Wednesday 17 June 2009

လူကြီးတွေအကြောင်း

မကြာခဏ အနီးအနား ပတ်ဝန်းကျင်က ကြားရတတ်တဲ့ လူကြီးတွေ အကြောင်း အမှတ်တရ ရေးထားချင်လို့ပါ။ ကိုယ်သူတို့ အရွယ်ရောက်ရင် သူတို့လို မဖြစ်ဘူးလို့ မပြောနိုင်ဘူး။

မသီတာရီရဲ့အဖွား
တက္ကသိုလ် ကျောင်းသူ အရွယ် မြေးမ နှစ်ယောက် ရှိပေမယ့် အသက် ၈၀ ကျော် အဖွားက အိမ်မှာ ဖုန်းလာရင် ဦးအောင် ပြေးကိုင်တယ်။ ချော်လဲလို့ အရိုးတွေ ဘာတွေ ကျိုးကုန်မှာ စိုးရိမ်လို့ အဖွားဆီ ဘယ်သူဆက်ဆက် ခေါ်ပေးပါ့မယ်လို့ မြေးတွေက ကတိ အခါအခါ ပေးရတယ်။

အန်တီတိုး
၃နှစ်အရွယ် သူ့မြေးမကို အန်တီတိုးလို့ပဲ သူ့ကို ခေါ်ရမယ်လို့ သင်ထားတယ်။ ကိုးရီးယားကား လာတဲ့ အချိန် တဦးတည်းသော မြေးမလေး တီဗီရှေ့ ဖြတ် လျှောက်မိလို့ကတော့ နေစရာ မရှိအောင် ဆူပစ်လိုက်တယ်။ ကလေး နားလည် မလည်တော့ မသိဘူး။ သူတော့ တော်တော် မောသွားတယ်တဲ့။

ဒေါ်ရသီရဲ့အမေ
တနေ့လုံး အိမ်မှာ သူတယောက်ထဲ ရှိနေပေမယ့် လူတွေ ပြန်ရောက်လို့ ညနေစာ ချက်ပြုတ်တဲ့ အချိန် ရောက်တာနဲ့ မီးဖိုအခန်း ကျဉ်းကျဉ်းလေးထဲ ကိုဝင်လာတယ်။ လက်ဖက်ရည် ဖျော်ဖို့လို့တဲ့။ သူနဲ့ တည့်တာဆို ခံတွင်း သိပ် မတွေ့တတ်ပေမယ့် fish & chips, burger, Chinese takeaway တွေကို တနေ့ တမျိုး မရိုး ရလေအောင် မှာစားတယ်။

မဒီရဲ့အဖေ
သူ့ သမီးတွေကို မတန်တရာ ရထားတယ်လို့ အောက်မေ့ပြီး ဘယ် သားမက်ကိုမှ ကြည့်မရဘူး။ အခွင့်ရတိုင်း သူ့လောက် ဘယ်သားမက် အလုပ် လုပ်နိုင်သလဲလို့ နှိုင်းယှဉ် တတ်သေးတယ်။ သမီးတွေနဲ့ သူတို့ ယောကျာ်းတွေ စိတ် အခန့်မသင့်လို့ ရံဖန်ရံခါ စကား များတဲ့ အခါ ဒီကောင်တွေကို မြန်မြန် ကန်ထုတ် ပစ်လိုက်တာ အကောင်းဆုံးပဲ လို့ အကြံဥာဏ် ပေးတတ်တယ်။

အန်တီဘူး
တအိမ်ထဲ ပြေးကြည့်မှ ဒီ နှစ်ယောက်ထဲ ရှိပေမယ့် အတူနေတဲ့ ညီမကို စိတ်ဆိုးရင် စကား မပြောဘဲ နေတယ်။ စိတ်ဆိုးရခြင်း အကြောင်း တချို့က ကြမ်းပေါ် ကျတဲ့ မုန့် အစ အနတွေကို ပြန်မကောက်လို့၊ နောက်တနေ့ အစီအစဉ် လာနေတုန်း တီဗီ ပိတ်လိုက်လို့၊ ရုပ်ရှင် ပြနေတုန်း စကားတွေပြောလို့ စတာတွေကြောင့်ပါ။

အန်ကယ်UTH
အသက် ၈၀ ရောက်လို့ အိမ်မှာ သားသမီးတွေ ၀ိုင်းလုပ်တဲ့သူတွေ တပုံကြီး ရှိပေမယ့် တအိမ်လုံး အတွက် ရေခံတဲ့ အလုပ်ကို ကိုယ်တိုင် လုပ်တယ်။ မီးလာတဲ့ အချိန် ထပြီး သူများတွေ ရေစက် အားကောင်းကောင်းနဲ့ ဆွဲမသွားခင် ဇွဲရှိရှိနဲ့ မအိပ်ဘဲ ညတိုင်း စောင့်ပြီး ရေခံတယ်။

ဒေါက်တာ ရပ်ဂ်ျ
လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်လောက်က သူ့ အတွေ့ အကြုံတွေကို ထပ်ခါ တလဲလဲ ပြောပြတယ်။ အကြမ်းဖျဉ်း ပြောတာ မဟုတ်ဘူး။ အသေးစိတ်ကို ပုံဖော်ပြောတာ ရုပ်ရှင်ထဲကလို စလိုးမိုးရှင်းနဲ့ နောက်ကြောင်းပြန် သလိုပဲ။ ယဉ်ကျေးသမှုနဲ့ သူများ အကြောင်း မေးပြီး စကား ဆုံးအောင် မစောင့်ဘဲ သူ့ အကြောင်းပဲ ပြန် ရောက်သွားပြန်ရော။

မေရီနဲ့ဒေးဗစ်
ဧည့်သည်တွေကို အရှေ့မှာ ထားပြီး တယောက်နဲ့ တယောက် မနားတမ်း ပါးစပ် သေနတ်ပစ်တယ်။ ဧည့်သည်တွေက အစားပဲ ငုံ့စားရမလား မျက်နှာပဲ လွှဲထားရမလား မသိအောင် အနေရ ခက်သလောက် သူတို့ကတော့ တလောကလုံးမှာ သူတို့ နှစ်ယောက်ပဲ ရှိနေတဲ့ ပုံစံမျိုးနဲ့ ရန်ဖြစ်တာ သူတို့ရဲ့ trademark တခုလို ဖြစ်နေပြီ။ နှစ်ယောက်လုံး ၇၀ ကျော်ပြီ။ ပုံစံ မပြောင်းဘဲ ဆက်လက် ချီတက်တုန်း။

21 comments:

MANORHARY said...

မီယာ
ဖတ်တယ်
ပြုံးတယ်
ကိုယ့်မှာလည်းရေးစရာအများကြီးသိလား
သို့သော်လည်း ကိုယ့်မှာက နီးရာဓားကြောက် ရတယ်
း(း(း(
အဲဒီတိုင်းပဲ ဆိုတာထက်ပိုကြပါတယ်
(လူကြီးတွေပြောပါတယ်။)
ကိုယ့်အလှည့်ကျ မဖြစ်အောင် ကြိုးစားရမှာတွေ သိပ်များတာပဲနော်း)

ThuHninSee said...

ရှာရှာဖွေဖွေ မမီယာရယ်။ မြင်တတ်တယ်။
အဟိ မေရီနဲ့ဒေးဗစ်လိုနေရာကို ယူထားလိုက်ပြီ။
အခုကတည်းက ဒီအတိုင်းပဲ။

PAUK said...

မမီယာကရော..လူကြီးဖြစ်လာရင်
ဘယ်လိုဖြစ်နေမလဲ ငှင်...
ကျနော်ကတော့ မတွေးရဲဘူး..
ကျနော့်အဖိုးလဲဒေါက်တာ ရပ်ဂ်ျ လို
သူတို့ခေတ်အကြောင်း သိပ်ပြောတတ်တာပဲ...
အဖိုးဆုံးတာ ၂နှစ်ကျော်ပ်ါပြီ..

မွန် said...

သူတို့တွေ ချစ်ဖို့လည်းကောင်း
ပြုံးဖို့လဲကောင်း
တခါတလေ စိတ်မရှည်လို့ အသည်းယားဖို့လဲကောင်းတယ်
မွန်ကတော့ ကိုယ့်အလှည့်ကျရင်လဲ သူတို့လိုပဲ ဖြစ်ချင်တယ်
သူတို့တွေ ဒီလိုဆိုးနိုင်သေးတာ အားကျစရာပါ

မမသီရိ said...

အသက် ၈၀ သာ ကျော်လို့ကတော့..
- ဖုန်း လဲဦးအောင်ပြေးကိုင်မှာ
- မြေးတွေနဲ့လဲ ရန်ဖြစ်မှာ
- တလောကလုံးရဲ့အတင်းလဲ တုပ်အုံးမှာ..
- တအိမ်လုံးက အလုပ်တွေကိုယ်လုပ်မှပဲ
ပြီးတယ်လို့ လာသမျှလူတွေကိုပြောအုံးမှာ
- ဒီခေတ်ကလေးတွေ က ဆိုးကို ဆိုးပါတယ် လို့
မဲ့ကာ ရွဲ့ ကာ ပြောအုံးမှာ...း)

စိတ်ကူးကောင်းလေး ပါ မီယာရေ..း)

ATN said...

း)))))
မီယာတယောက် အတင်းတွေ တုပ်နေပါလား...း)
ကိုယ် အသက် ၈၀ လောက်ရောက်ရင် ဘယ်လိုနေမလဲ တွေးကြည့်မိသွားတယ်...

JuneOne said...

တို့ဆိုအခုကတည်းကပွစိပွစိပြောနေတော့ အသက်ကြီးလာရင်မြေးတွေကအနားတောင်ကပ်ပါ့မလား။

nu-san said...

မမီယာရေ.. ကျနော်အဘွားလည်း အသက် ၈၀ ရှိပြီ။ မျက်စေ့ထဲ တွေ့တဲ့သူ မှန်သမျှ စိတ်တိုင်းကျတယ် မရှိဘူး.. ဟိုဟာလုပ်ပြန်ပြီ။ ဒါလုပ်ပြန်ပြီနဲ့.. ပြောနေရော.. ပြောမယ့်သာ ပြောရတာ.. ကိုယ်တွေလည်း အသက်ကြီးလာရင် ဘယ်လိုဖြစ်လာမလဲဆိုတာ မတွေးတတ်သေးဘူး.... :) အသက် ၇၀ လောက်အထိတောင် နေရပါ့မလားပဲ..

sonata-cantata said...

တသက်လုံး ကောက်လာတာဆိုတော့
အင်း...အသက်တွေသာကြီးလာမယ်
တနည်းမဟုတ် တနည်းတော့ ကြံဖန်ကောက်နေဦးမှာပါပဲ...
ဟိုလူကြီးကလည်း ကောက်နေမှန်းမသိ ဘာမှန်းမသိ
နေသာသလိုကြီး နေဦးမှာပါပဲ...အင်းးး

မေငြိမ်း said...

ချစ်စရာကောင်းတဲ့ post လေးပဲ.. ဒါက နောင်အနှစ် ၄၀ကျော်သောအခါပေါ့..။ အမထင်တယ်.. အဲလိုဖြစ်တာကိုတော့ ထိန်းတာတို့ ပြင်တာတို့ လုပ်မရဘူးထင်တယ်။ သူက အသက်အရွယ်အရဖြစ်တယဆိုတော့လေ..။ ကိုယ့်ဘာသာဖြစ်နေတာတောင် သိရှာမယ်မထင်ဘူး။
တခုပဲ ဆုတောင်းရမယ်.. ကိုယ့်ကို သားသမီးမြေးမြစ်နဲ့ ပတ်ဝန်းကျင်က သည်းခံ ချစ်ခင်ကြပါစေလို့ .. :D

khin oo may said...

17 Jun 09, 12:39

kom: အမြင်မတော်လဲပြောကြပါကွယ်။ ကြည့်မနေကြပါနဲ့ (

17 Jun 09, 12:39
kom: အင်းလေ. အဲသလိုမဖြစ်စေချင်လို့ မှတ်တမ်းတင်ထားတာဘဲ။

17 Jun 09, 12:39
kom: တယ်ဆိုးပါလား. သေချာမှတ်ထားတာကိုး

17 Jun 09, 12:38
kom: kom: အန်တီလို့ခေါ်ရင်ဘယ်လိုစိတ်ဆိုးမှန်းမသိဘ

Moe Cho Thinn said...

ရေးထားတာလေး သိပ်လှတယ် မီယာ..
တို့လဲ အန်တီတိုးလို ဖြစ်မလား မသိ။
တူ တူမတွေ မြေးတွေ သည်းခံကြပါစေလို့သာ ဆုတောင်းရမှာပါပဲ။

ဒါပေမဲ့လဲ အဲဒီလောက် ကြီးကြီး မနေချင်တာ အမှန်ပဲ။ ၄၅ လောက်ဆို တော်ပါပြီ။ ကလေးတွေ ငြိုငြင်၊ ကိုယ်ကလဲ အို၊ ရောဂါတွေကများ၊ ကိုယ့်အား ကိုယ် မကိုးနိုင်တဲ့ဘ၀မျိုး ဖြစ်မှာ ကြောက်မိလို့။ သွားမဲ့သွား ကိုယ်ပဲ အရင် သွားချင်တယ်။ စိတ်သိပ်နုတယ်။ :)

Mae said...

အိမ်မှာလဲ သိပ်စည်းကမ်းကြီး စနစ်ကြီးတဲ့ .. ခါးနာပေမယ့် ပန်းပင်စိုက်တဲ့.. အလှသိပ်ကြိုက်တဲ့.. အိပ်ခါနီး လေ့ကျင့်ခန်းလုပ်တဲ့ အဖွားရယ်

၉၆ကျော်ပေမယ့် စီးပွားရေးလုပ်မယ်ပဲ ပြောတဲ့ အဖိုးရယ်..

တခါတခါ ခိုးရီမိပေမယ့် ချစ်လဲချစ်လို့ အလိုလဲ လိုက်မိပါတယ်၊ ကိုယ်တော့ ဘာပုံဖြစ်မလဲ မသိပါဘူး

မမ မိုးချိုသင်းလိုပဲ ၄၅ လောက်ဆိုတော်ပြီလို့ တွေးမိတယ်၊

မောင် said...

လူကြီးတွေ အသက် ကြီးလာ၇င် စိတ်အားငယ်တတ် ကြတယ်...သူတို့ ကို ဂ၇ုစိုက်တာ လိုချင်တယ်... သူတို့ကို သည်းခံပြီး ပြုစု သင့် ပါတယ်...
ကျွန်တော်ကတော့ သူတို့ အ၇င်က အကြောင်းတွေ ပြောတာကို စိတ်၇ှည်လက်၇ှည် နားထောင် ပေးတယ်...အဘိုးက ၈၉ အဘွားက ၈၃ ...၂ ယောက်လုံး စိတ်ထား အ၇မ်းကောင်းကြတယ်...

သက်ဝေ said...

ရေးထားတာ ချစ်စရာ...
အင်း.. ကိုယ်လဲတွေးမိတယ်...
အသက်ကြီးလာရင် နေထိုင်နည်းအကြောင်းပေါ့...။
ဟုတ် မဟုတ်၊ ဖြစ် မဖြစ်ဖူးတော့ သေသေချာချာ မပြောနိုင်ဘူး.. သို့သော် ကိုယ်ကတော့ စာအုပ်တွေတပုံကြီးနဲ့ တိတ်တိတ်ဆိတ်ဆိတ် နေမယ်လို့ စဉ်းစားထားတာပဲ...။ မျက်စေ့ကောင်းကောင်းနဲ့ စာတွေဖတ်နိုင်ဖို့တော့ လိုတာပေါ့နော်... မဟုတ်လို့ကတော့ မတွေးရဲဘူး...။

စကားမစပ်... ချိုသင်းရဲ့ Limit က ၄၅ နှစ်ဆိုပါလား... မေကလဲ ထောက်ခံနေတယ်... (ကိုယ်ဘယ်လိုလုပ်ရမလဲ မီယာရေ... မမ ခင်ဦးမေတို့ အမ မေငြိမ်းတို့ အမ ခင်မင်းဇော်တို့ကို ပြေးပြီး စစ်ကူခေါ်မှထင်တယ်...)

တန်ခူး said...

မီယာရေ… ဖတ်လို့ ကောင်းလိုက်တာ ညီမရယ်… ဟိုတနေ့ ကပဲ အင်တာနက်ပေါ်က လူမင်းရဲ့ အိုပယ်ဆိုတဲ့ ကားလေးကြည့်ထားတာ… တို့ မေမေဘက်က အဖိုးနဲ့ အဖွားကတော့ ၈၆ နဲ့ ၈၄ မှာ ဆုံးသွားကြတယ်… စကားများတဲ့ တို့ ကို သိပ်မချစ်ကြဘူး… ဖေဖေ့အဖေက ၈၅… ခုထိ အနားမှာ အိပ်ဆောင်မှန်လေးထားပြီး ခေါင်းလေးကို ကျော့နေအောင်ဖီးတုန်း… ရှပ်အကျီင်္အဖြူလေးကို သပ်သပ်ရပ်ရပ် အမြဲဝတ်တယ်…တွေ့ ရင် ၁နာရီလောက် ဆုံးမစကားပြောတာပဲ… နဲနဲပျင်းတယ်… ဟိဟိ

ThuHninSee said...

အစ်မတို့ရယ် ၄၅ဆိုတာ အငယ်လေးရှိပါသေးတယ်။
၆၅လောက်မှ လုပ်ပါ။

ပန်းခရမ်းပြာ said...

ဖတ်ပြီး ပြုံးမိတယ် မီယာရေ။
ဒို့အဖေကတော့ မသီတာရီရဲ့အဖွားလို ဖုန်းလာရင် ဦးအောင် ပြေးကိုင်တယ်။
အန်ကယ်UTH လိုလဲလုပ်တယ်။ ရေစက်ကို သူတယောက်ပဲ မောင်းမယ်။ တခြားသူကိုင်တာ မကြိုက်။
ဒေါက်တာ ရပ်ဂ်ျလို ထပ်ခါ တလဲလဲ ပြောတတ်သေးတယ်။
ကိုယ်လည်း အသက်ကြီးလာရင် ဒီထက် ဆိုးမှာလား မသိနိုင်ဘူးနော်။
ဒီဘလော့ကိုတော့ အဖေ လာမဖတ်လောက်ဘူးထင်ပြီး သူ့အတင်းတွေ ပြောလိုက်ပြီ။

tg.nwai said...

မီယာပို့စ်လေးဖတ်ရတာ သဘောကျတယ်..။ တို့လည်း ကြီးလာရင် လက်ရှိပုံစံအတိုင်း ဆူပူနေရင်တော့ မြေးတွေလည်း အနားကပ်မယ်မထင်ဘူး..အဲဒီအခါ သဇင်ဆောင်ကအကြောင်းတွေပြန်ပြောမိရင်. အပ်ကြောင်းထပ်နေပြီလို့ ပြောကြမလားမသိ..အိမ်က လူကြီးနဲ့လည်း တကျက်ကျက်ဖြစ်နေမလား..ဒါမှ မဟုတ်.. ကြည့်လက်စ ချန်နယ်ကိုပြောင်းပစ်လို့ စိတ်ကောက်နေမှာလား...အမလေး..အတွေးတွေပို ပူနေရတဲ့အထဲ..မချိုသင်းတို့က ၄၅-နှစ်လောက်တဲ့..ဘုရား..ဘုရား..သူများတွေကြားတောင်... ယမမ တော့ (ရှူး..သိသွားမစိုးလို့) မကြားပါစေနဲ့..:)

ခင်မင်းဇော် said...

ဟင့် ချိုသင်း ချိုသင်းးးးး
၄၅နှစ်ထဲဆိုတော့ တို့တွေ ဘယ်လိုပြောရပါ့..
အသက်ရှည်ရှည်တော့ နေချင်သေးတယ်။ ဒါပေမယ့် ပွစိပွစိ တို့ကို ဘယ်သူမှ စိတ်မရှည်မှာလဲ စိုးရိမ်တယ်။
သားသမီးမြေးမြစ်တွေ အလိုက်သိ သည်းခံချစ်ခင်လေးစားပါစေ လို့ ဆုတောင်းနေမိပါတယ်။

Anonymous said...

သူများမျက်ချေးပဲ ကြည့်မနေနဲ့ဦး ကိုယ့်မျက်ချေးလဲ ကိုယ်ပြန်ကြည့်ပါဗျို့ အဟီးဟီး