Wednesday 5 August 2009

ခုတလော

မနော် tag လို့ ရေးပါတယ်။ ရေးစရာ တခု ရသွားလို့ အတော်ပါပဲ။

ခုတလော


တွေးနေမိတာက

ဘ၀ = ရုန်းကန်ခြင်း

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ကိုယ်ခန္ဓာ အချိုးအစား မညီမျှတော့ဘူး

ကျန်းမာရေး
သွားတချောင်း ပြောင်းပြန် ပေါက်နေတယ် ထင်တာပဲ (နဲနဲနာတယ်)

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဟိုတအုပ် ဒီတအုပ်နဲ့။ အသစ်တွေကလည်း ထွက်လိုက်တာ

ရောက်နေဖြစ်တာက
ဘလော့ရွာ

ရေးဖြစ်နေတာက
စာစီစာကုံး

နားထောင်ဖြစ်နေတာက
ထူးအိမ်သင် (ဘုရားသခင် ဘာလို့များ သူ့ကို စောစော ခေါ်သွားတာလဲ)

ရွတ်နေမိတဲ့ကဗျာက

The Brook

ဖြစ်ချင်နေတာက
မသင်ရဘဲ ရေကူးတတ်တဲ့ ငါး

စားဖြစ်နေတတ်တာက
သိပ်မ၀ါးရတဲ့ ခပ်ပျော့ပျော့ အစာတွေပေါ့

သနားနေမိတာက
ဘာလို့ သူ့ကို ထားခဲ့ကြ တာလဲလို့ မေးတဲ့ တဦးတည်းသော တူမလေး

လွမ်းနေမိတာက

တဦးတည်းသော တူမလေးနဲ့ ဆော့ကစားခဲ့တဲ့ အချိန်တွေ

မေ့လျော့ပစ်နေမိတာက
ခေါင်းပုံဖြတ်သူ လူတစု

ခါးသက်နေမိတာက
ကိုယ် တထွာဆို သူ တတောင် လိုက်ရွေ့တဲ့ မှတ်တိုင် (ပန်းတိုင်)

တမ်းတနေမိတာက
အပူအပင်ကင်းတဲ့ ကလေးလေးဘဝ

ကြိတ်ပြီးချီးကျူးနေမိတာက
ဝမရှိဘဲ ၀ိလုပ်ဖို့ သတ္တိရှိသူ

ဆန္ဒမရှိတဲ့နေရာ
စိတ် ကျဉ်းကျပ် ရတဲ့ နေရာ

ဆန္ဒရှိနေတဲ့ကိစ္စ
ပို့စ်တွေ တခုပြီးတခု ရေးချင်ပါတယ်

မုန်းတီးနေမိတာက
ပါဝါပြသူတွေ (အနားမှာ တပုံကြီး ရှိတယ် သိလား)

ချစ်နေတာက
ပန်းကလေးတွေ

စိတ်ပျက်နေမိတာက
ခံယူချက်ချင်း မတူသူတွေရဲ့ ယုံကြည်ချက်တွေ

စွဲလန်းနေမိတာက
မုန့်ဟင်းခါးလေ ဘယ်နေရာ ရောက်ရောက် သတိရတာ

လိုအပ်နေတာက
ကိုယ်ပိုင် နေရာ တခု

တောင်းနေမိတဲ့ဆု
တောင်းတိုင်းပေးနိုင်ရပါလို၏

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဘာကြောင့်??????

ဝန်ခံချင်တာက
အင်္ကျီတွေ လျှော်လို့ ကျုံ့သွားတာ မဟုတ်ပါဘူး

ထပ် မတက်ဂ်တော့ပါဘူး။ ရေးတာ နောက်ကျနေပြီဆိုတော့ ကိုယ်တက်ဂ်ချင်တဲ့သူတွေ သူများ တက်ဂ်ထားလောက်ပြီထင်ပါတယ်။

10 comments:

မမသီရိ said...

ချစ်နေတာက
ပန်းကလေးတွေ

မမနဲ့ တူတယ်..း)

sonata-cantata said...

ယုံပါတယ် မီယာရေ့..
ဒီမှာလည်း အင်္ကျီတင်မက လုံချည်တွေကလည်း ပေါင်တခြမ်းဖုံးအောင်မနည်း ဆွဲဝတ်နေရလို့။

ZT said...

မီးပူတိုက်လိုက်လို့ ကျုံ့သွားတာလားဟင်။ :D

MANORHARY said...

တချို့အကျီ င်္တွေက အဲလိုပဲ ရုန်းတတ်တယ်မီယား)
တချို့ကျတော့လည်း ကျယ်ထွက်လာတတ်တယ်း((
ရာသီအလိုက်ပေါ့...
မုန့်ဟင်းခါးကိုတော့ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာရာမှာ ဘယ်လိုအနေအထားနဲ့တွေ့တွေ့
အလွတ်မပေးနိုင်ပါဘူး...း))
ကျေးဇူးပါ...အုံနဲ့ကျင်းနဲ့အကုန်ရေးကြ ပြန်တက်ဂ်ကြမို့
ပျော်စရာကောင်းလို့ပါ
မီယာ့အတွေးလေးတွေလည်းကောင်းတယ်။

PAUK said...

မုန့်ဟင်းခါး ..ကျနော်လဲ ကြိုက်တယ်..

JulyDream said...

အ၀တ်တွေက လျှော်လို့ ကျုံ့တာ မဟုတ်ဘူးတော့... အစားများလို့ ကျုံ့သွားတာပဲ ဖြစ်မယ်။

ဘာကြောင့်များလဲ... ဘာကြောင့်များလဲ...

တန်ခူး said...

အံဆုံးပေါက်နေတာလား ညီမရေ… ခံရခက်တယ်နော်… အိမ်လာလည်လေ.. မုန့် ဟင်းခါး ချက်ကျွေးမယ်… ပြီးတော့ ချစ်တဲ့ပန်းလေးတွေ လက်ဆောင်ပေးမယ်… အခု အမခြံပုစိလေးထဲ နှင်းဆီနီလေးတပွင့်ဖူးနေတယ်…

rose of sharon said...

စွဲလန်းနေမိတာကမုန့်ဟင်းခါး... ဒို့ရောဘဲ... ဝန်ခံချင်တာလဲတူနေတယ်...

ခင်မင်းဇော် said...

အခုမှ အံဆုံးပေါက်တယ်ဆိုတော့ မီယာက တော်တော်ငယ်သေးတာပဲ....
အားငယ်လိုက်ထာ..... ကိုယ် အသက်ကြီးပြီ....

ရွှန်းမီ said...

ရွှန်းမီက ခုမှ တက်မလို့.. ရေးပြီးနေတာကိုး =)