Thursday 5 February 2009

နှင်း

နှင်းတွေ ထူတယ်ဆိုလို့ အမှတ်တရ ရိုက်ထားတာ... ကားတွေ သွားနေတဲ့ လမ်းမ ပေါ်မှာတော့ မရှိပါဘူး။ ချုံလေးတွေပေါ်မှာ နှင်းတွေ တင်နေတာ ခရစ်စမတ်ကဒ်ထဲကလိုပဲ။
နှင်းကျတဲ့ အထူ ၅လက်မလောက် ရှိတယ်လို့ ပြောတာပဲ။ ကွင်းပြင် ကွက်လပ်တွေ ကတော့ နှင်းတွေ နဲ့ ဖွေးနေတာပဲ။ ကြည့်ရတာ အတော်လေး လှတယ်။
ကလေးကျောင်း တချို့ပိတ်တယ်။ ရုံးပြေးမလားလို့ စဉ်းစားမိသေးတယ်။ နောက်တော့လည်း နှင်းတွေပေါ်မှာ လမ်းလျှောက်ရတာ ပျော်စရာ ကောင်းပါတယ် လို့ ကိုယ့်ကိုကိုယ် အားပေးပြီး ရုံးသွားတက်လိုက်တယ်။

9 comments:

Moe Cho Thinn said...

နေရာတိုင်း နှင်းတွေ ချည်းပါလား..
လှသလောက်..အေးလိုက်တာ အသည်းထဲထိ စိမ့်လို့။

ATN said...

ချိုသင်းပြောသလိုပဲ ဘလော့တိုင်းလည်း နှင်းတွေချည်း ကျနေကြပါလား...း)

Anonymous said...

လှတယ်ဗျ -

MANORHARY said...

လှတယ် လို့မပြောရက်ဘူး...း)

Welcome said...

အညာသားမျက်လုံးနဲ့ကြည့်တော့ ဖွေးဖွေးကြီးပဲပေါ့နော်။

Welcome said...

သူ့အရပ်၊ သူ့ဒေသ၊ သူ့ရာသီနဲ့မို့ ပျော်စရာဖြစ်မှာပါ။ ဗမာပြည်မှာ ဒီလို (၅)လက်မထူတဲ့ နှင်းတွေ ဖုံးမယ်ဆိုရင် ကောက်ပဲသီးနှံတွေ အတွက် စိုးရိမ်စရာပါပဲ။ နဂိုကမှ လမ်းပန်းဆက်သွယ်ရေး မကောင်းရတဲ့အထဲ ဒီလို နှင်းဖုံးလို့ကတော့ အကုန် ငတ်သေ ကုန်မလားမသိဘူး။ ပုံလေးကြည့်ပြီး အတွေးတွေ ပျံ့သွားတာပါ။
ကြည့်ကောင်းပါတယ်။
လေးစားလျက်....

tg.nwai said...

လှလိုက်တာနော်.. လက်နဲ့ကိုင်ကြည့်စမ်းချင်ရဲ့။ သူများတွေက နှင်းကျတာစိတ်ညစ်နေကြပေမယ့် ကိုယ်တွေကတော့ မမြင်ဖူးလို့ ပုံတွေထဲကနေပဲ သဘောကျနေရတယ်..။ လှလိုက်တာ..လှလိုက်တာ...။

nu-san said...

နှင်းတွေ ဖုံးနေတာ ကြည့်မိတော့လည်း ပျော်စရာကြီးပဲနော်..

မနေ့က သူငယ်ချင်းတစ်ယောက်က အဲဒီမှာ နှင်းကျနေတဲ့ ပုံတွေ ရိုက်ပြီး share ပေးထားတာ ကြည့်လိုက်ရသေးတယ်.. ဒီမှာတော့ နှင်းကျတာ မမြင်ရသေးဘူး... :(

Anonymous said...

နှင်းဖွေးဖွေးလေးတွေကိုချစ်တယ်.. လှလိုက်တာဗျာ.. ဓာတ်ပုံရိုက်တာလည်း
တော်ပါဘိသနဲ့။