Sunday 18 January 2009

သိလား

လမ်းထဲမှာ ညဘက် သီချင်းဆိုသံကြားရင် တခါတလေ စာကျက်တာ ရပ်ပြီး နားထောင် ဖြစ်တယ်။ ဆိုတဲ့သူရဲ့ အသံ ကောင်းတာပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ သီချင်း ဆိုရင်ပဲ ဖြစ်ဖြစ်ပေါ့။ တခါမှတော့ ဘယ်သူတွေ လာဆို တာလဲလို့ မစပ်စု ကြည့်မိဘူး။ တခါတလေ တစ်ယောက်တည်း၊ တခါတလေလည်း အဖွဲ့လိုက်၊ အဖွဲ့တောင် ပြောင်းချင် ပြောင်းဦးမယ် ထင်တယ်။ မောင်လေးတွေလည်း ဂီတာ တီးတတ်တဲ့ အချိန်ကျတော့ ညဘက် အိမ်ရှေ့မှာ သီချင်းဆိုကြတာပဲ။ ဆယ်တန်းရောက်တော့ ညဘက် စာကျက်ရင် အမေနဲ့ အဘွားက လက်ဖက်သုပ်၊ စားစရာတွေ လုပ်ပြီး စောင့်တတ်ကြပါတယ်။ မစောင့်နဲ့ ပြောလည်း မရဘူး။ တနေ့တော့ အဘွားက ငါ့မြေးစာကျက်နေတယ် ဒီနားမှာ လာမဆိုကြနဲ့ လို့ ထွက်ပြောပါလေရော။ နောက်နေ့ ကျတော့ စိုးလွင်လွင်ရဲ့ အနံကြီး ကွင်းကျယ် သီချင်း လာအော်ကြတယ်။ အဲ့ဒီ အချိန်က သီချင်း အသစ်ဆိုရင် လက်ဖက်ရည် ဆိုင်တွေက အရင် ဖွင့်ကြလို့ ကြားရတယ်။ ကြိုက်ရင်တော့ အခွေ ငှားပြီး နားထောင်၊ သိမ်းထားချင်ရင်တော့ ၀ယ်တာပေါ့။ မြို့ထဲနေတဲ့ အခါကျတော့ ကိုယ်ကြိုက်တဲ့ အဆိုတော် အခွေအသစ် မထွက်ခင် စပယ်ဦးရှေ့မှာ ပူရီစားရင်း နားထောင်ခဲ့ရတာ။ အဆိုတော်ကို ကြိုက်တာဆိုတော့ သူ့သီချင်း အားလုံးက ကောင်းတာပေါ့၊ ပြီးတော့ အခွေဝယ် သိမ်းတာပဲ။ ခိုင်ထူး ရဲ့ သိလား က ညဘက်လာဆိုကြတဲ့ သီချင်းတွေထဲက အကြိုက်ဆုံး တစ်ပုဒ်ပါ။


နေ့ရက်အချိန်လေးတွေ ပြောင်းပေမယ့် နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် သိလား...
အိပ်မက်အချိန်ထဲမှာ တွေ့ပေမယ့် တရေးနိုးတဲ့ အခါ ကွယ်ပျောက်သွားမှာ တကယ်နှမြောမိတယ် သိလား...
ချစ်ရတဲ့သူ့ကို ဒါတွေသာပြောခွင့်ရရင် အကြင်နာရမလား ရင်နာရမလားကွယ် သိလား...

သူ့ရဲ့ အသံလေးတွေ ကြားနေဆဲ နားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှ မဖျောက်နိုင်
အထီးကျန်ဇာတ်လမ်းကို ဆက်ချင်လည်း သူ့စိတ်ထဲမှာ ဘယ်လိုရှိမယ် ကြိုတင်မတွေးရဲပါ သိလား ...
သူ့တစ်ယောက်ကလွဲရင် ဘယ်သူမှ ချစ်လို့မရပါ သူသိသားနဲ့ နေနိုင်လား အချစ်ရယ် သိလား...

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ဒီသီချင်းအဓိပ္ပါယ်သိပါစေ
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ရည်ရွယ်တဲ့ အကြောင်းကို
သူမြန်မြန်သိပါစေ သူမြန်မြန်ကြားပါစေ

အကြင်နာရမလား ရင်နာရမလား သိလား...

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ဒီသီချင်းအဓိပ္ပါယ်သိပါစေ
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ရည်ရွယ်တဲ့ အကြောင်းကို
သူမြန်မြန်သိပါစေ သူမြန်မြန်ကြားပါစေ

နေ့ရက်အချိန်လေးတွေ ပြောင်းပေမယ့် နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် သိလား...
အိပ်မက်အချိန်ထဲမှာ တွေ့ပေမယ့် တရေးနိုးတဲ့ အခါ ကွယ်ပျောက်သွားမှာ တကယ်နှမြောမိတယ် သိလား...

ချစ်ရတဲ့ သူ့ဆီ လိုချင်တာ တောင်းခွင့်ရရင် အကြင်နာသစ်ဆု အကြင်နာသစ်ဆုကိုတောင်းမယ်

15 comments:

ဇနိ said...

သီချင်းတွေတောင် တင်တတ်နေပြီပေါ့လေ...
း)
နားထောင်သွားပါတယ်...

မမသီရိ said...

မိုက်တယ်ကွ...ပို့စ် လေး က...း)...
ကောင်းကောင်း ကြီး နားထောင်သွား တယ်...

သက်ဝေ said...

သိပ်ကြိုက်တဲ့ သီချင်းတွေထဲက တစ်ပုဒ်ပါ... ကြားရတာ လွမ်းလိုက်တာ...
ဒါပေမယ့် ခိုင်ထူး ဆိုတာကလွဲရရင် ဘယ်သူပြန်ဆိုတာမှ မကြိုက်...
သိလား... သိလား...

:P said...

ငါ့သမီးစာကျက်နေတယ်.. အိမ်ရှေ့မှာ ....ဂစ်တာ......လာမတီးနဲ့.....
သီချင်းဆိုပြတာပါ...။:P:P
သိလားကို ကြိုက်တယ် သိလား...။
စစ်ကိုင်းလမ်း နဲ့ သိလား ၂ ပုဒ်က အကြိုက်ဆုံးထဲမှာပါတယ်..။

ThuHninSee said...

စာအုပ်လေးရှေ့ချပြီးတော့ စာကျက်ချင်ယောင်ဆောင်သူရေ

khin oo may said...

စိုင်းထီးဆိုင်ရဲ့ ဟိုဘက်အိမ်က စာအော်ကျက်တဲ့ ဆယ်တန်းကျောင်းးသူကိ ရေဒီယိုကမာရွတ်လို့ ခေါ်ကြတယ် ဆိုတဲ့သီချင်းလေးကို ဆိုသွားတယ်။

ZT said...

ကောင်မလေးအိမ်ရှေ့ သီချင်းသွားဆိုပြလို့ မရတာနဲ့ ကွန်ပြူတာနဲ့ အသံသွင်းပြီး အီးမေးလ်နဲ့ ပို့ရတယ်။ အဲဒီသီချင်းတွေ ဘလော့ခ်ပေါ် တင်လိုက်ရင်တော့ နာမည်ကြီး ဦးမယ်။ :D

မီယာ said...

ကိုဇနိ > ချီးကျူးမစောပါနဲ့၊ ခုဘာမှ မရတော့ဘူး
မမသီရိ မသက်ဝေ > သီချင်းအကြိုက်ချင်း တူနေလို့ ၀မ်းသာပါတယ်
စန္ဒာလင်း > စာကျက်ရတာ ပျင်းလာရင် သီချင်းဆိုပြတဲ့သူကို ကျေးဇူးတောင် တင်သေး
မွန် > ဟုတ်ပါ့ အကြောင်းသိတွေပေါ့လေ
မမ KOM > အဲ့ဒီသီချင်းလည်း လာဆိုတဲ့ အထဲမှာ ပါတယ်လေ
ZT > သီချင်းတွေ တင်လိုက်ပါလေ၊ စိတ်ဝင်စားဖွယ် ရလဒ် တစ်ခုတော့ ရမှာပေါ့

Anonymous said...

zt.. မမကို ပိုးတုန်းက အကြောင်းလား။ ညီမလေးကို ပိုးခဲ့တဲ့အကြောင်းလား။
အဟဲ..နှုတ်ပိတ်ခ မစပါ။
အမည်မဖော်လိုသူ mm

nu-san said...

ခိုင်ထူးသီချင်းထဲက အခုသီချင်းကို ကြိုက်တယ်..နောက်တစ်ပုဒ်လည်း ကြိုက်သေးတယ်.. ဒါပေမယ့် သီချင်းခေါင်းစဉ်မသိဘူးရယ်.. :) အခုတော့ ရုံးမှာမို့ သီချင်းဖွင့်မရဘူး ညီမရေ. အိမ်ပြန်ရောက်မှ အပြတ်ဟဲပစ်လိုက်ဦးမယ်.. :D

Moe Cho Thinn said...

သီချင်းတွေဆိုကြတဲ့ လသာ ညတွေကို သတိရမိသေးတယ်။ မွန်းအောင်ရဲ့ “ကိုယ်သီဆိုနေမယ် မင်းအတွက် သီချင်းတွေ တညလုံးပဲ မင်းကြီးလမ်းမပေါ်မှာလေ..” လို့ ပြောင်းဆိုတာတွေကို ကြားယောင်ပြီး လွမ်းသွားတယ် မီယာရေ..။ တို့က မင်းကြီးလမ်းမှာ နေတာကိုး။ :)

ပန်းခရမ်းပြာ said...

အဖွားက ခေတ်မီတယ်နော် ...
"ငါ့မြေးစာကျက်နေတယ် ... ဖုန်းဆက် လိုက်ရမလား ... "

ATN said...

သိလား... ကောင်းပါ၏...
သိလား သီချင်းကို ကိုဖိုးလေး (ခိုင်ထူး) မဆိုခင်မှာ
ဂျမ်ဘို (စိုင်းထီးဆိုင်ရဲ့ အစောဆုံးအခွေတွေထဲမှာ - ဒီဆောင်းတည၊ အရင်လိုဘ၀မျိုးရောက်ချင်တယ် - စတဲ့ သီချင်းတွေကို ဆိုခဲ့သူ)က အရင်ဆိုခဲ့တာပါ...
ခိုင်ထူး ပြန်ဆိုမှ ပေါက်ခဲ့ပြီး လူကြိုက်များလာတာပါ...

Anonymous said...

ညနေ ညနေဆို ရွှေကြည်အေး နဘေးက ညိုညိုတို့ ဘာလမ်းထဲက စံပါယ်ဦးတို့ ရှေ့မှာ မထွက်ခင်အခွေတွေ ဖွင့်ပြလို့ နားထောင်ခဲ့ရတဲ့ လွန်ခဲ့တဲ့ အနှစ်၂၀ ရန်ကုန်ညနေခင်းများ ဘဝများကိုတောင် လွမ်းမိသွား ပါရဲ့။

imaginary clouds no 2 said...

အဘွားထွက်ပြောတဲ့ အုပ်စုက ကျနော်တို့ အုပ်စုမဟုတ်လောက်ဘူး ။ ( နောက်တာပါ အမ) ။ အလည်လာတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ ဒီပိုစ့်လေးကို ကျနော်လင်ခ့်လိုက်ပါတယ်။ ခင်မင်လျှက်။
http://prosperandpeace.blogspot.com/2009/01/blog-post_19.html#comments