Thursday 17 September 2009

ရမ်းပဲ လူပုလေး (၂)

ပုံပြင်တွေ ကြိုက်တဲ့ တူမလေး မကြားဖူးသေးတဲ့ ပုံပြင်လေးမို့ပါ။ ဆက်ပြီနော်...

ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေး ကြည့်နေတုန်းမှာပဲ ဘီးပေါ်မှာ ရွှေ ချည်မျှင်တွေ အထပ်လိုက် ဖြစ်နေတာကို အံ့သြ ဖွယ်ရာ တွေ့လိုက် ရတယ်။ ဒီလိုနဲ့ လူပုလေးက ချည်ငင် ကောင်းနေတုန်း မိန်းကလေးလည်း အိပ်မောကျ သွားပါ လေရော။ နောက်နေ့ မနက် မိန်းကလေး အိပ်ရာ ကလည်း နိုးရော လူပုလေးကို မတွေ့ရ တော့ဘူး။ အခန်း တခန်း လုံးတော့ ရွှေ ချည်တွေ အပြည့်ပဲ တဲ့။ ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးလည်း သူ့ ကံကို မယုံ နိုင်ဘူးပေါ့။ သူ့ အသက်ကို လူပုလေးက ကယ် လိုက် တာလေ။ ဘုရင်ကြီးလည်း အခန်းထဲ ကြွလာရော ရွှေတွေ မြင်ပြီး အရမ်း ၀မ်းသာ သွား သတဲ့။ ဒီ မိန်းကလေး မှာတော့ မျက်လှည့် အတတ် ရှိရမယ် ပေါ့။ လောဘကြီးတဲ့ ဘုရင်ကြီးက ရွှေ အပြည့် ဖြည့်ထားတဲ့ အခန်း တခန်းလောက်နဲ့ မတင်းတိမ် နိုင်ဘူး တဲ့။ ဒီ့ထက် ပို လိုချင်သေး တာတဲ့။

ဒါနဲ့ပဲ ဘုရင်ကြီးက မိန်းကလေးရေ မင်း တော်တယ်။ အသက် ရှင်ခွင့် ရစေ။ မင်းကို သွားခွင့်တော့ မပေးနိုင် သေးဘူး၊ မင်းလုပ်စရာတွေ ကျန်သေးတယ် လို့ မိန့်တော်မူ ပြန်တယ်။ ဒီတခေါက်တော့ ဘုရင်ကြီးက ပိုကျယ်တဲ့ အခန်း ထဲကို ခေါ်သွားတယ်။ အခန်း ထဲမှာလည်း ကောက်ရိုး အပြည့် နဲ့ပေါ့။ မနက်ဖြန် မနက်မှ ဒီ အခန်းထဲ ရှိတဲ့ ကောက်ရိုး အားလုံးကို ရွှေ ဖြစ်အောင် မလုပ်ပေး နိုင်ရင် မင်းကို သေဒဏ် ပေးမယ် လို့ အမိန့် ချမှတ်၊ အခန်းကို သော့ခတ်ပြီး ထွက်သွား ပြန်ပါလေရော။

သနားစရာ မိန်းကလေး ခမျာ သေချင် လောက်အောင် စိတ်ညစ် သွားတာပေါ့။ ဘာလုပ် ရမှန်းလဲ မသိတာနဲ့ ကောက်ရိုး ပုံကြီး ရှေ့မှာ ထိုင်ချ လိုက်ပြီး အားရ ပါးရ ငိုချ လိုက်မိတယ် တဲ့။ ဒါပေမယ့် ခဏနေ ကြာတော့ မနေ့ညက သူ့ကို ကူညီခဲ့တဲ့ လူပုလေးက မိန်းကလေးရဲ့ အရှေ့ကို ရုတ်တရက် ပြန် ရောက်လာတယ်။ ပြီးတော့ လူပုလေးက မိန်းကလေးကို မင်း ဘာ အကူအညီ လိုနေလဲ ဆိုတာ ငါ သိပါတယ် လို့ ပြောပြီး ဒီ တခေါက်ရော ငါ့ကို ဘာပေးမှာလဲ လို့ မေးတာနဲ့ မိန်းကလေးလည်း မျက်ရည်တွေ ကပျာ ကရာ သုတ်ပြီး သူ့ လက်မှာ ၀တ်ထားတဲ့ ငွေ လက်စွပ် သေးသေးလေးကို လူပုလေး လက်ထဲ ထည့်ပေး လိုက်တယ်။ ငွေ လက်စွပ်လေး ရတာနဲ့ လူပုလေးလည်း ချည်ငင်တဲ့ ဘီးကို စလှည့် တော့တာပဲ။
ဝှီး ၀ှီးဝှီး

လူပုလေးက ချည်ငင် ကောင်း နေတုန်း ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးလည်း တခါ အိပ်ပျော် သွားပြန် ပါလေရော။ မနက် မိုးလင်းလို့ ဘုရင်ကြီး ကြွလာတဲ့ အခါ တခန်းလုံး ရွှေတွေ အပြည့်နဲ့ ဖြစ်နေတာကို တအံ့တသြနဲ့ တွေ့ရ ပြန်ပါ သတဲ့ကွယ်။ ကောက်ရိုးကို ရွှေ ဖြစ်အောင် လုပ်နိုင်တဲ့ မိန်းကလေး ကတော့ ငါ့အတွက် မိဖုရားကောင်း ဖြစ်နိုင်တယ် လို့လည်း တွေးမိ တယ်တဲ့။ ဒါနဲ့ပဲ ပိုကျယ်တဲ့ နောက် အခန်း တခန်းကို မိန်းကလေးကို ထပ် ခေါ်သွားပြန် ပါလေရော။ အခန်းထဲမှာ ဘာတွေ ရှိမယ် ထင်သလဲ???

(ပုံကို google ကယူပါတယ်)

6 comments:

Nay Nay Naing said...

အခု ပုံပြင်လေးလည်း ဖတ်နေရင်း ဘာတွေဖြစ်မယ်ဆိုတာ ပြန်မှတ်မိလာတယ်..

ပုံပြင်ဖတ်ရတာ အတော်လေး ကြိုက်ခဲ့တယ်. လွန်ခဲ့တဲ့ ၃-၄ နှစ်ကအထိ ပုံပြင်စာအုပ်တွေ တွေ့ ရင် မနေနိုင်ဘူး.. ၀ယ်တုန်း...ဖတ်တုန်း.. .

ပန်းခရမ်းပြာ said...

လူပုလေး ဘီးလှည့်တဲ့ အသံ ကြားနေရတယ်။ အခန်းထဲမှာ ဘာတွေလဲ။ ကောက်ရိုးတွေတော့ မဖြစ်နိုင်ဘူး။ မိဖုရားဖြစ်သွားရင်တော့ သနားစရာ နေ့တိုင်း ရွှေဖြစ်အောင် လုပ်ခိုင်းတော့မှာပဲ။ မြန်မြန်ဆက်ပါ ညီမမီယာရယ်။

Rita said...

တို့လဲ မှတ်မိတယ်။ ရွှေသွေးမှာ ဖတ်ခဲ့ရတာ။
ဒါပေမဲ့ မြန်မြန်ဆက်ပြောပါ။
ပြန်နားထောင်ချင်တယ်။

MANORHARY said...

=0
=)

khin oo may said...

ဖုံးဆက်လိုက်ရမလား။

မမသီရိ said...

ပုံပြောကောင်းသူလေး..း)