Friday, 27 March 2009

ဘလော့ရွာက မိတ်ဆွေများ (၂)

ကိုဇနိတို့ စုံတွဲနဲ့လည်း ခင်သွားရော လည်စရာ စီဘုံး တခု တိုးလာတယ်။ သူတို့ကို ခင်တဲ့သူကလည်း အတော်များတော့ သွားရင်း မိတ်ဆွေသစ်တွေ တိုးလာတာ လင်း၊ ပေါက်၊ မေမိုး၊ မသိင်္ဂီ တို့နဲ့ စီဘုံးမှာ ထပ်တွေ့ပြန်တယ်။ ပြီးတော့ သူတို့ ဘလော့တွေကို သွားကြည့်ရင်း စိတ်ထဲမှာ ခင်မင်ပြီးသား သူတွေလိုပဲ။ အိမ်ပြောင်းတဲ့ အကြောင်း၊ နေမကောင်းတဲ့ အကြောင်း ဖတ်ရလျှင် သတင်း မေးရသေးတယ်။ မတွေ့တာ ကြာလို့ ပို့စ်အသစ် မတက် ပြန်လျှင်လည်း ဟိုတွေး ဒီတွေး လုပ်သေးတာ။ ချန်းချန်း နဲ့ စည်းကမ်းကြီးတဲ့ သူ့မေမေ အကြောင်း ဖတ်ရတာ အားကျ ကျေနပ်စရာ။ မသိင်္ဂီရဲ့ တနေ့တာကို ဖတ်ပြီး သူနဲ့ အတူ လိုက်မော လိုက်တယ်။ ရန်ကုန်ပြန်လို့ feel မှာ ထမင်းသွားစားရင် မသိင်္ဂီတို့ မိသားစုကို တွေ့နိုင်မယ်လို့ မှန်းထားပါတယ်။ အုန်းထမင်းနဲ့ ကြက်သားဟင်း ချက်ပြီး တင်တော့ အားပေးကြတဲ့ သူတွေ များလို့ ဒါလည်း ခင်မင်ခြင်းရဲ့ သင်္ကေတ တခုပဲလို့ တွေးမိတယ်။ အစားအသောက် တခုခု လုပ်စားတိုင်း ချစ်သူ ခင်သူတွေကို သတိ ရတတ်ကြတာကိုး။ ချက်တဲ့သူ ကလည်း စားကောင်း သူတွေများလျှင် ပီတိ ဖြစ်ရတာ။ ကိုစေးထူးက လာမန့်တော့ ဒါသူ့ရဲ့ အကြိုက်ဆုံး ဟင်းထဲက တခု ဖြစ်မှာပဲလို့ ကိုယ့်ဘာသာ ကောက်ချက်ချ နေတယ်။ နေနေ့ဘလော့မှာ အစားအသောက် ပို့စ်တွေ တွေ့လျှင် စင်ကာပူမှာ နေချင်လိုက်တာလို့ အတွေးဝင်တယ်။ အရမ်းစားနိုင်တဲ့ နေနေ့ကို ၀နေဦးမယ်လို့ ကော်မန့် သွားရေးပြီးမှ စိတ်ဆိုးမလားမသိဘူးလို့ တွေးပြီး ပူနေတယ်။

ရေးဟန်တွေ မျိုးစုံနဲ့ အသက်ဝင်လွန်းတဲ့ မခင်လေးတို့ဆီ ရောက်သွားတော့ သူတို့ အိမ်ထဲမှာ ရှိနေသလိုပဲ။ ကိုရင်နော်ကို အရပ်ရှည်ရှည် အကိုကြီး၊ မခင်လေးကို မကြိုက်လျှင် မကြိုက်ဘူး ပြတ်ပြတ် သားသား ပြောတတ်တဲ့ အမလို့ ပုံဖော် ကြည့်လိုက်တယ်။ မချိုက ၀ိုင်အကြောင်း ရေးတော့ ၀ိုင်မကြိုက်တဲ့ စိတ်ကနေ သောက်ကြည့်ချင်စိတ် ပေါက်လာတယ်။ စကားပြောလိုက် ၀ိုင်သောက်လိုက်နဲ့ စိတ်ကူးယဉ်ကြည့်တာ။ ကိုအောင်သာငယ် ဘလော့ကို သွားရင်း မမသီရိ ကို သိခွင့် ရလာတယ်။ တခါတလေ ကော်မန့်အပြင် မေးခွန်းလေးတွေ ထားခဲ့တဲ့အခါ အပြင်မှာ စကား လက်ဆုံ ကျချင်တယ်။ မမိုးချိုသင်းက မမသက်ဝေ လို့ခေါ်တာ ကြားနေတော့ သွားလည်စရာ နောက်အမ တယောက် တိုးပြန်တယ်။ ပန်းလေးသုံးပွင့် အကြောင်း ရေးထားတာများ စင်ကာပူက ဘလော့ဂါ တော်တော် များများ ကို သူသိနေပုံပဲ။ မခင်ဦးမေကို သိတာ သူတယောက်ပဲ ရှိမယ်ထင်တယ်။

ကိုယ်ရေးချင်ရာ ရေးထားတာတွေကို ပထမဆုံး ကော်မန့်လာပေးတာ ရွှန်းမီပါ။ စုံစီနဖာ ဆိုတဲ့ သူ့ဘလော့ကို သဘောကျလို့ သွားကြည့်ရင်း စိတ်ကူးထဲမှာ သိနေတာ ကြာပါပြီ။ တရက်တော့ ကိုနိတို့ စီဘုံးမှာ ထုံအဖွဲ့သား စုဆောင်းရေး လုပ်နေတာနဲ့ တိုးတယ်။ တယောက်က မီထုံ က ဘယ်သူလဲ ရွှန်းမီလား ဆိုတော့ ကိုယ်က အသာလေး ငြိမ်နေတယ်။ ဒါပေမယ့် အတွင်းသိ တယောက်က ရွှန်းမီက မထုံဘူးတဲ့။ အော် လူတွေကလည်း မှားတတ်ပလေ။ လင့်တွေကတဆင့် အမြဲသွားဖတ်ဖြစ်နေတဲ့ မသီတာ၊ မတန်ခူး၊ မနော်၊ မကေ၊ မ၀ါ၊ မပန်နဲ့ မယုဝရီ တို့ကိုလည်း ကိုယ့်စိတ်ကူးထဲ ပုံဖော် ကြည့်ထားတာ တမျိုးစီ။ မ၀ါက ဓါတ်ပုံနဲ့ တကွ ဖော်ပြထားတော့ သိပြီးသား။ မမြင်ဖူးသေးတဲ့ အမတွေကိုတော့ တယောက်ယောက်နဲ့ ဆက်စပ်ပြီးတော့ သိနေမှာပဲလို့၊ သူတို့ ရေးတဲ့စာတွေကို ဖတ်ပြီး စိတ်ကူးကြည့်တာလေ။ မကေက အစုံရေးတော့ တခါတလေ မျက်စိလည်တယ်။ ဆာလံကျမ်းတို့ daily bread စာအုပ် အနားမှာရှိတယ် ဆိုတော့ ခရစ်ယာန်ပဲ ဖြစ်ရမယ်လို့ တွေးနေတုန်း သမ္ဗုဒေ သူ့မေမေက အမြဲ ရွတ်ပြ ခိုင်းတယ်ဆိုတော့ မှားတဲ့ အခါလည်း မှားပေမပေါ့ လို့။ ဘလော့တွေ လည်ရင်း အပြင်မှာလည်း စာတွေရေးတဲ့ စာရေးဆရာမတွေနဲ့ သိရတာ ကိုယ့်ကံကို မယုံနိုင်ဘူး၊ အံ့သြနေတုန်းပဲ။ မဂ္ဂဇင်းတွေ ထဲမှာပဲ ဓါတ်ပုံမြင်ဖူး သူတို့အကြောင်း ဖတ်ဖူးထားတာ အခုတော့ အီးမေး ပို့လို့ရတယ်၊ ကော်မန့်တွေ သွားထားလို့ရတယ်၊ ကိုယ့်ဆီ စာပြန်လာတယ်။ ဘလော့ရွာထဲမှာသာ မဟုတ်လျှင် စာရေးဆရာ/မတွေနဲ့ ဒီလို ရင်းနှီးမှုရဖို့ ခဲယဉ်းမှာ။

mrdba ရဲ့ စင်ကာပူက အဖြစ်အပျက်လေးတွေ ဖတ်ရတာ ကြိုက်လို့ ပို့စ်အသစ်လာတိုင်း သွားဖတ်တယ်။ ksanchaung ကိုတော့ စမ်းချောင်းအစွဲရယ် သူငယ်ချင်းတယောက်ရဲ့ သူငယ်ချင်း ဖြစ်နိုင်တယ်ဆိုပြီး အတင်း ဆက်စပ် လိုက်တယ်။ ZT ရဲ့ တန်းပလိတ်က အလျင်က ကိုယ့်တန်းပလိတ်နဲ့ တူတူပဲမို့လို့ သဘောကျပြီး သွားလည်ရင်း အခုတော့ ပို့စ်အသစ် တက်တိုင်း ရောက်ဖြစ်တယ်။ ကရေတွန်ဆီ ရောက်တော့ ဒီကလေး မြန်မာစာ အမှတ် ၁၀၀ နဲ့အောင်ထားတာပဲ ဖြစ်ရမယ်လို့ မှတ်ချက် ချလိုက်တယ်။ မောင်အိမ်၊ သက်ပိုင်သူနဲ့ ရွာသားလေးတို့ ဆီလည်း သွားလည်ရင်း မိတ်ဖွဲ့လာခဲ့သေးတယ်။ ဂျွန်ဝမ်းကို ဘယ်လို ခေါ်ရမလဲတော့ ခုထိ မသိသေးဘူး၊ ဒါနဲ့ပဲ ညီမ လို့ခေါ်ပြီး မိတ်ဖွဲ့ထားလိုက်တယ်။ မေအောင်၊ နုစံ၊ မြရွက်ဝေ၊ ပုံရိပ်၊ နတ်သမီးလေးမွန်၊ ရွှေဂျမ်း၊ နွေးနေခြည် တို့ကလည်း မကြာခင်ကမှ သိရတဲ့ ညီမလေးတွေပါ။ သူတို့ ဆယ်တန်း အောင်တဲ့ နှစ်တွေ ရေးထားတာတွေ့ပြီး ခေါင်းနပန်းကြီးသွားတယ်။

စိတ်ကူးယဉ်တာတွေ များသွားလို့ တော်သေးပြီနော်။ အလုပ် ဆက်လုပ်လိုက်ပါဦးမယ်။

18 comments:

JuneOne said...

:)။

blog name=juneone

သူငယ်ချင်းတွေအခေါ်=ကျော့

၁၀တန်းအောင်သောနှစ်=၁၉၉၆

ဟိဟိ....pressure cooker နောက်တစ်ခေါက်မဖွင့်တော့ဘူးလား။

ATN said...

သူငယ်ချင်းတွေလည်းများလာရော စာတောင် မရေးနိုင်တော့ဘူး... လိုက်လည်နေရတာနဲ့ အချိန်က မရှိတော့ဘူး...း)

pandora said...

ရေးတာထားလေးက ချစ်စရာ
ဘလော့ဂ်ထဲမှာ ပျော်မွေ့နေတယ်ပေါ့
ပျော်ရွှင်ပြီး အလုပ်တွေလည်း ပြီးအောင် လုပ်နိုင်ပါစေ

khin oo may said...

ချစ်စစစစစစစစစ် မီထုံ..

MrDBA said...

ဝမ်းသာပါကြောင်း။ ကျွန်တော့ဆီ ကွန်မန့်ပထမဆုံး အကြိမ်လာပေးတော့ ဘလော့ရှိမှာဘဲဆိုပြီး ရှာတာ မတွေ့လို့ တော်တော်ချွေးပြန်သွားဖူးတယ်။ နောက်တော့ တနေ့ ဘလော့ Deshboard မှာ လင့်အသစ်တစ်ခုဝင်နေလို့ လိုက်ကြည့်တော့မှ မီယာဆိုတာကို သိတော့တယ်။ ဆက်ချီတက်။

ရွှန်းမီ said...

း-) .. မမီယာကို အရင်ဆုံးမြင်ဖူးတာ မခင်ဦးမေဆီက..

ကိုနိမနိ ဆီတောင် မရောက်ဖြစ်တာကြာပေါ့.. သွားဦးမှ..
သူတို့ဆီမှာ ၀င်တော့ကစားဖူးတယ်.. နစ်နိမ်းက ရွှန်းထုံလား မမှတ်မိတော့ဘူး.. အားလုံးနဲ့ ဝေးနေတာ ကြာပေါ့..
သာမီးက ထုံတာထက် တစ်ဆင့်ပိုတယ် တုံးတာ လေ.. :P

သတိရနေဦးမယ်..

မဇနိ said...

အမမီယာ မောင်နှံလည်း ဟုတ်ဘဲနဲ့။ ဟား ဟား အလကားစတာ။ ကိုဇနိကလည်း အမကို ဟိုတနေ့က ပျောက်နေလို့တဲ့ မေးနေသေးတယ်။ မီထုံဆိုတာ ရွှန်းမီလားဆို ငြိမ်နေတာ သိသား။ မထုံတာ အသိသာကြီးပါနော်။ ဘာပြောပြော နိနိအတွက်တော့ အမတယောက် ကောက်ရထားတာပါ။

MANORHARY said...

ကိုယ့်ကိုရော ဘယ်လိုတွေတွေးနေပါလိမ့် ဆိုပြီး
ရင်တောင်ခုန်တယ်။.......း)

မမသီရိ said...

မောနေပါ့မယ် ညီမ ရယ်
ဖြည်းဖြည်းပြော ပါလား...း)
ဟုတ်ပါ့.. တို့တွေ အပြင် မှာ တကယ် ဆုံဖြစ်ကြရင်
ဘယ်လို နေမလဲ မသိဘူးနော်..
မကေ ရဲ့ ဆော်လမွန်ငါးတို့အပြန် ထဲကလို ခဏလေးနဲ့ တဝေးဝေး တွေ ဖြစ်ကုန်မလား...
ဒါမှ မဟုတ်..
ဘလော့ဂ်ထဲ မှာ နှုတ်သွက် သလောက် အပြင်ရောက်တော့.. ထုံအိထုံအိ လေးတွေ ဖြစ်နေကြမလား..း)
..
တခု ကတော့ သေချာ ပါတယ်..
ဘလော့ဂါလေးတွေ အများစု က မီယာလေး ပြောသလိုပါပဲ
ခေါင်းနပန်း ကြီးချင်စရာ ငယ်နေကြတာ..
တို့တွေ က သာ မကြီးမငယ် နဲ့... :P

nu-san said...

မီယာက တို့ထက် အသက်ကြီးတယ်ပေါ့.. အဲဒီလိုလား.. အဟီး..သိပါဘူး.. :D ဒါဆို မမ မီယာပေါ့နော်...
မှတ်မိသေးတယ်.. ကြက်သား ပလာတာ ထဲက ဒီဘလော့ခ်ကို ခဏခဏ လာလည်ဖြစ်တာ.. :)

PAUK said...

ကျနော်ကတော့...အမေနဲ့ သမီးအကြောင်းရေးတာ
က စရောက်တာပဲ..

ZT said...

မမီယာရဲ့ ဘလော့ခ်ကိုတော့ Statcounter Log ထဲမှာ ကျွန်တော့် ဘလော့ခ်ကို လင့်ခ်ထားတာ တွေ့လို့ ခြေရာခံလိုက်ရင်း ရောက်လာတာ။ ကွန်မင့်တွေ အမြဲလာပေးတာ ကျေးဇူးပါ။

ကိုရင်နော်ခင်လေးငယ် said...

အဟမ်း..
“ရေးဟန်တွေ မျိုးစုံနဲ့ အသက်ဝင်လွန်းတဲ့” လို့ ပြောလို့
ပြုံးတုံးတုံးလေး ဖြစ်သွားတယ်.. ဟီးးး ဂယ်ကြီးလား..!

အနော်တို့ ကို အဲ့လိုလေး မြင်ပေးလို့ ဇူးဇူးတင်ပါတယ်လို့နော်..

အနော်ကတော့ ထင်တဲ့ အတိုင်း ပါပဲ အရပ်ရှည်ရှည် ကြီးပေါ့.. သေချာအောင် ပြောပြရရင် မြန်ပြည်က လူရွှင်တော် ကိုကင်းကောင်လို အရပ်၊ ကိုအရိုင်းလို မျက်နှာပေါက်၊ ကိုငှက်ပျော်ကြော်လို အသားအရည်... ဟဲဟဲ.. အဲ့လိုအဲ့လို..

ခင်လေးကတော့ အနီးစပ်ဆုံး နှိုင်းပြရရင် မေကဗျာ ကိုယ်လုံးနဲ့ ဂွမ်းပုံကြီး မျက်နှာ.. အဲ့လို ကယ်ရီကယ်ချာ ရုပ်မျိုးသာ... ဟီးးးး

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ပုံရိပ် said...

မမီယာမှာ ဘလောက်မိတ်ဆွေတွေ အများကြီးကိုး။ ပျော်စရာကြီးပေါ့။

:P said...

:) :D
i can't type in MM right.Now, i m trying to install zawgyi keyboard.

Moe Cho Thinn said...

လူစုံပါပဲလား မီယာ။ တို့ ဘလော့ရွာလေးက ချစ်စရာ ခင်စရာလေးပါနော်။ ကိုယ်ရေးချင်တာ ရေးလိုက်ကြ၊ အိမ်လည်ချင် လည်လိုက်ကြ။ တခါတလေ ကြည်နူးပြီး အပြင်မှာ လုပ်ရမဲ့ အလုပ်တွေ မပြီးတော့လို့ တက်သုတ်ရိုက်ရသေး။ စွဲနေပြီ ဆိုပါတော့...:)

နွေးနေခြည် said...

ရေးတတ်လိုက်တာ အမရယ်
ကိုယ့်နာမည်လေးလည်းပါလို့ ပျော်တာ...းD

sonata-cantata said...

မီယာရေ အမလည်း ဘလော့ရွာထဲ လျှောက်လည်ရင်း မီယာ့ကို မျက်မှန်းတန်းမိနေတာလေ မီယာဘလော့ကို တွေ့တော့မှ တွေ့ပြီ တွေ့ပြီ သူပဲ သူပဲ လို့ ဖြစ်သွားတာ...
...င်္သီဂီနဲ့ တန်ခူးကတော့ ဘလော့ မရေးခင်ကတည်းက သိပြီးသားပါ...ကျန်ဘလော့ရွာက မိတ်ဆွေတွေကို The Earth planet ရဲ့ တနေရာရာမှာတွေ့လို့များ မသီတာဘက်က ကျိုးတို့ကျဲတဲ ဆိုရင်လေ...ဘာမှပြောမနေနဲ့ ဟီး..အတေတာတတ်လိုက်