ကိုရင်နော်တို့ သတိတရ တက်ဂ်လို့ ရေးထားပြီးသား ပို့စ်အဟောင်း တခုကို ပြန်တင်လိုက်ပါတယ်။
ကျွန်မတို့ အဖွားကို ဖီဖီ လို့ခေါ်ပါတယ်။ ဖီဖီ့ကို ဘယ်သူပဲ အိမ်မှာ လာမေးမေး ဖီဖီ မီးဖိုထဲမှာ လို့ ဖြေရတာချည်းပဲ။ ဘာလို့လည်း ဆိုတော့ ဖီဖီ့ကို တခြား ဘယ်နေရာမှ ရှာစရာ မလိုပါဘူး။ မီးဖိုထဲမှာပဲ တနေကုန် တအိမ်သားလုံး စားဖို့ ချက်ပြုတ် နေတာမို့ပါ။ ဧည့်သည်တွေ ကလည်း အိမ်လာလျှင် ဖီဖီ ရှိတတ်တဲ့ မီးဖိုထဲ တောက်လျှောက် ၀င်သွားတာပဲ။ ဖီဖီက သူ့ဧည့်သည်တွေကို မီးဖိုထဲမှာပဲ စကားပြောရင်း အရမ်းချိုတဲ့ ကော်ဖီနဲ့ ဧည့်ခံ တတ်ပါတယ်။ နေ့လည်စာ ဒါမှမဟုတ် ညနေစာ စားချိန်နဲ့ ကြုံနေလျှင်တော့ ဧည့်သည်ကို ရှိတဲ့ ထမင်းဟင်းနဲ့ ဧည့်ခံပါတယ်။ အပြန်မှာတော့ ဖီဖီ ကိုယ်တိုင် လုပ်ထားတဲ့ စားစရာတွေကို လက်ဆောင် ပြန်ထည့်ပေး တတ်ပါတယ်။
ဖီဖီဆုံးတာ ၉နှစ် ပြည့်တော့ပေမယ့် ဖီဖီ့ အကြောင်း အခုပြန်တွေးလျှင် အံ့သြစရာ တွေချည်းပဲ။ သားသမီး ခြောက်ယောက် မြေး တွေ တပုံကြီးနဲ့ မုဆိုးမ တယောက်ဖြစ်တဲ့ ဖီဖီ့ ဘ၀က မချောမွေ့ ခဲ့ပါဘူး။ အဖိုးဆုံးတော့ တန်ဖိုးရှိတာ ဘာတခုမှ မကျန်ခဲ့ပါဘူး။ ဒါပေမယ့်လည်း တခြား အမေတွေ အားလုံးလိုပဲ ဖီဖီက သားသမီးနဲ့ မြေးတွေကို သူ့အသက်ရှင်နေတဲ့ တလျှောက်လုံး အကောင်းဆုံးတွေပဲ ပေးနိုင်အောင် ကြိုးစားခဲ့တယ်။ သူတတ်ကျွမ်းတဲ့ ချက်ပြုတ်နည်းတွေနဲ့ မိသားစုကို ကျွေးမွေးတဲ့ အပြင် အာလူးကြော်၊ ဟင်းမွှေးမဆလာ၊ ဘာလချောင်ကြော်၊ သရက်သီး သနပ် စသဖြင့် လုပ်ပြီး တဖက်တလမ်း ကနေ ၀င်ငွေ ရအောင်လည်း ရှာရပါသေးတယ်။ ဖီဖီ့ရဲ့ ကိုယ်တိုင်လုပ် အစား အသောက်တွေက လူကြိုက်များပြီး ရောင်းရလည်း တွင်ကျယ် ပါတယ်။ ဘာတွေ များ အပို ထည့်ထားသလဲလို့ မေးယူရအောင် အရသာလည်း ရှိလှပါတယ်။ ဖီဖီကတော့ ပြုံးပြီး ဘာအပို ပစ္စည်းမှ မကူဘဲ သဘာဝအတိုင်းပဲ ချက်ပါတယ် လို့ အေးအေးလေး ပြန်ပြောလေ့ရှိပါတယ်။
ဖီဖီက မိသားစုကို အမြဲ ကာကွယ် စောင့်ရှောက် ပေးတယ်။ အားကိုးဖို့ ခံတပ်ကြီး လိုပဲ။ ကျွန်မတို့ရဲ့ ပျော်ရွှင်စရာနဲ့ စိတ်ညစ်စရာ တွေကို မျှဝေ ခံစားဖို့လည်း ဖီဖီက အားလုံး အတွက် အစဉ် အသင့် ရှိနေတတ်တယ်။ ကျွန်မတို့ ရယ်တဲ့ အခါ ငိုတဲ့ အခါ အောင်မြင်တဲ့ အခါ ကျရှုံးတဲ့ အခါ အချိန်မရွေး သူ့ နှလုံးသားထဲကနေ လှိုက်လှိုက် လှဲလှဲ အတူ လိုက်ခံစားပေးတယ်။ ဖီဖီက မီးဖိုချောင်ထဲမှာ တနေကုန်နေပြီး အိပ်ချိန်မှပဲ ထွက်လာတယ်။ မိသားစုစားဖို့ ထမင်းဟင်းချက်၊ ပြီးတာနဲ့ ဆေးကြော သန့်ရှင်းရေးလုပ်ပြီး မီးဖိုထဲ တနေကုန် နေနိုင်တဲ့ ဖီဖီ့ကို ကျွန်မတို့ ငယ်ငယ်က နားမလည်နိုင်ခဲ့ပါဘူး။
အခုတော့ တဖြေးဖြေးနဲ့ နားလည်လာသလိုပဲ။ ကျွန်မလည်း အားတဲ့ အချိန်ဆို မီးဖိုချောင်ထဲ ရောက်နေပြီ။ ဖီဖီ့လို တနေကုန် ချက်ပြုတ်ဖို့ မလိုပေမယ့် မီးဖိုထဲမှာ နေရင်း မိသားစုဝင်တွေကို သတိရ မေတ္တာပို့လိုက်၊ စာရေး စာဖတ်လုပ်လိုက်၊ တခါတလေ ၀မ်းနည်းလို့ ငိုချင်လျှင် ငိုလိုက်၊ စိတ်ပျော်တဲ့ အခါ တယောက်တည်း ပြုံးလိုက် လုပ်နေမိတယ်။ မီးဖိုချောင်က အနားယူတဲ့ နေရာ၊ မိသားစု ဆွေမျိုး နဲ့ သူငယ်ချင်းတွေကို ဧည့်ခံတဲ့ နေရာ၊ တယောက်တည်း တိတ်တိတ်လေး ဆုတောင်းတဲ့ နေရာ၊ ပြီးတော့ ချစ်ခင်သူတွေ အတွက် စားသောက်ဖွယ်ရာတွေ ကို စေတနာ မေတ္တာ အပြည့်အ၀နဲ့ ပြင်ဆင်တဲ့ နေရာ။ ဒါကြောင့်လည်း ဖီဖီက မီးဖိုချောင်ထဲ နေရတာ ပျော်တာ နေမှာ။

22 comments:
တို့ကတော့ကွန်ပြူတာရှေ့ပျော်တယ။် မီယာ။ ခက်တာဘဲ။ သမိုင်းထဲမပါတော့ဘဲနေတော့မယ်။
ချစ်မမ...
ကွန်ပြူတာပါ မီးဖိုထဲရွှေ့သင့်တယ် မမီယာ။
ဒါဆို..အကုန်ပြည့်စုံသွားပြီ။
သတိရနေတယ်အစ်မ။
အပေါ်ကတစ်ယောက် သမိုင်းထဲပါချင်..အဲဒီမှာမြေတစ်ကွက်လောက်ဝယ်လိုက်လေ။ အဟဲ။
ဖတ်ရှုသွားတယ်ဗျို့
that's why I took my notebook to the kitchen while I am cooking,then ...
.......................what was happening...?? I think I don't need to mention it ! ha ha ha..by the way r u karen ? u called ur granndma phee phee..
ဟုတ်ပါ့ ညီမအမေလည်း အမြဲမီးဖိုထဲမှာ။ နောက်တော့ ကိုယ့်အလှည့်လာတော့မယ်နဲ့တူတယ်။ အမမီယာ ပျော်ရင်ပြုံးလိုက် ဝမ်းနည်းရင်ငိုလိုက်လား။ အနားမှာချော့မည့်သူရှိပါတယ်လေ။ မမွန်ပြောသလို ကွန်ပြူတာလေးရွှေ့ထားလိုက်မလား အမ။
ွှအဖွားဖီဖီအကြောင်းလေးဖတ်သွားပါတယ်.. ကျွန်တော့်အဖွားလည်းအဲသလိုဘဲ.. မနက်နိုးတာတဲ့မီးဖိုထဲမှာ တစ်နေကုန်ချက်..စားချင်တာလုပ်ကျွေးတယ်..။
မမွန်ပြောတာကို ထောက်ခံသွားပါတယ်...
မီယာ့ ကွန်ပြူတာကို မီးဖိုချောင်ထဲသာရွှေ့လိုက်ပေတော့...း)
ယာယာ တော်တော်ဆိုး....
သံချောင်းမခေါက် ဘာမခေါက်ပါလားနော်..
;D
ကျေးဇူးအများကြီးတင်ပါတယ် ယာယာရေ..
ယာယာ့အဖွားလို အဖွားမျိုးရတာ ကံ အရမ်းကောင်းတာပေါ့..
ယာယာလည်း မီးဖိုထဲမှာ ပျော်တတ် လာပြီဆိုတော့... အင်း...
တို့တတွေ အသက်လေးရလာတဲ့ သဘောပေါ့ကွယ်.. နော့ ဟုတ်ဖူးလား..!! ;P
ခင်မင်စွာ ချစ်ခြင်းအားဖြင့်...
ကျနော်တို့အိမ်ကျတော့..အဖိုး
အဖိုးဟင်းချက်ဝါသနာပါတယ်..
အဖွားကအမိန့်သာထိုင်စားရတယ်..
မမီယာတို့မဖွားကို ဖီဖီလို့ခေါ်တော့..
အဖိုးကို ဖူဖူး လို့ခေါ်သလား..
ကရင်လူမျိုးတွေခေါ်တာလားမသိ..နော်
အဖွားကိုတောင် လွမ်းလာပြီ။
အဲဒီလို အဖွားမျိုးရခဲ့တာ မမီယာ ကံကောင်းတယ်နော်...
ကျွန်တော့် အဖွားကတော့ ဂျစ်ကားတစ်စင်းနဲ့ ပတ်နေတာပဲတဲ့။ ကြီးဒေါ်တွေ ပြောတာ ကြားဖူးတယ်။ :D
မီယာ့ ဖီဖီကို ချစ်လိုက်တာ။
နောက်ဆုံးအပိုဒ်လေး ဖတ်တော့ မျက်ရည်တောင် ၀ဲမိတယ်။ ဖီဖီနဲ့တူတဲ့ ချစ်စရာကောင်းလိုက်တဲ့ မြေးမလေး။
တို့တောင် မီးဖိုချောင်လေးကို ချစ်သွားပြီ။
မီယာရေ...
အဖွား အကြောင်းဖတ်ရတာ ချစ်စရာကောင်းလိုက်တာ... ပြီးတော့ လွမ်းစရာလေး...
စကားမစပ်.. ယုံမလားတော့ မသိ...
တို့ရဲ့ ကွန်ပျူတာက မီးဖိုထဲမှာပဲ ထားထားတာ...
တို့ရဲ့ ကွန်ပျူတာက အိပ်ခန်း တံခါးဘေးမှာ ၊ မီးဖိုချောင်ထဲကို အကုန်မြင်နေရတယ်...။
ဟင်းအိုးတင်ထားပြီးရင် ကွန်ပြူတာရှေ့ ပြန်လာပြီး စာ ဖတ်တယ်...။
ကွန်ပြူတာ ကြည့်မှုကြောင့် ဟင်း မတူးဖူးသေးဘူး....
superman တွေကိုလာပြန်ဖတ်သွားတယ်မီယာ
အမေကြီးကို လွမ်းသွားပြီ
ဖီဖီ့ မြေးမလေးက ချစ်စရာ
ရှေးလူကြီးတွေရဲ့ ရောင့်ရဲတင်းတိမ်နိုင်စွမ်းကို လေးစားမိပါတယ်။ နောက် သူတို့ရဲ့ မိသားစု အပေါ် ထားတဲ့ စေတနာ၊ နွေးထွေးမှုတွေကို လေးစားတယ်။
မဖတ်ရသေးတော့ အသစ်ပါပဲ
လေးစားလျက်
ဖီဖီ ကချစ်ဖို့ကောင်းလိုက်တာ။
ဖီဖီ့လက်ရာစားဖူးချင်လိုက်တာ။
မီယာရေ… ဒီပို့ စ်လေးက အမတို့ မိန်းခလေးတွေ ဘ၀ကို လှစ်ဟပြလိုက်သလိုပဲနော်… ဖီဖီက ချစ်စရာကောင်းလိုက်တာ… မီယာရေးတာလေးဖတ်ရုံနဲ့ တင် ဖီဖီ့ကို လွမ်းသွားမိတယ်...
အခုမှ ဖတ်ဖူးတယ် အမရေ...
အဖွားတွေကို မမှီလိုက်ပေမယ့် မီးဖိုထဲက အဒေါ်တွေကိုတော့ သတိရသွားတယ်
Post a Comment