Friday 6 February 2009

နှင်းအပြန်

ဒီနေ့ ရုံး နေ့ တ၀က်ပဲ တက်လိုက် ရတယ်။ အခွင့်ကောင်း ယူပြီး ဓါတ်ပုံ လိုက် ရိုက်ထားတာ။ လမ်းလျှောက် ရတာတော့ ပြဿနာ သိပ် မရှိ ပါဘူး။ ပလက်ဖောင်း ပေါ်က လျှောက်တာပဲလေ။အရွက်တွေ မရှိတော့တဲ့ သစ်ကိုင်းတွေ ပေါ်က နှင်း အကျန်တချို့...
လမ်းတွေက ရေခဲပြင်တွေ လို ဖြစ်သွားတော့ လမ်းလျှောက်လျှင် နှင်းတွေလို မွမွ လေး မဟုတ်ဘဲ ချောနေလို့ နည်းနည်း သတိထားရတယ်။
နှင်း ကျ ထား တုန်းက ဖွေးပြီး လှနေသလောက် နှင်းအပြန်မှာတော့ လမ်းဘေးမှာ အခုလို ညစ်ပတ်နေတာပဲ။
ရေခဲပြင် ဖြစ်နေတဲ့ လမ်းတစ်လမ်း

5 comments:

Moe Cho Thinn said...

အားပါးပါး အေးလိုက်တာ။ ဒီမှာလဲ မိုးတွေ သည်းကြီး မည်းကြီး ရွာနေလို့ အေးရတဲ့အထဲ မိုးစိုစိစိ နဲ့မို့ စိတ်ညစ်နေတယ်။ ကြောင်လေးတွေလဲ ဖျားတဲ့ကောင် ဖျား။ ဒီမနက်ပဲ အလုပ်မလုပ်ခင် ဆေးတိုက်၊ အံဖတ်ကျူံးခဲ့ရသေး မီယာရေ။
ပုံတွေကြည့်ပြီး အဲဒီလို နှင်းက ရေခဲချောချောကြီး ဖြစ်သွားရင် သိပ်ချော်လဲ တတ်တာနော်။ သတိထား လမ်းလျှောက် ညီမရေ။

Anonymous said...

ခုတလော နှင်းတွေချည်းပါပဲလားဗျို့.. ချော်လဲဦးမယ်သတိထား..
ရေခဲတွေဖြစ်ကုန်တော့ ပျော်စရာတော့ အကောင်းသား..း)

ATN said...

ဟုတ်ပါ့ဗျာ... နှင်းပြန်တဲ့ အချိန်ဟာ စိတ်ပျက်ဖို့ အကောင်းဆုံးပဲ... လူတွေ ချော်လဲကြဆုံး အချိန်ပဲ...

ရွှန်းမီ said...

သြော်.. နှင်းတွေတောင် မဖွေးပဲ မည်းနေပြီ

tg.nwai said...

အော်...သခါင်္ရ..သင်္ခါရ..။ ဟိုတနေ့က နှင်းဖြူဖြူဖွေးဖွေးတွေက ခုတော့ဖြင့်...။ အဲဒီရေခဲပြင်ပေါ်မှာ လမ်းလျှောက်ရင်သတိထားရမယ်ထင်တယ်နော်..