်မိဘူး။ လောလော လောလောနဲ့ ၀င်ဖတ်မိတာကိုး။ တနေ့ အားတော့ လျှောက်နှိပ်ကြည့်တော့မှ ဘလော့ရှိမှန်းသိတော့တာ။ ဆက်လက် ဘလော့ဂင်းနိုင်ပါစေနော်။။
အမရဲ့ ဘ၀ဒိုင်ယာရီ လဲ လာဦးမယ် သိလား အားပေးဦးနော်။
read
ပိုစ့်၁၀၀ မှသည် ပိုစ့်ပေါင်းများစွာ ဆက်လက်ရှင်သန်နိုင်ပါစေ အမေရေ
ပို့စ်၁၀၀မှာ လာရောက်ဂုဏ်ပြုသွားပါတယ်..။ အရေးအသားရှင်းလင်းလို့အမြဲလာဖတ်ဖြစ်တာပါ..။
ပို့စ်(၁၀၀) ရှိပြီနော်... တည်တည်တံ့တံ့ရေးတဲ့သူမို့ သိပ်မစ-နောက်ဖြစ်တာပါ...။
ခင်နေပါတယ်...။ ဘလော့ဂ်ထဲက လူတွေကတော့ အိပ်မက်ထဲထိရောက်နေပြီ...။
တစ်ကျွန်းထဲနေတဲ့ အစ်မ ဝမ်းကွဲတွေဆီလည်း ဖုန်းမဆက်နိုင်၊ ဂျီတော့လည်းမဝင်ပဲ ဒါချည်းဖတ်နေတာလေ....
"စွဲလမ်းမှုပြသနာ" ဆင်ဇာမော်ပေါ့.... ဟိ
ပို့စ် ထောင်၊ သောင်း၊ သိန်း၊ သန်းတိုင် ဘလော့ဂင်းနိုင်ပါစေ...
ပိုစ့် ၁၀၀ မှ ပိုစ့်ပေါင်း မရေမတွက်နိုင်သည့်အထိ ဆက်၍ ဘလော့ဂ်နိုင်စေကြောင်း ဆုတောင်းပါသည်။ ဘလော့ရွာက မိတ်ဆွေများကို စွဲလန်းမှု အကြောင်းတွေကတော့ ပြောမနေပါနဲ့တော့... ဘာနဲ့မှမတူအောင် သံယောဇဉ်ဖြစ်နေရတာပါ။ ဆက်ရန်ကိုလည်း မျှော်နေပါမည်။
စာကြွင်း။ ။
ကိုနိကို ဒီလိုမျိုး အပူတွေကပ်လို့ရတာ အခုမှ သိသည်...။ ကျေးဇူးပါ ညီမ မီယာရေ...။ ကိုယ့်အကြံကို သူသာသိလျှင် အခုလောက်ဆို သူခေါင်းကြိမ်းနေရော့မည်...။
ဘလော့ရွာထဲမှာ သိရ ခင်ရ တဲ့ သူတွေက ကျွန်မ အတွေးထဲ မကြာခဏ ဆိုသလို ၀င်လာတတ် ပါတယ်။ ဒီအကြောင်း ပို့စ်တခုတော့ ရေးဦးမယ်လို့ စဉ်းစားရင်း ပို့စ် အသစ်တင်ဖို့ ပြင်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ၁၀၀ ခုမြောက်ဖြစ်နေတယ်။ အမှတ်တရ ပေါ့နော်။ (ဤကား မမီယာ၏ အဆိုတည်း)
အပြင်လောက (ပရလောကတွင်နေခဲ့သည်မှာ ကြာသောကြောင့်) က သူငယ်ချင်း တော်တော် များများနဲ့ အဆက်ပြတ်နေတဲ့ အချိန်မှာ ဘလော့ ရွာကြီး (ရှေးဟောင်ပစ္စည်းကျနေတာပဲ) ကို ရှာဖွေ တွေ့ရှိခဲ့တာ။ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပဲ (ဗွမ်းခနဲ) ဖတ်စရာ မှတ်စရာ ကြည့်စရာ မြင်စရာတွေ စုံလင်လှတဲ့ ဘလော့ပေါင်း များစွာကို တခုပြီးတခု လျှောက်လည် တော့တာပဲ (ခန္ဓာကိုယ် ၀တုတ်ကြီးဖြင့် လိုက်လည်ရသည်မှာ မောရှာပေမည်)။ သတင်း ဘလော့တွေကနေ စလိုက်တာ နောက်တော့ တွေ့သမျှ လင့်ကို နှိပ်ပြီး တွေ့တာ (မျက်လုံးကြီး အသားကုန်ပြူးပြီး) ဖတ်တော့တာပဲ။ (ဒါပေမယ့် ဆင်ဆင် (Elephant) နဲ့ မခင်ဦးမေ (အာပြဲစိန်) ကိုတော့ မမီပါ) မိုးလင်းတာနဲ့ ကွန်ပြူတာဖွင့်ပြီး ဘလော့တွေ ဖတ်ရတာ တကယ့် စည်းစိမ် (အာပုပ်ရည် အမြှားမြှားနဲ့) ။ ကိုနဗနရဲ့ ဘလော့ကို တွေ့တာ ဆောင်းတွင်း အချိန်။ ချမ်းချမ်းစီးစီးနဲ့ အိပ်ရာက နိုးတာနဲ့ ထဖတ်၊ ပြီးတော့ ကိုယ့်ဘာသာရီတာ အားမရဘဲ အိပ်နေတဲ့ ယောကျာ်းကိုပါ ပြောပြပြီး ထပ်ရီသေးတယ် (အဲဒီတုန်းက ယောက်ျား ထကန်တာ ဘုတောင်ထွက်တယ်) ။ သူက ကိုယ့်လို မရီဘဲ ပြောပြတာကို ပြုံးပဲ ပြုံးရင် စိတ် သိပ်မကျေနပ်ချင်ဘဲ နောက်တခေါက် ရေးထားတဲ့ အတိုင်း ဖတ်ပြလိုက်တယ်။ (အဲဒီအခါ ပိတ်ကန်ပစ်တာ မီးဖိုချောင်ထဲ ရောက်သွားတော့တာပဲ) .... တိန် ...
အစ်မ ဘလော့ကို ကော်မန့်ပေးလို့ မရတာ ကြာပြီ.. ဘရောင်ဇာ ပြဿနာတက်နေတယ်..
comment ကို pop-up style အဆင်ပြေရင် ပြောင်းပေးပါနော်..
ကျေးဇူးတင်လျက်
မမီယာ ကိုနိတို့ စီင်္ဘောက်စ်မှာရောက်ရောက်လာတတ်တာ..
အမှတ်ယတယ်..
စီဘောက်စ်ကနေခင်ပြီးတော့..မမဆီမှာ မမီယာရဲ့ လိပ်စာမေးပြီး..
မမီယာအိမ်ကိုလာလည်ဖြစ်တယ်...
ဒီလိုနဲ့...
ဒီလိုနဲ့...ဇာတ်လမ်းလေး စခဲ့ပါတယ်..
၁၀၀ ရတုကနေ တစ်ထောင်ရတု တစ်သောင်းရတု ၅ သောင်းရတု အထိ ဆက်လက်ပြီး ဘလော့ခ်ရေးနိုင်ပါစေ။ (၁နှစ်ကို ပို့စ် ၅၀၀ နှုန်း ရေးနိုင်ရင်တောင် ပို့စ် ၅သောင်းဆို နှစ် ၁၀၀ ရေးရမှာမို့ပါ။)
စိုင်းခမ်းထွန်း မန့်တာဖတ်ရင်းရယ်ရတာ အူနာနေပြီ။
ဆင်ဒဏ်လားကတော့အူပေါ့ကွယ်
မှတ်မှတ်ရရ ထည့်ရေးထားတာ ကျေးဇူးတင်ပါတယ် ညီမရေ။ မအားလို့ သိပ်မလည်နိုင်တော့ဘူး။ ခင်မင်သူတွေကိုတော့ သတိရနေတာပေါ့။
စာကောင်းစာသန့်လေးတွေကို လာဖတ်ဖြစ်နေဦးမှာပါ။ ပျော်ရွှင်စွာ ဆက်လက် ဘလော့ဂ်နိုင်ပါစေ။
hello :-)
ကျေးဇူးတင်ပါတယ် အစ်မ..
ပျော်ရွှင်ပါစေ..
ထပ်လာဖတ်တယ်။ အားလုံးကို...
pls visit
http://myanmarblogreader.blogspot.com/
Post a Comment