Wednesday 14 January 2009

မရှိဘူးမပြောနဲ့

ငယ်ငယ်က အဘွားပြောတာ... မရှိဘူးပြောရင် တကယ်မရှိ ဖြစ်သွားမယ် တဲ့။ အိမ်မှာ အဒေါ် တယောက်က ဘာမေးမေး မရှိဘူး လို့ ပြောတတ်တယ်။ ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲ လို့ ဆိုသေးတယ်။ အဘွားကတော့ သူ့ရှိသမျှ ပေးတာ နောက်ဆုံး သူများယူတဲ့ အကြွေးတွေပါ ဆပ်ပေးတဲ့အထိ။ မရှိဘူးလို့ ပြောတဲ့ အဲ့ဒီ အဒေါ်က အားလုံးထဲမှာ အဆင်အပြေဆုံး ပေါ့။ ဒါပေမယ့်လည်း သူ့ ကြည့်လိုက်ရင် ပြေးလိုက် လွှားလိုက် ဟိုကဟာ ဒီပေးလိုက် နဲ့ ဖတ်ဖတ်ကို မောနေတာပဲ။

ငယ်ငယ်က အတန်းထဲမှာ တူတူထိုင်တဲ့ တယောက် က စာတော်တဲ့ အထဲမှာ ပါပါတယ်။ သူ့ကို စာ ဘယ်လောက် ကျက်ပြီး ပြီလည်း လို့ ဘယ်တော့မေးမေး မကျက်ရသေးဘူး၊ မရဘူး ပဲ ပြောတယ်။ ဆယ်တန်းအောင်တော့ သူ ခြေချော် လက်ချော် ဖြစ်ပြီး ရည်မှန်းထားတဲ့ ဆေးတက္ကသိုလ် ကို အမှတ်မမီဘူး။ အသိထဲက နောက်တယောက်ကတော့ အမြဲတမ်း ညည်းတာပဲ၊ သူ့မှာ ဘာမှ မရှိတဲ့ အကြောင်း၊ မပြည့်စုံတဲ့ အကြောင်း။ လူကတော့ အ၀တ်အစားရော လက်ဝတ်ရတနာပါ ၀တ်နိုင်ပါတယ်။ အိမ်မှာလည်း အသုံးအဆောင် ပစ္စည်း အပြည့်အစုံ ရှိပါတယ်။ ဒါပေမယ့် မရှိဘူးလို့ ညည်းတော့ တခြားသူတွေက ပေးကမ်းတာကို ပဲ ခံယူရတဲ့ အခြေအနေမျိုး နဲ့ အမြဲလိုလို ကြုံရပါတယ်။ အမျိုးထဲ က တယောက်ကတော့ လိုချင်တာတွေ မရှိတာကို ငါတို့က ဥစ္စာ မရှိဘူး လို့ အမြဲပြောတယ်။ သူတို့ မိသားစုလည်း အမြဲ ရှာနေရတာပဲ။

တွေးမိတာကတော့ ကိုယ့်ဘာသာ ပါးစပ်နိမိတ် ဖတ်မိကြတာလားလို့။

11 comments:

Anonymous said...

ရှိချင်ယောင်ဆောင်ပြီး..ဂိုက်ပေးတဲ့သူတွေလဲရှိသေးတယ်လေ..
မမီယာ...
ပေါက်

ဇနိ said...

ဟုတ်တယ် ပေါက်ပြောသလိုလဲ ရှိသေးတယ်...
အမှန်အတိုင်းပြောတာ အကောင်းဆုံးပေါ့နော

ThuHninSee said...

မချစ်ဘူး မပြောပါနဲ့။ ဒိုးလုံးသီချင်း။
ရှိတယ်ပြောရင် ကြွားတယ်ထင်မယ်။
မရှိဘူးပြောရင် နိမိတ်ဖတ်သလိုဖြစ်မယ်။
ဘာမှမပြောရင်ရော...ဟိဟိ။

:P said...

ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်၊
ရှိသယောင်ယောင်၊ မရှိသယောင်ယောင်၊
အဲလိုလေးပြောရင် ......:):)

Anonymous said...

ဟုတ်တယ် အမမီယာ။ ငယ်ငယ်က အဲလိုမပြောရဘူးလို့ အမေက ပြောတယ်။
စာတွေအများကြီးဖြေနိုင်တဲ့ သူငယ်ချင်းတယောက်လည်း ရှိဖူးတယ်။
သူ့မေးလိုက်ရင် အမြဲတန်း တခုမှ မဖြေနိုင်ဘူးပဲပြောတာ။
နောက်ကျတော့ နိနိက အရင်သူ့ကိုမေးတာ မင်းတခုမှမဖြေနိုင်ဘူးမဟုတ်လားလို့လေ။
ဒါပေမယ့်လည်း တခါတလေတော့ ပိုက်ပိုက်လည်းမရှိဘူးလို့ ညည်းမိတယ်ဗျ။

May Moe said...

မမနိ လိုပဲ ပိုက်ပိုက်မရှိဘူးတော့ ငြီးမိတယ်

Nu Thwe said...

ထားတဲ့ စံချင်း မတူလို့လည်း ဖြစ်နိုင်ပါတယ်။
ဝင်ကွန့်ကြည့်တာ ဟိ။

တန်ခူး said...

ညီမရေ… မရှိဘူးအစား နဲနေတယ်လို့  လှည့်ပြောရင် ပိုကောင်းသွားတာပေါ့… ရှိတော့ရှိတယ်… နဲတယ်လေ… ပြောရတော့ ခက်တယ်နော်… ရှေးလူကြီးတွေ ပြောသလို… စကားနောက် တရားပါဆိုတာ ဆိုသလိုမျိုးပေါ့….

မမသီရိ said...

မနေ့ထဲ..ကယယဒီစာလေး ကြိုက် လို့ မန့် ဖို့ ကြိုးစားတာ..
မအောင် မြင်...... connection က အရမ်း ဆိုး...လို့...
တို့ လဲ ..တစ်သက်လုံး.. ဒီ အယူ အဆ လက်ကိုင် ထား ခဲ့တာ...

Moe Cho Thinn said...

အမေတို့လဲ အမြဲ အဲလို ပြောတယ်။ မနက်စောစောဆို အလွမ်းသီချင်း အဆွေးသီချင်း မဆိုကောင်းဘူး တဲ့။ ရှားရှားပါးပါး သီချင်း မဆိုရဘူး တဲ့။

တို့ကတော့ ရှိသမျှကိုပဲ ကျေနပ်လို့ ကိုယ့်ကိုယ်ကို မရှိဘူးလို့ မထင်တတ်တာ ခက်တာပဲ၊ နောက်..ကိုယ်က ကဗျာဆရာ နဲ့ ကျောင်းဆရာမရဲ့ သမီးမို့ တသက်လုံးလဲ ပေါများတယ် ဆိုတာ မရှိပြန်ဘူး။ ကြားထဲမှာ လွတ်နေတယ် ဆိုပါတော့ :)

ksanchaung said...

ကျွန်တော်လည်း တစ်ခါတလေ နှိမ့်ချပြောတတ်ပါတယ်။ ဘေးလူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးလို့ သဘောရိုးပါ။ မရှိဘူး။ မသိဘူး။ မလုပ်တတ်ဘူး။ “ဘူး”တစ်လုံးခံ အိုအောင် မဆင်းရဲဘူးဆိုတဲ့ စကားလည်း ရှိသားပဲ။

ဒါပေမယ့် ပြောပါများရင် နှလုံးသွင်းသလိုဖြစ်ပြီး ကိုယ့်ကိုကိုယ်ပါ ထင်ယောင်ထင်မှား ဖြစ်လာတတ်တယ်။ တကယ်တမ်း အခက်အခဲ ကြုံချိန်ရောက်တော့ ကိုယ်စွမ်းသလောက် ဖြေရှင်းဖို့ လိုအပ်တဲ့ တက်ကြွလန်းဆန်းမှုတွေ ပျောက်ကုန်တယ် ထင်တာပဲ။